အဆိုတော်မိုးမိုးဟာ ဂီတလောကမှာတော့ Pop သီချင်းတွေသီဆိုရင်း ပရိသတ်အားပေးမှုတွေကို လက်ခံရရှိခဲ့ပါတယ်။ မိုးမိုးရဲ့ ပြန်တွေးကြည့် သီချင်းဟာ ပရိသတ်တော်တော်များများလက်ခံခဲ့တဲ့ သီချင်းတွေဖြစ်ပြီး ထိုသီချင်းခွေမှာပါဝင်တဲ့ သီချင်းတော်တော်များများဟာ လူငယ်ပရိသတ်တွေကြားအင်မတန်ရေပန်းစားခဲ့တဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။
အဆိုတော်မိုးမိုးဟာ ပထမ အိမ်ထောင်ရေးနဲ့ သား (၂) ယောက် မွေးဖွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇနီးဖြစ်သူ မြတ်ပီတိမိုးနဲ့အတူ သမီးလေးတစ်ဦးကိုပါ ရရှိပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ အဆိုတော် မိုးမိုးဟာ သား (၂) ယောက်ကို တွေ့ဆုံခွင့်ရဖို့ကြိုးစားနေတဲ့အကြောင်း မကြာခဏ ပြောကြားလေ့ရှိပါတယ်။ လက်ရှိမှာလည်း ဇနီးဖြစ်သူ မြတ်ပီတိမိုးဟာ အဆိုတော်မိုးမိုးအတွက် နောက်ထပ်ရင်သွေးလေးတစ်ယောက်ကို လွယ်ထားရပြီဖြစ်ပါတယ်။
မြန်မာတို့ရဲ့ သီတင်းကျွတ်ကာလပွဲတော်မှာပြုလုပ်ကျင်းပတဲ့ ပျဉ်းမနားမြို့က နှစ်တစ်ရာပြည့် နှင့် နှစ်ကျိတ်ရှစ်ဆူ ဘုရားများ လှည့်လည်အပူဇော်ခံပွဲ မှာတော့ အဆိုတော် မိုးမိုးတစ်ယောက်က ပါဝင်သီဆိုဖျော်ဖြေနေတာဖြစ်ပါတယ်။ ရန်ကုန်ကနေ ပျဉ်းမနားထိ သွားရောက်ဖျော်ဖြေရတဲ့ ဒီပွဲကိုတော့ မိုးမိုးရဲ့ ဇနီးဖြစ်သူ မြတ်ပီတိမိုးနဲ့ သမီးလေးတို့ပါ မိုးမိုးနဲ့အတူ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ မိုးမိုးကတော့ယခုလို လိုက်လာပြီးပါရမီဖြည့်ပေးတဲ့ ဇနီးနဲ့သမီးလေးကို အားတင်းထားဖို့အားပေးစကားပြောလိုက်ပါတယ်။
မိုးမိုးကတော့ “အဖေဖြစ်သူနဲ့ အိမ်ဦးနတ်သွားရာ မညည်းမညူ လိုက်ပါ ပါရမီဖြည့်ပေးကြသော အသည်းတုံးကြီးနဲ့ အသည်းတုံးလေးရေ ဒီနေ့ ဆိုပြီးရင် ပြီးပါပြီနော် အိမ်ပြန်ကြမယ်ဟေ့ 😘😘😘” လို့ ဇနီးသည်နဲ့ သမီးလေးကို အားပေးစကားပြောကြားထားတာဖြစ်ပါတယ်။We Love Cele
Photos-Moe Moe