သရုပ်ဆောင်အဆိုတော် ထွန်းထွန်းဟာ သရုပ်ဆောင်ပိုင်းမှာကျွမ်းကျင်ရုံတင်မကဘဲ အဆိုပိုင်းမှာပါ နာမည်ကြီးတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ Examplez အဖွဲ့နဲ့အတူ သီချင်းပေါင်းမြောက်များစွာ သီဆိုပြီး အောင်မြင်လာတဲ့ ထွန်းထွန်းဟာ သရုပ်ဆောင်ပိုင်းမှာပါ အလိုအပိုမရှိ သရုပ်ဆောင်နိုင်သူလို့ ချီးကျူးခဲ့ကြရပါတယ်။
မကြာသေးခင်ကမှ ပရိသတ်တွေပေးတဲ့အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့ ထွန်းထွန်းဟာ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်တာ လျော့နည်းလာခဲ့ပါတယ်။ ယခုအချိန်ထိ လူပျိုကြီးဘဝနဲ့ပဲ အရိုးထုတ်နေတာဖြစ်ပေမယ့် ချစ်ရတဲ့ ချစ်သူလေးရဲ့ ပုံရိပ်လေးတွေကိုတော့ မကြာခဏ ဖော်ပြတတ်သူလည်းဖြစ်ပါတယ်။
ယနေ့ သီတင်းကျွတ်လပြည့်ညလေးမှာတော့ ချစ်ရတဲ့ချစ်သူလေးနဲ့ သီတင်းကျွတ်ဆီမီးမျောနေတဲ့ပုံ၇ိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ တင်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ချစ်သူလေးနဲ့ သီတင်းကျွတ်ညလေးတွေကို ဖြတ်သန်းနေတဲ့ ထွန်းထွန်းရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။We Love Cele
Photos-Tun Tun