Beauty Blogger လို့ လူသိများလာတဲ့ နေခြည်ဦးဟာ အနုပညာလောကထဲကို တစတစနဲ့ တိုးနှင်းဝင်ရောက်လာခဲ့ပါတယ်။
Makeup Tutorial တွေနဲ့ မိန်းကလေး ပရိသတ်တွေအကြား အောင်မြင်မှု ခိုင်ခိုင်မာမာ ရရှိထားတဲ့ နေခြည်ဦးဟာ လက်ရှိမှာတော့ ရုပ်ရှင်ကားကြီးတွေကို ရိုက်ကူးနေပါတယ်။ Beauty Blogger မှတဆင့် အနုပညာလောကထကို ဝင်ရောက်လာတဲ့ နေခြည်ဦးဟာ အားပေးသူ ပရိသတ်တွေလည်း အများသားဖြစ်ခဲ့ပါတယ်။
မကြာသေးခင်ကမှ နိုင်ငံကျော် မင်းသမီးဝတ်မှုန်ရွှေရည်နဲ့အတူ Paris Fashion Week ကိုတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ သူမဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်သူပီပီ သူမကြိုက်နှစ်သက်တဲ့ ခွဲစိတ်ပြုပြင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း အမြဲ မျှဝေပြောပြလေ့ရှိသူလည်းဖြစ်ပါသေးတယ်။
မြန်မာတို့ရဲ့ သီတင်းကျွတ်ကာလအချိန်အခါမှာ မိသားစုတွေအမြဲစုံစုံညီညီတွေ့ရလေ့ရှိပြီး လူကြီးမိဘများကို ပြန်လည်ကန်တော့ကြတာ မြန်မာ့ဓလေ့ထုံးစံလည်းဖြစ်ပါတယ်။ နေခြည်ဦးကတော့ သီတင်းကျွတ်ဓလေ့ထုံးတမ်းလေးနဲ့ပတ်သက်ပြီး သူမရင်ကိုထိခိုက်စေတဲ့ ပုံရိပ်လေးတစ်ပုံကို ဖော်ပြပေးလိုက်ပါတယ်။
နေခြည်ဦးရင်ကို ထိခိုက်စေခဲ့တဲ့ ပုံရိပ်လေး
ထိုပုံရိပ်လေးမှာတော့ နေခြည်ဦးက ” အရာရာက မောပန်းနွမ်းလျနေတယ် တစ်ယောက်တည်းနေရတာကြာလာတော့ လန်းဆန်းသစ်လွင်မှုကို မမက်မောတော့ပါဘူး ဒါပေမယ့် မရှိမဲ့ရှိမဲ့ စုဘူးလေးကိုတော့ ခွဲပြီး သီတင်းကျွတ်မုန့်ဖိုးပေးဖို့ သူမ စောင့်နေရှာတယ် ဖယောင်းတိုင်မီးစာလေးက ကြမ်းပြင်ထိသွားပေမယ့် ဒီနှစ်လည်း လက်ထဲမှာ ငွေစက္ကူအနွမ်းလေးတွေ ကျန်နေသေးတုန်းပါဘဲ (ဒီပုံလေးကို အရမ်းကြိုက်လို့ ရင်ထဲကခံစားရတာလေး ရေးလိုက်တာပါ။ သီတင်းကျွတ်မှာ လူကြီးမိဘတွေကို တွေ့ဆုံဖို့ အချိန်လေးပေးလိုက်ရအောင်နော်)” လို့ ရင်ထဲကစကားလေးတွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။We Love Cele
Source-Nay Chi Oo