ပြည်သူချစ်သရုပ်ဆောင် မြင့်မြတ်ဟာ ကျရာဇာတ်ရုပ်အပေါ်မှာ စိတ်ရောကိုယ်ပါနစ်ပြီး တစ်ထပ်တည်းကျအောင် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်ဦးပါ။ ဇာတ်လမ်းရဲ့ လိုအပ်ချက်အတိုင်း မိမိကိုယ်ကို ပြုပြင်ပြောင်းလဲပြီး အကောင်းဆုံးသရုပ်ဆောင်နိုင်သူဆိုလဲ မမှားပါဘူး။ ဇာတ်ကြမ်းဆိုလဲ ဇာတ်ကြမ်း၊ ဟာသဆိုလဲ ဟာသ၊ ဒရမ်မာဆိုလဲ ဒရမ်မာ အတိုင်း တိတိကျကျ သရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ နိုင်ငံအနှံ့အပြားမှာ အများအပြားရှိနေပါတယ်။
မြင့်မြတ်ဟာ သရုပ်ဆောင်ကောင်းတာအပြင် သူ့ရဲ့ အေးချမ်းလှတဲ့ စိတ်ထားကြောင့်လဲ ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားလှပါတယ်။ အနေအေးလွန်းလှတဲ့ မြင့်မြတ်ဟာ ပရိသတ်တွေအပေါ်မှာသာမက သူရဲ့လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာလဲ မိသားစုစိတ်ဓာတ်အပြည့်အဝ ထားရှိသူတစ်ဦးပါ။
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့က ရှုတင်ရိုက်ကွင်းတစ်ခုမှာ ရှုတင်အဖွဲ့သားတွေက မြင့်မြတ်ကို သီတင်းကျွတ်ကန်တော့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြင့်မြတ်ကတော့ သူ့ထက်အသက်ကြီးသူတွေပါနေမှာစိုးတဲ့အတွက် ကန်တော့မခံပါဘူး။ ရှုတင်အဖွဲ့သားတွေက အတင်းတောင်းဆိုတော့မှ ကန်တော့ခံခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ကလဲ ရှုတင်အဖွဲ့သားတွေကို ပြန်ပြီးထိုင်ကန်တော့ခဲ့ပါတယ်။ ရှုတင်အဖွဲ့သားတွေကလဲ မြင့်မြတ်ဆီက သီတင်းကျွတ်မုန့်ဖိုးတွေ ပြန်ရလို့ အရမ်းတွေပျော်နေကြတာကို တွေ့ရပါတယ်။
သီတင်းကျွတ်ကန်တော့တဲ့ ရှုတင်အဖွဲ့သားတွေကို ပြန်ကန်တော့ခဲ့တဲ့ မြင့်မြတ်
သူ့ကိုကန်တော့တဲ့လူတွေကိုအားနာပြီး နေရခက်နေတဲ့ မင်းသားမြင့်မြတ်
ရှုတင်အဖွဲ့သားတွေကို မုန့်ဖို့းပြန်ပေးခဲ့တဲ့ မြင့်မြတ်
ရှုတင်အဖွဲ့သားတွေကို မုန့်ဖို့းပြန်ပေးခဲ့တဲ့ မြင့်မြတ်
မြန်မာလူမျိုးတွေရဲ့ သီတင်းကျွတ်အခါသမယမှာ သက်ကြီးဝါကြီးတွေကို ကန်တော့တဲ့ အလေ့အထလေးက တကယ်ကိုကြည်နူးစရာကောင်းပြီး ပီတိဖြစ်ရပါတယ်နော်။ မိုမိုလေးပရိသတ်တွေလဲ ပျော်စရာကောင်းတဲ့ သီတင်းကျွတ်အခါသမယမှာ ကုသိုလ်တွေအများကြီးရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေလဲ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ပေးသွားကြပါဦးနော်။
Credit-Momolay