အဆိုတော်ယုန်လေး ပြောတဲ့ သရုပ်ဆောင်တိုင်ရွန်ရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး တိုင်ရွန်က သီးသန့် ပြောပြလာပါ တယ်။ ဒီသတင်းကြောင့်လည်း မိန်းကလေး ပရိသတ်တွေကြားမှာ လှုပ်ခတ်သွားခဲ့တာကို တွေ့ရပါတယ်။လက်ရှိမှာ မင်္ဂလာသတင်းထွက်ခဲ့တဲ့ တိုင်ရွန်ကတော့ သူ့ရဲ့ ပရိသတ်တွေအတွက် ဖြေရှင်းချက် ပေးခဲ့ပါတယ်။ ကိုယုန်လေးရဲ့ စနောက်ခြင်းကို ခံလိုက်ရပြီလို့လည်း သဘောကျရယ်မောရင်း Duwun Media ရဲ့ ဆက်သွယ်မေးမြန်းမှုမှာ ပြောပြလာပါတယ်။ မင်္ဂလာသတင်းကြောင့် စိုးရိမ် နေကြတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်ပါးခဲ့ပါသေးတယ်။
” ရှုတင်မှာပါ ကျွန်တော်တို့ ParkRoyal မှာ ရိုက်နေကြတာ အစ်ကို ဆေးထိုးတာ ကျွန်တော် မသိလိုက်တာ။ MTV ရိုက်နေတာတော့ မဟုတ် ဘူး။” သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ဇာတ်ကားအတွက် ရိုက်နေတာပါ။ ကိုယုန်လေး ဆေးထိုးတာ ခံလိုက်ရတာပါ။ တစ်သက်လုံး သူများကို ဆေးထိုးလာတာ အခု ပြန်ပြီးဆေးထိုးတာခံလိုက်ရပြီ။ ကျွန်တော် ကတော့ အေးဆေးပါပဲ တစ်ကိုယ်တည်း လူပျိုကြီးပါပဲ” လို့ သူကဆိုပါတယ်။
အဆိုတော် ယုန်လေးကတော့ အမြဲတမ်းအလိုလို ပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူချစ်ရတဲ့ အနုပညာ ညီအစ်ကိုတွေ ကိုလည်း အမြဲတမ်းအလိုလို စတတ် နောက်တတ်တာကို တွေ့ရပါတယ်။ အခုလည်း သရုပ်ဆောင် တိုင်ရွန်ကို စနောက်လိုက်တဲ့ Status တစ်ခုကြောင့် တိုင်ရွန်ရဲ့ ပရိသတ်ကြားမှာ တုန်လှုပ်ခဲ့ပါသေးတယ်။
” Tyron ညီလေး Congratulation par အားလုံးမြန်မြန်လာခဲ့တော့ ရောက်နေပြီ။ သတိုးသမီး သတိုးသားတောင်ပြင်လို့ပြီးတော့မယ် ” ဆိုပြီး တော့ အောက်တ်ုဘာလ ၂၆ ရက်နေ့ နေ့လည် ၁၁ နာရီ ၂၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် MTV ရိုက်နေတာ မဟုတ်ဘူးလို့လည်း Comment ကနေ ဆက်လက်ရေးသားခဲ့ပါတယ်။အဆိုတော် ယုန်လေးရဲ့ Status ကြောင့် တိုင်ရွန်ရဲ့ မိန်းကလေး ပရိသတ်တွေကြားမှာ တုန်လှုပ်သွားခဲ့ပါတယ်။ ဒီသတင်းအပေါ် မယုံကြည်နိုင် တဲ့သူတွေလည်း ရှိသလို ဝမ်းနည်း ကြေကွဲ ကြတဲ့ အကြောင်းကိုလည်း ယုန်လေးရဲ့ Status ရဲ့ Comment အောက်မှာ ရေးသားခဲ့ကြတာ ကို တွေ့ရပါတယ်။
တိုင်ရွန်ဟာ မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားပေမယ့် သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းက စပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင် ဇာတ်ကားတွေရိုက်ကူးနေတာကိုတွေ့ရပါတယ်။
Credit-Cele Yatkwat