• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

ခွဲစိတ်ခန်းဝင်ရတော့မယ့် သမီးလေးကို အားပေးနေတဲ့ ဖေဖေ လူမင်း

We Love Cele by We Love Cele
October 26, 2018
in အနုပညာ
0

ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက်ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် လူမင်းဟာ သာယာချမ်းမြေ့လှတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားရုံတင်မကဘဲ ချစ်ဖို့ကောင်းတဲ့ သားသား၊ မီးမီးလေးတွေကိုပါ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လူမင်းဟာ ခင်စံပါယ်ဦးနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ သားတစ်ယောက် သမီးတစ်ယောက် ရရှိထားခဲ့ပါတယ်။

သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ လူမင်းတို့ မိသားစုလေးကို ပရိသတ်တွေက သဘောကျလျက်ရှိပါတယ်။ မကြာခဏ ခရီးတွေ ထွက်ပြီး မိသားစု ဓာတ်ပုံလေးတွေတင်လေ့ရှိတဲ့ လူမင်းတို့ပုံရိပ်လေးတွေကိုကြည့်ပြီး အားကျနေခဲ့ကြပါသေးတယ်။ လိမ္မာတဲ့သားသားမီးမီးလေးတွေကို ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ လူမင်းဟာ အနုပညာအလုပ်တွေကိုတော့ သိပ်ပြီး လုပ်ကိုင်တာ မတွေ့ရပါဘူး။ မကြာသေးခင်ကမှလည်း ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေးအတွက် လက်ဆင့်ကမ်းတာဝန်ပေးခြင်းကိုခံခဲ့ရပါသေးတယ်။

လူမင်းရဲ့ သမီးလေး ဧရာဝတီလူမင်းနဲ့ မိသားစုတို့ဟာ လက်ရှိမှာ ဘန်ကောက်သို့ရောက်ရှိနေတာဖြစ်ပါတယ်။ အဘွားဖြစ်သူနဲ့အတူ ဆေးရုံလာပြတာဖြစ်ပြီးတော့ ဧရာဝတီလူမင်းလေးကတော့ ခွဲစိတ်ခန်းဝင်ရမယ်လို့ သိရပါတယ်။ ဧရာဝတီလူမင်းလေးဟာ ဂျွမ်းဘားကစားရင်းနဲ့ ရင်ဘတ်မှာ အကျိတ်လေးဖြစ်လာတာကြောင့် ယနေ့မှာခွဲစိတ်ရမယ်လို့ သိရပါတယ်။ ခွဲစိတ်ခန်းဝင်တော့မယ့် သမီးလေးကိုအားပေးနေတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာပုံရိပ်လေးတွေကိုဖော်ပြလိုက်ပါတယ်။We Love Cele

Photos-Ayarwaddy Lu Min

Previous Post

မိန်းကလေးပရိသတ်တွေကြား လှုပ်ခတ်သွားတဲ့ တိုင်ရွန်ရဲ့ မင်္ဂလာသတင်း

Next Post

ဝါတွင်း ၃ လလုံး တရားအားထုတ်ပြီးနောက် ဂူမှထွက်လာသည့် မိုင်းဖုန်းဆရာတော်ကြီးကို သွားရောက်ကြည်ညိုခဲ့တဲ့ မယ်လိုဒီနဲ့ သားလေး သိဒ္ဒိစစ်

Next Post

ဝါတွင်း ၃ လလုံး တရားအားထုတ်ပြီးနောက် ဂူမှထွက်လာသည့် မိုင်းဖုန်းဆရာတော်ကြီးကို သွားရောက်ကြည်ညိုခဲ့တဲ့ မယ်လိုဒီနဲ့ သားလေး သိဒ္ဒိစစ်

တိတ်ဆိတ်စွာနဲ့ ပြီးဆုံးသွားတဲ့ ဇာတ်ပို့ သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ ဈာပန

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!