ပြည်သူချစ်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ပြေတီဦးဟာ သရုပ်ဆောင် အင်မတန်ကောင်းမွန်တာကြောင့် အကယ်ဒမီဆုကြီးတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ဦးပါပဲ။ ပြေတီဦးဟာ ကျရာဇာတ်ရုပ်ကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံးလုပ်ဆောင်တာကြောင့် ပြေတီဦးပါဝင်တဲ့ ဇာတ်လမ်းတိုင်းဟာ အသက်ဝင်လှပါတယ်။ သူ့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လဲ မြို့ပရိသတ်ရော နယ်ပရိသတ်တွေပါ အားပေးချစ်ခင်ခြင်းခံရတဲ့ မင်းသားတစ်လက်ပါပဲ။
အောင်မြင်လှတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ပြေတီဦးဟာ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာအမြောက်အများရိုက်ကူးနေရပါတယ်။ ပြေတီဦးဟာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလိုလုပ်ကိုင်နေရပြီး အားလပ်ချိန်ဆိုတာ အင်မတန် ရှားပါးလှပါတယ်၊
ဒီနေ့မှာတော့ ပြေတီဦးဟာ သူ့ရဲ့အားလပ်ချိန်လေးမှာ မိတ်ဆွေတွေနဲ့အတူတူ ဂေါက်ရိုက်ပြိုင်ပွဲမှာ ဝင်ရိုက်ရင်း တတိယဆုရရှိခဲ့ပါတယ်။ ပြေတီဦးက သူငယ်ချင်းတွေခေါ်လို့ အမှတ်မထင် ဂေါက်ဝင်ရိုက်ခဲ့ရာမှ အခုလို ဆုရခဲ့လို့ တော်တော်ပျော်နေတဲ့ပုံပါပဲ။
ပြေတီဦးဟာ သူဆုရခဲ့တဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ “ကဲ…မဲရကျိုးနပ်ပါပြီဗျာ….ချစ်သောအမျိုးတို့ ဆုတောင်းပေးကြလို့ ၁၀ လသား golfer လေးဆုရခဲ့ပါပြီ။ 2nd runner up…လေးပါ..” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။
ပြေတီဦးက မအားလပ်တဲ့အချိန်လေးမှာမှ ဆုရတဲ့ထိကြိုးစားနိုင်တာ တကယ်တော်တယ်နော်။ ပြေတီးဦးကိုချစ်တဲ့ ပရိသတ်တွေလဲ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit-Momolay