ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် ဦးညွန့်ဝင်းက ဝါရင့်အနုပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ဘိုကလေးတင့်အောင်ကို သွားရောက် ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ အသက်အရွယ်ကြီးရင့်လာပြီး အနုပညာအလုပ်တွေ မလုပ်ဖြစ်တောတဲ့ ဦးညွန့်ဝင်းက သီတင်းကျွတ်ကန်တော့ခြင်းဖြင့် ဘိုကလေးဦးတင့်အောင်ကို ကန်တော့တဲ့ ဓာတ်ပုံလေးတွေကို ရုပ်ရှင်အစည်းအရုံး ဦးနှင်းမိုးရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဒီနေ့ပဲ တင်ထားတာ တွေ့ရပါတယ်။
ဦးညွန့်ဝင်းဟာ အကယ်ဒမီ ၇ ဆုရရှိထားသူဖြစ်ပြီး ဇာတ်ရုပ်ကို ပီပြင်လေးနက်အောင် သရုပ်ဆောင်တတ်သူလို့ အများက သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ ယခုလိုမျိုးအသက်ရွယ်ကြီးရင့်သူကို သွားရောက်ကန်တော့ခဲ့တဲ့ ဦးညွှန့်ဝင်းရဲ့ ပုံရိပ်လေးဟာလည်း အင်မတန်မှ ဝမ်းသာပီတိဖြစ်စရာကောင်းလှပါတယ်။
Credit-Pannpwint