နိုင်ငံကျော် သရုပ်ဆောင် မော်ဒယ်လ် ဥက္ကာမင်းမောင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူသရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာလည်း ရှိခဲ့တာကြောင့် သူ့ကိုချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဥက္ကာမင်းမောင်က သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေကြားမှာအတော်လေးနာမည်ကြီးခဲ့ ပြီး ၊ သူကသူ့ရဲ့ချစ်သူကို ပရိသတ်တွေကြားမှာချပြခဲ့ပြီး ၊ သူတို့အချစ်ရေးကို လက်ခံအားပေးသူများစွာရှိခဲ့တာပါ။ ဒီနေ့လေးက တော့ ဥက္ကာမင်းမောင် က သူကတို့ရဲ့ 1 Years Anniversary မှာ ချစ်သူနဲ့ လေယာဉ်ပေါ်မှာ ဖြတ်သန်းခဲ့ပုံရိပ်ကလေးတွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဥက္ကာမင်းမောင် တို့ရဲ့ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
ဥက္ကာမင်းမောင်ပြောထားတာကတော့ ” ချစ်သူမောင်းတဲ့ လေယာဉ်ပေါ်မှာ သူနဲ့ နှစ်ယောက်အတူ စီးနေရတဲ့ feeling က အမိုက်ဆုံးပါပဲ။ မင်းနဲ့ အတူ ထာဝရပျံသန်းနေဦးမှာပါ … မင်းနဲ့ တို့ နှစ်ယောက်တည်းပေါ့ … Happy 1 Year Anniversary ပါ ချစ်သူရေ …”
ဥက္ကာမင်းမောင်က ” “The coolest feeling is being in the plane that my bae flies”…I’ll fly away with you… Just you & me. Happy 1 year Anniversary my love! #AnniversaryMemory Image may contain: 3 people” ဆိုပြီးပြောထားတာပါ။
ချစ်သူကိုယ်တိုင် မောင်းတဲ့ လေယာဉ်ကို စ်ီင်္းပြီး Anniversary Day ကို ရိုမန့်တစ် ဆန်ဆန် ဖြတ်သန်းခဲ့ရလို့ ဥက္ကာမင်းးမောင်က တော့ အရမ်းကိုပျော်နေတာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။
ချစ်သူသက်တမ်း ၁နှစ်ပြည့်မှာ ချစ်သူကိုယ်တိုင် မောင်းတဲ့ လေယာဉ်ကိုစီးပြီး ရိုဆန်ဆန် ဖြတ်သန်းခဲ့ကြတဲ့ ဥက္ကာမင်းမောင် တို့ရဲ့ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ်ထင်ပါတယ်။ချစ်ပရိသတ်ကြီးကလည်း ဥက္ကာမင်းမောင် တို့ချစ်သူနှစ်ဦး ရာသက်ပန်ပျော်ရွှင်စရာ Anniversary Day များစွာဖြတ်သန်းနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။
Credit-Momolay