• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, August 4, 2022
No Result
View All Result

သမီးငယ်လေးယွန်းနဒီလွင်မိုးနဲ့အပြိုင် ကစားနေတဲ့ လွင်​မိုးရဲ့ ချစ်စရာဗီဒီယိုလေး

We Love Cele by We Love Cele
October 28, 2018
in အနုပညာ
0

ပရိသတ်တွေအရမ်းချစ်ကြတဲ့ ဝါရင့်အနုပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ လွင်မိုးကတော့ အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေပေမယ့်လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကို ယနေ့တိုင်ရရှိနေဆဲပါပဲ။ အခုဆိုရင် မြေးဦးလေးကိုပါ ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ လွင်မိုးကတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ လွင်မိုးရဲ့သမီးကြီး ယွန်းဝတီလွင်မိုးလေးက ဖခင်ဖြစ်သူနဲ့ ညီမလေးယွန်းနဒီလွင်မိုးတို့နှစ်ဦး ကစားနေကြတဲ့ ချစ်စရာဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ချစ်ပရိသတ်တွေအတွက် အရမ်းချစ်စရာကောင်းတဲ့ လွင်မိုးနဲ့ ယွန်းနဒီလွင်မိုးလေးရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖခင်ဖြစ်သူကို အရမ်းချစ်တဲ့ အဖေတူသမီးလေး ယွန်းနဒီလွင်မိုး

ယွန်းဝတီလွင်မိုးလေးကတော့ “Bubble Wrap” ဆိုပြီး ပူပေါင်းလေးတွေဖောက်နေကြတဲ့ လွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ရဲ့ဗီဒီယိုလေးကို တင်ခဲ့တာပါ။

အတိုင်အဖောက်ညီတဲ့ သားအဖနှစ်ယောက်ကတော့ တကယ့်ကလေးငယ်လေးတွေလိုပါပဲနော်။

သမီးငယ်လေးနဲ့အပြိုင် ပူပေါင်းဖောက်နေတဲ့ ဖေဖေကြီးလွင်​မိုး

လွင်မိုးကတော့ လတ်တလောမှာ အနုပညာအလုပ်ထက် စီးပွားရေးကို ဦးစားပေးလုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ လွင်မိုးရဲ့သမီးငယ်လေး ယွန်းနဒီလွင်မိုးကတော့ ကျောင်းတက်နေဆဲဖြစ်တဲ့ ကျောင်းသူလေးတစ်ဦးပါ။ ချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ လွင်မိုးတို့သားအဖနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Previous Post

Anniversary ကို ချစ်သူမောင်းတဲ့ လေယာဉ်ပေါ်မှာ ဖြတ်သန်းခဲ့တဲ့ ဥက္ကာမင်းမောင်

Next Post

ဟောလိုးဝင်းအကြိုပါတီပွဲမှာ အပြတ်လန်းနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားဒီဇိုင်း

Next Post

ဟောလိုးဝင်းအကြိုပါတီပွဲမှာ အပြတ်လန်းနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားဒီဇိုင်း

ခေတ်လူငယ်တွေ တွေ့ရခဲပြီး တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ သရုပ်ဆောင် ရဲကိုကိုရဲ့ ပုံရိပ်များ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!