• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

ကစ်ကစ်ရဲ့ လက်ရှိကျန်းမာရေးအခြေနေကိုပြောပြပြီး ရှယ်တစ်ချက်နဲ့ ကူညီပေးဖို့တောင်းဆိုလိုက်တဲ့ တေးရေးမင်းကို

We Love Cele by We Love Cele
October 28, 2018
in အနုပညာ
0

ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ ကျန်းမာရေးအခြေအနေ ပြန်လည်ဆိုးဝါးလာတာကြောင့် ဆေးကုသမှုပြန်လည်ခံယူနေရတာဖြစ်ပါတယ်။ အမေတစ်ခု၊ သမီးတစ်ခု နေထိုင်ရတဲ့ ကစ်ကစ်တို့ သားအမိနှစ်ယောက်ဟာ ကစ်ကစ်ရဲ့ အနုပညာဝမ်းစာကြေးလေးနဲ့လည်ပတ်နေရတာဖြစ်ပြီးတော့ ယခုလို ရုတ်တရက် ကျန်းမာရေးချို့တဲ့သွားတဲ့အချိန်မှာ သမီးဖြစ်သူဟာလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ကြိုးစားနေတဲ့အချိန်ဖြစ်နေပါတယ်။ ဒါ့အပြင် သမီးလေးမှာလည်း နှလုံးနဲ့ သွေးတိုးရောဂါတွေကိုခံစားနေရတယ်လို့သိရပါတယ်။ ကစ်ကစ်ရဲ့လက်ရှိကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ တေးရေးမင်းကိုကတော့ လှူဒါန်းနိုင်မယ့်သူတွေဆီကို အမြန်ရောက်ဖို့ အခြေအနေနဲ့တကွ ကူညီရှင်းပြပေးထားတာဖြစ်ပါတယ်။

Share တချက်နဲ့အသက်ဆက်ပေးကြပါဦး…ဟာသ သရုပ်ဆောင်မကစ်ကစ်အတွက် ရာသက်ပန် ကျောက်ကပ်ဆေးပေးမယ့်အလှူရှင်ဖြစ်ဖြစ် ကျောက်ကပ်အစားထိုးပြီးခွဲစိတ်လှူဒါန်းပေးနိုင်မယ့်အလှူရှင်ဖြစ်ဖြစ် ဖိတ်ခေါ်လိုပါတယ်ခင်ဗျာ…အစ်မလိုချစ်ခင်ရတဲ့ မကစ်ကစ်…သူဝေဒနာခံစားနေရတာတွေ ကျွန်တော့်Face Book စာမျက်နှာမှာမတင်ချင်တော့ဘူး….သူဝေဒနာခံစားနေရတာလည်းမကြည့်ရက်တော့ဘူး…

ကျွန်တော်ရှင်းရှင်းပြောရရင်မျောက်ပြဆန်တောင်းနေသလိုအလှူရှင်တွေဆီကမျက်ရည်ချူပြီး အလှူငွေတွေရအောင်လုပ်ပေးနေတာမျိုးလည်းအထင်လွှဲမခံချင်ဘူး…ကျန်းမာရေးမကောင်းတဲ့ သရုပ်ဆောင်တယောက်အနေနဲ့ဇာတ်ကားမရိုက်ရတော့ဘာ ဝင်ငွေမှမရှိတာအမှန်ပါ..အလှူရှင်ရှိမှ ဆေးကုသဖို့နဲ့ဝမ်းစာဖြည့်နိုင်မှာလေ…ပိုဆိုးတာကအနီးကပ်ဆွေမျိုးသားချင်းမရှိသားအမိနှစ်ယောက်တည်းနေရပြီးသမီးဖြစ်သူကလည်းနှလုံးနဲ့သွေးတိုးရှိတဲ့ရောဂါသည်လေးဖြစ်နေတာပါပဲ…

သမီးဖြစ်သူကရေချိုးခန်းထဲမူးလဲနေတယ်…အမေဖြစ်သူကကုတင်ပေါ်ကမထနိုင်ဘူး…ဆယ်တန်းကျောင်းစာကတဖက် စိတ်ဖိစီးအားငယ်တာနဲ့ အမေဖြစ်သူရဲ့ဝေရာဝတ်စမှန်သမျှအကုန်လုပ်ပေးနေရပြီးသားအမိနှစ်ယောက်လုံးရောဂါဖောက်နေပြီဆိုရင် ဖိုးသူတော်နဲ့တောင်မွေးလိုဖြစ်နေကြတယ်…သူကဟာသသရုပ်ဆောင်ဖြစ်တော့ စိတ်ဆောင်နေလို့သာသူ့ဗီဇအရ လာသမျှဧည့်သည်တွေကိုအရွှန်းဖောက်ပြီးဟာသတွေလုပ်လုပ်ပြနေတာ…တကယ်တော. သူဝေဒနာကဆိုးသထက်ဆိုးရွားလာနေတယ်…

ကျောက်ကပ်ပျက်စီးနေပြီဆိုတော့ ခန္ဒာကိုယ်ထဲမှာလည်ပတ်နေတဲ့ အဆိပ်တွေကို ကျောက်ကပ်ကမစစ်ထုတ်နိုင်တော့ဘူး…ကျောက်ကပ်မကောင်းတော့ ဆီးဝမ်းကလည်းမမှန်တော့ဘူး ဗိုက်ကြီးကပူတင်းပြီးအဆုပ်ထဲမှာလည်းရေဝင်ဝင်လာတယ်…ပက်လက်အိပ်လို့မရတဲ့အနေထားဖြစ်နေတယ်…တကိုယ်လုံးဖောရောင်နေပြီး သွေးစစ်မယ်ဆိုရင် သွေးကြောကိုတော်တော်ကြိုးစားရှာရတယ်…ကျောက်ကပ်ဝေဒနာရှင်ရဲ့နေထိုင်ရမယ့်သက်တမ်းကိုဆင်ခြင်နိုင်ဖို့ပြောပြလိုပါတယ်…

ကျောက်ကပ်ဝေဒနာရှင်တယောက်ဟာကျောက်ကပ်ပျက်စီးသွားပြီဆိုရင် ကျောက်ကပ်ကို အကြိမ်ကြိမ်ဆေးပေးရပါတယ်…ကျောက်ကပ်ဆေးပြီးနေနေရတဲ့ရောဂါဝေဒနာရှင်ရဲ့သက်တမ်းဟာ ငါးနှစ်ထက်ပိုမနေရပါဘူး…ကျောက်ကပ်ဆေးတယ်ဆိုတာခန္ဒာကိုယ်ထဲမှာရှိတဲ့သွေးတွေကိုစက်နဲ့အဆိပ်တွေသန့်စင်ပေးခြင်းကိုဆိုလိုပါတယ်..ကျောက်ကပ်အစားထိုးမယ်ဆိုရင်တော့ဒီထက်ပိုနေရဖွယ်ရှိပါတယ်…ဒါတောင်အောင်မြင်မှပါ…

ကျောက်ကပ်အ လှူရှင်ရှိလို့ ကျောက်ကပ်လဲမယ်ဆိုရင်လည်း တစ်ရှူးစတူမှလဲလို့ရပါတယ်…လှူမယ့်အလှူရှင်ကဆွေမျိုးသားချင်းထဲကဆိုရင်တော့ပိုနီးစပ်ပါတယ်…ကျောက်ကပ်ပျက်စီးနေပြီး ကျောက်ကပ်မဆေးပဲနေထိုင်သွားမယ်ဆိုရင် ဒီဝေဒနာရှင်တယောက်ဟာ သုံးနှစ်တောင်ခံပါ့မလားလို့တွေးစရာပါ…မကစ်ကစ်ကကျောက်ကပ်ရောဂါတမျိုးတည်းခံစားနေရတာမဟုတ်ဘူး ကျောက်ကပ်သွေးတိုး နှလုံးနဲ့အဆုပ်ထဲပါရေကဝင်ဝင်နေတာဆိုတော့ နေရမယ့်သက်တမ်းကို စဉ်းစားလို့ရနေပါတယ်…

ကျောက်ကပ်ကလည်းမဆေးရသေးဘူး ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်တော့မတွေးဝံ့စရာပါ…..ရောဂါဝေဒနာရှင်တယောက်ကိုစိတ်အားငယ်စရာတွေကျွန်တော်မပြောချင်ပေမယ့်အသက်ကိုဥာဏ်စောင့်ဆိုသလိုမပြောချင်ပေမယ့်လည်းဆင်ခြင်နိုင်ဖို့စိတ်မကောင်းစွာနဲ့ကြိတ်မှိတ်ပြောခဲ့ရတယ်…သူကကျောက်ကပ်ဆေးဖို့ကိုကြောက်နေတာ…ဆေးရုံတက်ရတာလည်းအီဆိမ့်နေတော့ဆေးရုံလည်းတက်ရမှာလည်းကြောက်တယ်..

သူ့လို့ရောဂါဝေဒနာရှင်က ဆေးရုံမတက်နိုင်ရင်တောင်တပတ်မှာနှစ်ကြိမ်လောက်ဆေးခန်းပြသင့်တာ…လူကလည်းကုတင်ပေါ်ကမထနိုင် သားအမိနှစ်ယောက်တည်းကလည်းဖြစ်ပြန် ဆိုတော့အခြေနေကပိုပိုဆိုးလာနေတယ်…ဟာသသရုပ်ဆောင်ဦးမန်းဝင်းကြီးဆို ကျောက်ကပ်ဆေးတာအကြိမ်ရေတစ်ရာကျော်သွားပြီ ဒါကြောင့်လည်း အသက်ရှင်နေနိုင်တာ…အစ်မရောဂါနဲ့ ကျောက်ကပ်မဆေးပဲ နေမယ်ဆိုရင် အစ်မနေရမယ့်သက်တမ်းကိုတွက်ကြည့်လို့ရတယ်နော်လို့စိတ်မကောင်းစွာနဲ့ပြောတော့မှ စကားနားထောင်ပါ့မယ်မောင်လေးရယ် ကောင်းသလိုလုပ်ပေးပါတဲ့…

သူကျောက်ကပ်လည်းဆေးချင်တယ်…ကျောက်ကပ်လှူပေးမယ့်သူ ခွဲတာစိတ်တာတွေလှူပေးမယ့်အလှူရှင်ရှိမယ်ဆိုရင် သူ့ကျောက်ကပ်ကိုသူအစားထိုးချင်ပါတယ်တဲ့…သူ့သမီးလေးဘဝရှေ့ရေးကရှိသေးတယ်…သူ့ကိုအားပေးချစ်ခင်ကြတဲ့ ပရိတ်သတ်ကြီးကိုလည်းဟာသတွေနဲ့ဖျော်ဖြေချင်ပါသေးတယ်တဲ့…ကျေက်ကပ်ဆေးမယ် ဆိုရင်ပိုက်ဆံကအကြိမ်ပေါင်းများစွာသိန်းချီကုန်ဦးမှာ…သူ့မှာကဝင်ငွေမရှိတော့သူကစိတ်ဓာတ်တွေကျပြီး သေချင်သေပါစေတော့ဆိုပြီးစိတ်ကိုရှော့ရှော့ချပစ်တာ…

အစ်မသမီးလေးအတွက်အစ်မအသက်ရှင်ဖို့လိုတယ် ကောင်းမှုကုသိုလ်တွေလည်းလုပ်ရဦးမယ် အစ်မကိုချစ်ခင်ကြတဲ့သူတွေက ကဝိုင်းပြီးကူညီလှူဒါန်းပေးကြပါလိမ့်မယ်ဆိုပြီးစိတ်ဓာတ်မကျအောင်အားပေးနေရတယ်…အရေးကြီးတာပါ မှာထားရသေးတယ် သူ့ဝေဒနာဘယ်လောက်ဆိုးဝါးနေတယ်ဆိုတာကျွန်တော်တို့အသိဆုံး… သူကနည်းနည်းလေးကောင်းတာနဲ့ လာသမျှလူနဲ့အင်တာလာဗျူးတဲ့မီဒီယာတွေကိုဟာသတွေနဲ့လုပ်လုပ်ပြီးဧည့်ခံဖျော်ဖြေနေလို့…အစ်မရေ ကျန်းမာရေးမကောင်းတာကိုလဟာသတွေလုပ်လုပ်ပြီးအင်တာဗျူးလဲမခံနဲ့ဦးတော်ကြာအစ်မကိုသနားပြီးကျောက်ကပ်လှူပေးမယ်ဆေးပေးမယ့်အလှူရှင်ကနေကောင်းနေပါပြီထင်ပြီးမလှူပေးပဲနေဦးမယ်လို့လဲမှာထားရသေးတယ်…တကိုယ်လုံးဖောယောင်ပြီးသတိရတချက်မရတချက်ဖြစ်နေရင်တောင် ဟာသထထလုပ်တဲ့သူ သူ့ကိုချစ်တဲ့ပရိသတ်အတွက် သူတာဝန်ကျေပါတယ်…

ဝိုင်းဝန်းကူညီကြတဲ့ကျွန်တော်တို့ အားလုံးကလည်း အစ်မကိုကူညီပေးတဲ့ကုသိုလ်အပြည့်အဝရချင်လို့အစ်မကျန်းမာရေးပြန်ကောင်းတာမြင်ချင်ပါတယ်…အစ်မလည်းစိတ်ဓာတ်ကျမသွားပဲ ဆေးလည်းပုံမှန်သောက်ပါ အစားလည်းရှောင်ပါ ကျောက်ကပ်ဆေးဖို့လည်းမကြောက်ပါနဲ့ ကျောက်ကပ်မဆေးပဲနေရင် အစ်မနေထိုင်ရမယ့်သက်တမ်းကိုသိတယ်နော်လို့ခြောက်တော့မှကျောက်ကပ်လည်းဆေးပါ့မယ်…ဒါပေမယ့်ခဏခဏမဆေးချင်ဘူး…ကျောက်ကပ်အလှူရှင်နဲ့ ခွဲစိတ်မှုကုန်ကျစရိတ်တွေလှူပေးမယ့်သူရှိရင် ကျောက်ကပ်အစားထိုးချင်ပါတယ်တဲ့…သူ့သွေးကBသွေးပါ…

ရောဂါဝေဒနာများစွာနဲ့ ကျောက်ကပ်အစားထိုးဖို့ဆိုတာလွယ်တော့မလွယ်ဘူး…ဒါပေမယ့်လွယ်တာမလွယ်တာအောင်မြင်တာမအောင်မြင်တာအပထားအသက်ဆက်လိုတဲ့ကာယကံရှင်ရဲ့ဆန္ဒလေးလည်းပြည့်ဝသွားမယ်…လှူပေးတဲ့အလှူရှင်ရဲ့ အလှူလေးလည်းဒါနမြောက်သွားမယ်…လူ့အသက်တချောင်းအတွက် ကျွန်တော်တို့ဝိုင်းဝန်းကူညီပေးတဲ့ သူတွေအတွက်လည်းကုသိုလ်ရကြမယ်ဆိုရင် မြန်မာတွေရဲ့ ချစ်ခင်ရိုင်းပင်းကူညီတတ်ကြတဲ့စိတ်ထားလေးတွေ ကောင်းမှုကုသိုလ်အမြဲရှာဖွေပြီးလုပ်တတ်တဲ့ ပရဟိတစိတ်လေးတွေကိုသူတော်ကောင်းတွေကသာဓုခေါ်ဆိုကြမှာပါ..ကျွန်တော်လည်းအားတဲ့အချိန်လေးမှသွားနိုင်လို့ ကျောက်ကပ်ဆေးဖို့အတွက်သွေးစစ်ထားပေးပြီးအနီးကပ်ပြုစုမယ့်အိမ်အကူလေးရဖို့စီစဉ်ပေးနေပါတယ်…မကစ်ကစ်အတွက် Share တချက်နဲ့ ကုသိုလ်ယူပြီး အသက်ဆက်ပေးကြပါဦး…လို့ တေးရေးမင်းကိုက လှူဒါန်းနိုင်မယ့်သူတွေဆီ ရောက်အောင် Share တချက်နဲ့ကူညီပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ပရိသတ်တွေကို အမြဲပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့တဲ့ ကစ်ကစ် လှူဒါန်းနိုင်မယ့်အလှူရှင်တွေ အမြန်ပေါ်လာပြီး သက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။We Love Cele

Source-Min Ko

Previous Post

ချစ်သူ ရိုက်ပေးထားတဲ့ အမိုက်စား ဗီဒီယိုလေးကို သဘောကျနေတဲ့ ထွန်းထွန်း

Next Post

ကမ္ဘာ့အလှဆုံးယောက်ကျားလေးအဖြစ် သတ်မှတ်ခံလိုက်ရသော ကလေး၏ ဖခင်ရဲ့ အံ့သြဖွယ် တုံ့ပြန်ချက်

Next Post

ကမ္ဘာ့အလှဆုံးယောက်ကျားလေးအဖြစ် သတ်မှတ်ခံလိုက်ရသော ကလေး၏ ဖခင်ရဲ့ အံ့သြဖွယ် တုံ့ပြန်ချက်

သူ့လက်ထဲမှာပဲ ဆုံးပါးသွားတဲ့ လူရွှင်တော်ကြီးငွေမိုးအတွက် ယူကြုံးမရ စိတ်ထိခိုက်နေတဲ့ ဒိန်းဒေါင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!