• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

သူ့လက်ထဲမှာပဲ ဆုံးပါးသွားတဲ့ လူရွှင်တော်ကြီးငွေမိုးအတွက် ယူကြုံးမရ စိတ်ထိခိုက်နေတဲ့ ဒိန်းဒေါင်

We Love Cele by We Love Cele
October 29, 2018
in အနုပညာ
0

လွန်ခဲ့တဲ့ နှစ်တွေက သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ လူရွှင်တော်ကြီး ဦးငွေမိုးကတော့ ချစ်ရတဲ့သူတွေကိုစွန့်ခွာပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီပဲ ဖြစ်ပါတယ်။ အဖေလိုဆရာလိုချစ်ခင်ရတဲ့ ဦးငွေမိုးရဲ့သေဆုံးမှုကြောင့် တပည့်ကျော်တွေကလည်း တော်တော်လေးကို စိတ်မကောင်းဖြစ်နေကြရတာပါ။ ဒိန်းဒေါင်ကတော့ အဖေအရင်းလိုချစ်ခင်ရတဲ့ လူရွှင်တော်ကြီး ငွေမိုးသေဆုံးသွားမှုကြောင့် တော်တော်လေးစိတ်ထိခိုက်နေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် လူရွှင်တော်ကြီးငွေမိုးအတွက် နောက်ဆုံးစာလေးရေးပြီး ပူဆွေးနေတဲ့ ဒိန်းဒေါင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

လူရွှင်တော်ကြီး ဦးငွေမိုးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ရက်နေ့က ကွယ်လွန်အနိစ္စရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဟာသလူရွှင်တော်ကြီး ဦးငွေမိုးရဲ့ ဈာပနကိုတော့ အောက်တိုဘာလ ၂၇ရက်နေ့က ရေဝေးသုဿန်မှာ သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ကြေကွဲမှုတွေပြည့်နှက်နေတဲ့ ငြိမ်းချမ်းရဲ့ပုံရိပ်ကလည်း ပရိသတ်တွေရဲ့ရင်ထဲကို ဆို့နင့်သွားစေပါတယ်နော်။

ဒိန်းဒေါင်ကတော့ “အနုပညာကိုချစ်သူ တန်ဖိုးထားသူ ရိုးသားဖြူစင်သူ လူရွှင်တော်အဖေဆရာဦးငွေမိုးဆုံးပြီတဲ့ နောက်မှပြန်ကြားရတဲ့စကားလေးကြောင့်ကျွန်တော်ရင်ထဲမှာခံစားခဲ့ရတယ်ကျမ်းမာရေးမကောင်းဘူးတဲ့စီးပွားရေးအဆင်မပြေလို့ ကျွန်တော်အဖွဲ့မှာလိုက်နေတာတဲ့ သားကိုပြောပါလားဖေကြီးရယ် ဖေကြီးသေရင်သားကြီးဆီမှာလာသေမယ်တဲ့ ပြောတဲ့အတိုင်းလုပ်ပြသွားတယ်နော် သားအခုပွဲကရတော့မယ်ဖေကြီးမပါပဲဘယ်လိုအပျော်မျိုးနဲ့ကရမှာလဲဖေကြီးရယ် သွားနှင့်ဦးတော့ဖေကြီးရေ” ဆိုပြီး အဖေဆရာ ဦးငွေမိုးအတွက် နောက်ဆုံးစာလေးကို ရေးသားထားတာ တွေ့ရပါတယ်။

တန်ဖိုးရှိလှတဲ့ အနုပညာရှင်တစ်ဦး ကြွေလွှင့်သွားတာမို့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်။ ချစ်ပရိသတ်တွေလည်း ဟာသအနုပညာရှင်ကြီး ဦးငွေမိုးတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Credit-Momolay

Previous Post

ကမ္ဘာ့အလှဆုံးယောက်ကျားလေးအဖြစ် သတ်မှတ်ခံလိုက်ရသော ကလေး၏ ဖခင်ရဲ့ အံ့သြဖွယ် တုံ့ပြန်ချက်

Next Post

ရေမြေခြားမှာ ကျန်ခဲ့တဲ့ ချစ်ခင်ပွန်းကို Video Call နဲ့ အလွမ်းဖြေခဲ့တဲ့ ယွန်းဝတီလွင်မိုး

Next Post

ရေမြေခြားမှာ ကျန်ခဲ့တဲ့ ချစ်ခင်ပွန်းကို Video Call နဲ့ အလွမ်းဖြေခဲ့တဲ့ ယွန်းဝတီလွင်မိုး

အမှန်တရားကိုဖော်ထုတ်ပေးဖို့ တောင်းဆိုခံနေရတဲ့ ယွန်းဆက်ပိုင်ရဲ့ ယာဉ်တိုက်မှုဖြစ်စဉ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!