• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

ပြည်မြို့နယ်တွင် ပထမဦးဆုံးလိင်တူ အမျိုးသမီးချင်း လက်ထပ်ပွဲကျင်းပ

We Love Cele by We Love Cele
November 5, 2018
in ပြည်တွင်းသတင်း
0

လိင်တူ အမျိုးသမီးချင်း လက်ထပ်တဲ့ LGBT မင်္ဂလာဆောင်တခုကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မှာ မနေ့က ပြုလုပ်သွားပါတယ်။ပြည်မြို့၊ ဆံတော်ရပ်ကွက်မှာနေထိုင်တဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူများ LGBT အဖွဲ့ဝင် မောင်ကိုအေးဟာ လွန်ခဲ့တဲ့ တနှစ်လောက်က ဖေ့စ်ဘွတ်ခ်ပေါ်ကနေ အမျိုးသမီး ငယ်တယောက်ကို ချစ်ကြိုက်မိခဲ့ပြီးတဲ့ နောက်မှာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီကြားထဲမှာ သူတို့ ၂ ယောက်ခိုးပြေးခဲ့ကြပြီး နောက် မိန်းကလေးရှင်ဘက်က သဘောတူတာကြောင့် မင်္ဂလာဆောင်နိုင်ခဲ့တာလို့ သတို့သား မောင်ကိုအေးကပြောပါတယ်။သတို့သမီးက အသက် ၁၉ နှစ် အရွယ်၊ သတို့သားက အသက် ၂၅ ပါ။ သူတို့ ၂ ယောက် တသက်လုံးရိုးမြေကျပေါင်းသွားမယ်လို့ ပြည်မြို့နယ်၊ ပန်းတင်ကျေးရွာနေ သတို့သမီး မသီတာလှိုင်က ပြောပါတယ်။

မင်္ဂလာဆောင်ကိုတော့ သတို့သမီးအိမ်ရှိရာ ပန်းတင်ကျေးရွာမှာ နိုဝင်ဘာ ၄ ရက်နေ့မနက်က ကျင်းပခဲ့ပါတယ်။ဒီမင်္ဂလာပွဲနဲ့ ပတ်သက်လို့ LGBT အခွင့်အရေး ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုငြိမ်းက “ပြည်မြို့မှာ ပထမဦးဆုံးလို့ ပြောနိုင်ပြီး အခုလုပ်ဖို့ နှစ်ဘက်မိဘတွေကို တော်တော် စည်းရုံးယူလိုက်ရတယ်”လို့ ပြောပါတယ်။

ဒီမင်္ဂလာဆောင်ပွဲဟာ လက်မှတ်ထိုးယူတဲ့ ပုံစံမဟုတ်ဘဲ မြန်မာ့ဓလေ့ထုံးတန်းအစဉ်အလာ အတိုင်း ဘိတ်သိပ်မြှောက်ကာ ပတ်ဝန်းကျင်ကို အသိပေးဖိတ်ကြားပြီး ပြုလုပ်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

Credit-DVB

Previous Post

ရွှေမှုံရတီနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကို ခင်ဝင့်ဝါနဲ့ ပြောင်းလဲရိုက်ကူးမယ့် ဒါရိုက်တာညွှန့်မြန်မာညီညီအောင်

Next Post

သူမစကားကို တစ်သွေမသိမ်းလိုက်နားထောင်တဲ့ တူလေးကြောင့် အချစ်တွေပိုခဲ့ရတဲ့ ဝတ်မှုန်ရွှေရည်

Next Post

သူမစကားကို တစ်သွေမသိမ်းလိုက်နားထောင်တဲ့ တူလေးကြောင့် အချစ်တွေပိုခဲ့ရတဲ့ ဝတ်မှုန်ရွှေရည်

သမီးလေးကို နာကျင်မှုတွေနဲ့ မကြီးပြင်းစေရဘူးဆိုတဲ့ အေသင်ချိုဆွေ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!