• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, January 16, 2021
No Result
View All Result

ပရဟိတ ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံလိုက်ရတဲ့ ဝေဠုကျော်

We Love Cele by We Love Cele
January 10, 2019
in အနုပညာ
0

ပရဟိတတွေကို ကိုယ်ကျိုးကိုမကြည့်ပဲ စွမ်းစွမ်းတမံ ပြုလုပ်လေ့ရှိတာကြောင့် ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတမင်းသားကြီးလို့တောင် ခေါ်ဝေါ်ရသူတစ်ဦးပါ။ လတ်တလောမှာလည်း မြန်မာနိုင်ငံအနှံ့က အကူအညီလိုအပ်နေတဲ့ နေရာတွေမှာ အကူအညီပေးနေတဲ့ မင်းသားကြီး ဝေဠုကျော်ကတော့ နာဂဒေသသို့ ခရီးစဉ်သွားရင်း မင်းမူမြို့နယ်လုးံဆိုင်ရာ ပရဟိတ ပေါင်းစုံ ကွန်ရက်ကြီးရဲ့ နှစ်ပတ်လည် ညီလာခံ အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရတာပါ။ ဝေဠုကျော်ကတော့ အမြဲလိုလို ပရဟိတအလုပ်ကိုပဲ အာရုံစိုက်နေသူတစ်ဦးမို့ ဂုဏ်ထူးဆောင်ဆုတွေကို မကြာခဏ ရရှိလေ့ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် အများအကျိုးဆောင်လို့ အသိအမှတ်ပြုခံလိုက်ရတဲ့ ဝေဠုကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝေဠုကျော် ဖောင်ဒေးရှင်းကတော့ “10-1-2019 နာဂဒေသသို့ ခရီးစဉ်သွားရင်း မနေ့က မြင်းမူမြို့နယ်လုးံဆိုင်ရာ ပရဟိတ ပေါင်းစုံ ကွန်ရက်ကြီး၏ နှစ်ပတ်လည် ညီလာခံသို့ တက်ရောက်ပြီး ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်းကို ဂုဏ်ထူးဆောင် ဒုဥက္ကဌ (၁) အဖြစ် ဦးမောင်မောင်သန့် ဂုဏ်ထူးဆောင် ဒုဥက္ကဌ(၂)အဖြစ် မခိုင်နှင်းဝေ တို့နှင့်အတူ လက်ခံရယူခဲ့ပါသည်။ ဝေဠုကျော်ဖောင်ဒေးရှင်း ခေတ္တ-ဟုမ္မလင်း ” ဆိုပြီး ပီတိတွေများစွာနဲ့ ရေးသားထားတာ တွေ့ရပါတယ်။

ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်း ဝေဠုကျော်ရဲ့အကြောင်းကတော့ တကယ့်ကို ကြည်နူးစရာပါပဲနော်။

ဝေဠုကျော်နဲ့အတူ သရုပ်ဆောင် ခိုင်နှင်းဝေကလည်း ဂုဏ်ထူးဆောင် ဒုဥက္ကဌ(၂)အဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သရုပ်ဆောင် ဝေဠုကျော်ကတော့ လတ်တလောမှာ မြန်မာနိုင်ငံအတွင်းက အကူအညီလိုအပ်နေတဲ့ နေရာတွေကို နေပူမရှောင် မိုးရွာမရှောင် ကိုယ်တိုင်သွားရောက်ပြီး အကူအညီပေးနေတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း စိတ်ထားကောင်းလို့ အမြဲအသိအမှတ်ပြုခံရတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကို အားပေးတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Previous Post

ထာဝရထက်နှစ်ဆ ရုပ်ရှင်ကားကြီးကို အိန္ဒိယရုပ်ရှင်ကားဖြစ်နေမှန်း မသိဘူးဆိုတဲ့ မြင့်မြတ်

Next Post

ဖေ့ဘုတ်အကောင့် အဟက်ခံလိုက်ရတဲ့ မော်ဒယ် Ashley Kokoe

Next Post

ဖေ့ဘုတ်အကောင့် အဟက်ခံလိုက်ရတဲ့ မော်ဒယ် Ashley Kokoe

ကြည့်ရှုသူ ၃ သိန်းကျော်သွားခဲ့တဲ့ ကိုရီးယားရောက် ကရင်တိုင်းရင်းသူလေးရဲ့ သီချင်း လူကြိုက်များနေ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!