• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, January 23, 2021
No Result
View All Result

ယောက်ကျားဆန်ဆန်ဖြေရှင်းဖို့ ယုန်လေးကို သတိပေးလိုက်တဲ့ သရုပ်ဆောင်မင်းထက်

We Love Cele by We Love Cele
March 21, 2019
in အနုပညာ
0

အဆိုတော်ယုန်လေးကတော့ ယနေ့မှာ မြိတ်ပွဲစီစဉ်သူတွေသိစေရန်ဆိုတဲ့စာလေးတစ်စောင်ကို သူ့ရဲ့ဖေ့ဘုတ်အကောင့်ကနေ ရေးသားဖော်ပြလာခဲ့တာဖြစ်ပါတယ်။ မြိတ်မှာကျင်းပမယ့် ဘောလုံးကန်ပွဲကို လာဖို့အစီအစဉ်မရှိကြောင်းနှင့် လာရန်အဆင်မပြေဖြစ်ခဲ့တဲ့အကြောင်းတွေကို သူ့ရဲ့စာထဲမှာထည့်သွင်းရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် မြင့်မြတ်လည်း မြိတ်သို့လာရောက်ရမယ့် ခရီးစဉ်ကို မသိရှိကြောင်းလည်းပြောဆိုထားပါတယ်။ ယုန်လေးရဲ့ ရေးသားမှုကိုတော့ အောက်ပါအတိုင်းတွေ့မြင်ရတာဖြစ်ပါတယ်။

“မြိတ် မှ ပွဲ စီစဉ်သူမေားသိစေရန် ကျွန်တော့်ကို ကျွန်တော်မိတ်ဆွေ တစ်ချို့လာလာမေးလို့ပါ . အခုလာမယ့် ၂၉ ၃၀ ၃၁ ရန်ကုန် Show တွေရှိပါတယ် . မြိတ်ကိုလည်း လာဖို့အစီစဉ်မရှိပါဘူး . မြင့်မြတ်ပါ ပါတယ်ဆိုတော့ ပိုဆိုးသွားပြီ သူ့က သိကိုမသိဘူး အားလည်းမအားပါဘူး .ပြီးတော့ ကျွန်တော်တို့ Music ဘောလုံးအသင်းကိုကမ်းလှမ်းပါတယ် . ဘောလုံးကန်ဖို့ကျွန်တော်တို့ ကိုဟက်ကက် ကိုနန္ဒစိုင်းကိုစောဖိုးခွား ကိုဖိုးဇော် တို့ကိုဆက်သွယ်တဲ့အချိန် ကိုယ်လေယှဉ် နဲ့ ကိုယ်ဟာကိုလာ ကိုယ်ဟာကိုနေ ၁၂ယောက် ၁၄ယောက်လောက် ကို ၅ယက်လောက်ကြာမယ် . ၁၅ သိန်းပေးမယ်ပြောပါတယ် Airticket တစ်ဆောင်ကို အသွားပြန် ၂သိန်းလောက်ရှိပါတယ် . ကျွန်တော်တို့ကတော့ လေယှဉ်နဲ့လာပြီး ကျန်တဲ့ဂျူနီယာတွေကို ကားနဲ့လာပေါ့ အဲ့လို ခွဲခြားပြီးနေတဲ့ကောင်တွေမဟုတ်ပါ.အနုပညာကြေး မပေးတဲ့အပြင် ကိုယ်ဟာကို စိုက်မင်းတို့ကန်ချင်ရင်လာဆိုတဲ့ ပုံစံ နဲ့ပြောတဲ့ အတွက် တစ်သက်လုံးကို ဒီလိုပုံစံမျိုး ဘယ်သူလာလုပ်လုပ် လိုက်ကန်စရာဘာအကြောင်းမှ မရှိဘူး .ငြင်းပြီးနေတာ တစ်ပတ်လောက်ရှိပြီ ထပ်ဖပ်လာလာမေးနေလို့ဘောလုံးကို ချစ်တဲ့ ကျွန်တော်တို့စိတ်တွေရယ် အသင်းက ညီအစ်ကိုတွေ နဲ့ ခရီအတူထွက်ချင်တဲ့ စိတ်တွေကို နင်းပြီး အမြတ်ထုပ်တာ မိုက်ရိုင်းလွန်းတယ် .တော်ရုံ အမြတ်ထုပ်တော်ပြီလေ . လာမစော်ကားပါနဲ့လုံးဝမလာပါဘူး မြိတ်မှ ပရိတ်သတ်များ ကျွန်တော်တို့က မာန ကြီးတယ် လူမူ့ရေးမရှိဘူး ထင်မှာဆိုးလို့ပါ . အားလုံး Peace ” ဆိုပြီးတော့ သူ့ရဲ့အကောင့်ကနေ ရေးသားလာခဲ့တာဖြစ်ပါတယ်။

ယုန်လေးရဲ့ ဖော်ပြချက်နဲ့ပတ်သက်ပြီးတော့ သရုပ်ဆောင်မင်းထက်က ယုန်လေးကို အပြန်အလှန် မေးခွန်းထုတ်ရေးသားခဲ့တာဖြစ်ပါတယ်။ ယုန်လေးသိစေရန်ဆိုတဲ့ စကားကိုအစချီပြီးတော့ ထိမိတဲ့စကားလုံးတွေနဲ့ မေးခွန်းထုတ်သွားခဲ့တာဖြစ်ပါတယ်။ အဆိုတော် ယုန်လေးရဲ့စာနဲ့ပတ်သက်ပြီး မင်းထက်က ကိုယ်ပေါ်ပြူလာဖြစ်ဖို့ သူများကိုချမနင်းဖို့လည်း ရေးသားထားပါသေးတယ်။

“ ယုန်လေးသိစေရန်..!! မင်းတင်တဲ့စာနဲ့ပတ်သက်လို့ တစ်အချက် မင်းကိုအဲဒီပွဲဘယ်သူလာချိတ်တာလဲ။ အဲဒီပွဲကိစ္စငါနဲ့မင်းစကားတောင်ပြောဖူးလား? နှစ်အချက် ..ကိုမြင့်မြတ်ပါတယ်လို့ပြောရအောင် ဘယ်သူကပြောတာလဲ? ငါတို့တွေ တစ်နေ့က 18.3.2019က princessသဘောင်္ပေါ်မှာမီဒီယာတွေဖိတ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲလုပ်တယ်။ ဘယ်သူတွေပါမလဲမေးတဲ့အခါ တရားဝင်ဖြေထားတာ မင်းပြန်ကြည့်လိုက်ဦး။ ငါရော တာဝန်ရှိသူတွေပါးစပ်က မင်းနာမည်၊ မြင့်မြတ်နာမည် တစ်လုံး မပါဘူး။ sponsor company တွေပါလာတက်တယ်။ ငါအားလုံးပြောခဲ့ပြီးသား”

“သုံးအချက်..ကိုယ့်လေယာဉ်နဲ့ကိုယ့်ဟာကိုယ်လာဆိုတဲ့ကိစ္စ..ဘယ်သူပြောတာလဲ..မင်းကိုငါပြောတယ်လို့ဘယ်သူပြောတာလဲ? မင်းနဲ့ငါစကားတောင်ပြောဖူးရဲ့လား? လေးအချက်.. တစ်သင်းလုံးကို လေယာဉ်နဲ့ခေါ်မဲ့ ကိစ္စ..အခုသွားမဲ့ခရီးစဉ်မှာတစ်သင်းကို14ယောက်နှုန်းနဲ့အသင်းသုံးသင်းစာ52ယောက်ရယ်၊ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေရယ်ဒိုင်တွေရယ်..အနုပညာရှင်တွေရယ်စုစုပေါင်းအင်အား70ကျော်နဲ့သွားရမယ်။ လေယာဉ် လက်မှတ်တစ်စောင်ကို 88000နဲ့ လူ70ကို ငါတို့ကသူဌေးမို့လို့လေယာဉ်နဲ့စီစဉ်နိုင်မှာလား?”

“ အခုပွဲကလက်မှတ်ရောင်းပြီး စီးပွားရေးလုပ်တဲ့ပွဲလည်း မဟုတ်ဘူး။ အစဉ်အလာအရ တစ်နှစ်တစ်ခါ လုပ်တဲ့ အားကစားပွဲ။ အရင်နှစ်တွေကလည်းကားနဲ့သွားနေကျ မင်းမသိဘူးလား? ဒီနှစ်မှာမှ မြိတ်မှာမို့ ကားစီး ချိန်အရမ်းကြာ တဲ့အတွက် ကားနဲ့လိုက်လို့ အဆင်မပြေတဲ့သူတွေရယ်၊ အခြေအနေအကြောင်းကြောင်းကြောင့် ကားနဲ့လိုက်ဖို့ ကားထွက်ချိန်မမီတဲ့သူတွေရယ်ကိုစီစဉ် ပေးတာလေ”

“ ငါးအချက်…အနုပညာကြေးမပေးတဲ့အပြင် ကန်ချင်တဲ့သူလာ ကန်ဆိုတာကရော မင်းကိုဘယ်သူပြောတာလဲ။ ပွဲတစ်ပွဲကိုအဲဒီလိုစီစဉ်လို့ရလား..မင်းရောအဲလိုစီစဉ်ဖူးလား..မင်းဦးဏှောက်နဲ့စဉ်းစားလေကွာ။ဒီပွဲကိုငါတို့တွေစစီစဉ်ကထဲက မြက်ခင်းတုဘောလုံးကွင်းကော်ဖီဆိုင်မှာ အသင်းကိုယ်စားလှယ်တွေကို တရားဝင်ဖိတ်ပြီး အစည်းအဝေး လုပ်ခဲ့တယ်။ မင်းတို့ဂီတဘက်ကကို ဟက်ကက်တရားဝင်လွတ်လိုက်တဲ့ ကိုယ်စားလှယ် တစ်ယောက်လာ တက်တယ်။ အဲဒီအစည်းအဝေး ငါတောင်မတက်နိုင်ခဲ့ဘူး။ အဲဒီမှာ ဒီပွဲကိုလုပ်မဲ့အစီအစဉ်တွေ အကုန်တရားဝင်ရှင်းပြခဲ့ပြီးသားလေ။ ရုပ်ရှင်..ဂီတ..ဇာတ်ပို့ဇာတ်ရံ 3သင်းပတ်လည်ကန်ကြမယ်”

“ လမ်းစားရိတ်အနေ နဲ့တစ်သင်းကို 15သိန်းပေးမယ်။ အကြောင်းကြောင်းကြောင့်ကားနဲ့သွားလို့ အဆင်မပြေသူတွေရှိရင် လေယာဉ်စီစဉ်ပေးမယ်။ ဟိုကျရင် 3သင်းပတ်လည်ကန်ပြီး ပထမဆုသိန်း20၊ ဒုတိယဆု15သိန်း၊တတိယဆု10သိန်းပေးမယ်။တတိယရတဲ့အသင်းငွေနည်းမှာစိုးလို့အထူးဆုအနေနဲ့သီးသန်3းသိန်းသို့မဟုတ်5သိန်းပေးမယ်ဆိုတာ တရားဝင်ချပြပြီးသားလေ။တစ်နေ့ကစာနယ်ဇင်းမိတ်ဆက်ပွဲမှာလည်း တရားဝင်မီဒီယာတွေကိုအသိပေးထားတယ်ဟေ့ကောင်”

“ အနုပညာကြေးဆိုရအောင်ငါတို့လုပ်တဲ့ပွဲကအနုပညာရှင်တွေအမှတ်တရချစ်ကြည်ရေးလုပ်တဲ့အားကစားပွဲ။ ညကြေးနဲ့လက်မှတ်ရောင်းပြီးလုပ်တဲ့စတိတ်ရိုးမဟုတ်ဘူး။ပရိတ်သတ်နဲ့အနုပညာရှင်တွေတစ်နှစ်တစ်ခါ အမှတ်တရဖြစ်အောင်နှစ်တိုင်းလုပ်တဲ့အားကစားပွဲ။အနုပညာကြေးမပေးတဲ့အပြင်လို့မင်းကပြောတော့ မင်းကဒီပွဲအပေါ်မှာအနုပညာကြေးဘယ်လောက်လိုချင်လို့လဲ? မင်းကိုငါဒီပွဲနဲ့ ပတ်သက်ပြီး တစ်ခါမှ စကားလဲမပြောဖူးဘူး။မင်းရေးထားသလိုမင်းဘောလုံးကိုချစ်တယ်ဆိုရင် အနုပညာကြေး အကြောင်း သိပ်မထည့်နဲ့ငါတို့အားလုံး ငွေအတွက်လုပ်ခဲ့ကြတာမဟုတ်ဘူး။တစ်နှစ်တစ်ခါ အားလုံးစည်းစည်း လုံးလုံးနဲ့ပျော်ရွှင်အောင်ဘဲလုပ်ခဲ့ကြတာ။စီးပွားရေးလုပ်တဲ့ပွဲမဟုတ်တဲ့အတွက်လည်းမင်းပြောတဲ့အနုပညာကြေးကြီးငါတို့မပေးနိုင်ဘူး။အဆင်ပြေမှလိုက်။ မင်းအဆင်မပြေနိုင်မှန်းမင်းစိတ်ဓာတ်ကိုသိလို့လဲ ငါမင်းကိုစကား တောင်မဟခဲ့ဖူးဘူး”

“ ကိစ္စတစ်ခုကိုရမ်းသမ်းမရေးခင် မငိးနဲ့ငါဖုန်းနံပါတ်တွေ အချင်းချင်းမှာ ရှိပြီးသားဘဲ။ အပြင်ကကြားတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ မင်းရမ်းသန်းမရေးသင့်ဘူး။ဖြစ်ရပ်တစ်ခုကိုမင်းကိုယ်တိုင်သေချာမစုံစမ်းဘဲ မင်းpublic မတင်သင့်ဘူး။မရေးခင် မင်းလူတွေကိုမင်းပြန်မေးသင့်တယ်။ ကိုယ်ပေါ်ပြူလာဖြစ်ဖို့ သူများကိုချမနင်း ချင်စမ်းပါနဲ့ကွာ။ ယောကျာင်္းတွေဘဲ။ မင်းကိုငါဖုန်းဆက်တယ်။ မင်းဖုန်းပိတ်ထားတယ်။ မင်းလည်းယောကျာင်္း၊ ငါလည်းယောကျာင်္း မကျေနပ်ရင်ထိပ်တိုက်ရှင်းလို့ရတယ်သူငယ်ချင်း။ ငါအခုမေခအိမ်ယာ ကိုဇာနည်တို့အိမ်မှာ ဒီပွဲအတွက်တာဝန်ရှိသူတွေနဲ့ရှိနေတယ်။ မင်းပြောတာအမှန်ဆိုရင်မင်းလာခဲ့လိုက်။ငါ့ဖုန်းကိုဆက်လိုက်။ မင်းကိုလည်းမပြောခဲ့မင်းလည်းသေချာမသိတဲ့ကိစ္စတစ်ခုကိုအပြင်ကကြားတယ်ဆိုတဲ့မရေမရာစကားနဲ့ပွဲဆူအောင်မဖွချင်စမ်းပါနဲ့ကွာ။ ယောကျာင်္းဆန်ဆန်လုပ်စမ်းပါကွ။ ငါစောင့်နေတယ်”

“ ကိစ္စရပ်တစ်ခုကို မင်းကိုလည်းငါမပြောခဲ့ဘဲ၊ အပြင်ကကြားတယ်ဆိုတဲ့စကားနဲ့သေချာမစုံစမ်းဘဲ ပွဲဆူရင်ပြီးရော၊ နာမည်ကြီးရင်ပြီးရောဆိုတဲ့အထာနဲ့မိန်းမလိုမိန်းမရမရေးစေချင်ဘူးသူငယ်ချင်း။အခုငါတို့စောင့်နေတယ်။မင်းဘက်ကအဲဒီကိစ္စသေချာတယ်၊ပိုင်တယ်ဆိုရင်လာခဲ့ပါ။ငါနဲ့ဒီပွဲတာဝန်ရှိသူတွေ၊ ပွဲsponsor ကိုယ်စားလှယ်တွေစောင့်နေတယ်။ရှိနေတယ်။ ဩော်..တစ်ခုထပ်ပြောဦးမယ်။ မင်းငါနဲ့ရင်းနှီးသူတွေ နဲ့ငါ့မိန်းမကို ငါက စစ်သားတစ်ဦးမဟုတ်ခဲ့ဘူး။ စစ်တက္ကသိုလ်တောင်မတက်ခဲ့ဖူးဘူး။ စစ်သားအတုဆိုပြီး လျောက်ဖွနေတဲ့ကိစ္စလဲ ငါအကုန်သိထားပြီးပြီ။ ငါပြောချင်တာက လူတစ်ယောက်ကို မင်းနာမည်အတွက် အသုံးမချနဲ့”

“ ယောကျာင်္းဆန်ဆန်လုပ်စမ်းပါကွာ။ မင်းနဲ့ငါဘာရန်ညှိးရှိလို့မင်းငါ့အတင်းလိုက်ပြောတာတုန်း? အခုငါ စောင့်နေတယ်။ မင်းငါ့ပုံကိုတင်တယ်။ သေချာမသိတဲ့ကိစ္စတစ်ခုမှာ ငါ့ကိုလာအသုံးချတယ်ငါ publicမှာ မရိုင်းချင်ဘူး။ မင်းလာခဲ့လိုက်ဟေ့ကောင်” ဆိုပြီး ရေးသားထားခဲ့တာဖြစ်ပါတယ်။

မင်းထက်ရဲ့ ရေးသားချက်အပေါ်ကိုတော့ ယုန်လေးက “ မင်းတွေငါတွေ လာပြောနေတဲ့ စောက်ကလေး မင်းမိန်းမစီက ငါဖုန်းတောင်းလိုက် . အပြင်မှာ လာတွေ့လိုက် မင်း နဲ့ ငါနဲ့ ပြောရဲပါစေ Fb မှာ မရှင်းနဲ့ . ဆက်လိုက် ဒီစောက်ရူး နဲ့ မှ ဖြစ်လည်းဖြစ်တက်ပါတယ်” ဟု ပြန်လည်ရေးသားဖော်ပြမှုတွေဖြစ်ခဲ့ကြတာပါ။

ပရိသတ်ကြီးရေ အပြန်အလှန် ရေးသားဖော်ပြနေကြတဲ့ မင်းထက်နဲ့ယုန်လေးတို့ရဲ့အဖြစ်အပျက်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရဲ့အမြင်တွေကိုလည်းမျှဝေပြောပြခဲ့ကြပါဦးနော်။We Love Cele

Photos-Min Htet & Yone La

Previous Post

ချစ်သူအတွက် သိန်း (၃၀၀) နီးပါး တန်ဖိုးရှိ Harley Davidson ဆိုင်ကယ်ကြီး လက်ဆောင်ပေးခဲ့တဲ့ နေခြည်ဦး

Next Post

မင်းသားတွေတောင်အရှုံးပေးရမယ့် မြန်မာပြည်က ရုပ်အဖြောင့်ဆုံး ဘောလုံးသမား (၅) ယောက်

Next Post

မင်းသားတွေတောင်အရှုံးပေးရမယ့် မြန်မာပြည်က ရုပ်အဖြောင့်ဆုံး ဘောလုံးသမား (၅) ယောက်

တက္ကသိုလ်စာမေးပွဲမှာ ထည့်သွင်းမေးမြန်းခြင်းခံလိုက်ရတဲ့ အိစိကွေးရဲ့အကြောင်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!