• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, January 23, 2021
No Result
View All Result

တက္ကသိုလ်စာမေးပွဲမှာ ထည့်သွင်းမေးမြန်းခြင်းခံလိုက်ရတဲ့ အိစိကွေးရဲ့အကြောင်း

We Love Cele by We Love Cele
March 22, 2019
in အနုပညာ
0

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်အိစိကွေးကတော့ အခုဆိုရင် ခေါင်းဆောင်မင်းသား​နေရာက​နေ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်​။ လတ်တလောမှာတော့ အိစိကွေးက တက္ကသိုလ်က စာမေးပွဲမှာ သူ့အကြောင်းထည့်မေးထားလို့ အံ့အားသင့်နေတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဆိုပါမေးခွန်းကိုတော့ တောင်ကြီးတက္ကသိုလ်က Fourth year စာမေးပွဲမှာ အင်္ဂလိပ်ဘာသာထဲမှာ ထည့်သွင်းမေးထားတာလို့လည်း သိရပါတယ်။

ချစ်ပရိသတ်တွေအတွက် တက္ကသိုလ်စာမေးပွဲမှာ သူ့ရဲ့အကြောင်း ထည့်မေးထားလို့ အံ့အားသင့်ပြီး ပျော်နေတဲ့ အိစိကွေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိစိကွေးကတော့ “မထင်ထားဘူး ကျွန်တော့အကြောင်းလေးကို စာမေးပွဲမှာထည့်မေးလိမ့်မယ်လို့ ဘာပဲဖြစ်ဖြစ်ပျော်တယ် အားလုံးလည်းဖြေနိင်မယ်ထင်ပါတယ် လာပို့ပေးတဲ့ အမ ကိုလည်းကျေးဇူးပါဗျာ 😁” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ ပျော်ရွှင်စွာ တင်ထားတာပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား ပိုပိုပြီး ခန့်ညားကြည့်ကောင်းလာတဲ့ အိစိကွေးကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ဦး ဖြစ်လို့နေပါပြီနော်။

အိစိကွေးကတော့ သရုပ်ဆောင်အလုပ်အပြင် အဆိုပိုင်းမှာလည်း ထူးချွန်တာမို့ ပရိသတ်တွေရဲ့သဘောကျနှစ်သက်ခြင်းကို အပြည့်အဝရရှိထားသူတစ်ဦးဆိုလည်း မမှားပါဘူး။ လက်ရှိမှာတော့ အိစိကွေးက အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ပရိသတ်တွေအတွက် ကြိုးစားနေတာပါ။ ပရိသတ်တွေလည်း တက္ကသိုလ်စာမေးပွဲတစ်ခုမှာ သူ့အကြောင်းထည့်မေးထားလို့ ပျော်နေတဲ့ အိစိကွေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Previous Post

မင်းသားတွေတောင်အရှုံးပေးရမယ့် မြန်မာပြည်က ရုပ်အဖြောင့်ဆုံး ဘောလုံးသမား (၅) ယောက်

Next Post

စနောက်တတ်လွန်းတဲ့ အောင်သူ့အကြောင်းလေး ချစ်စဖွယ်ပြောပြလာတဲ့ ပိုးအိအိခန့်

Next Post

စနောက်တတ်လွန်းတဲ့ အောင်သူ့အကြောင်းလေး ချစ်စဖွယ်ပြောပြလာတဲ့ ပိုးအိအိခန့်

အကယ်ဒမီပေးပွဲတက်မှာပါ ဆိုတဲ့ ကျော်ကျော်နန္ဒ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!