သရုပ်ဆောင် ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့ အချစ်ရေးလေးကတော့ တကယ်ကိုကြည်နူးအားကျစရာကောင်းလှပါတယ်။ ကျင်လည်ရာ Field ချင်းမတူညီကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်စွာချစ်မြတ်နိုးမှုတွေကတော့ ထပ်တူကျနေခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကမှ သူတို့ နှစ်ယောက်ရဲ့ မင်္ဂလာသက်တမ်းလေး (၉) လပြည့်ခဲ့ပြီဖြစ်တဲ့အကြောင်းကိုလည်း ပရိသတ်တွေကို အသိပေးကြေငြာခဲ့တာဖြစ်ပါတယ်။
ရှေ့ပိုင်းမှာတော့ သူတို့ (၂) ဦးရဲ့လက်မှတ်ထိုးပုံရိပ်လေးတွေ ထွက်ပေါ်လာခဲ့ပေမယ့် ဝန်ခံဖြေရှင်းခြင်းမရှိခဲ့ဘဲ အချိန်အတိုင်းအတာ တစ်ခုထိမှာ သိရမှာဖြစ်တယ်လို့ပဲ ပြောခဲ့တာဖြစ်ပါတယ်။ ယခုဆိုရင်တော့ ၉ လကျော်လာပြီဖြစ်တဲ့ သူတို့ရဲ့ မင်္ဂလာသက်တမ်းလေးက အတော်လေးကြည်နူးဖို့ကောင်းနေတာကိုတွေ့ရမှာပါနော်။
နိုင်ငံလက်ရွေးစင်ဘောလုံးသမားဖြစ်တဲ့ အောင်သူ ဟာ အနုပညာနယ်ပယ်က မင်းသမီးလေးတစ်ဦးကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးသမားဖြစ်တဲ့ အောင်သူတစ်ယောက် ဓာတ်ပုံကောင်းကောင်းမရိုက်တတ်တဲ့အကြောင်းကိုလည်း ဇနီးဖြစ်သူ ပိုးအိအိခန့်က ယခုလိုမျိုးချစ်စနိုးလေးနဲ့ ရေးသားထားတာတွေ့ရပါတယ်။
“ဓါတ်ပုံရိုက်ပါမယ်ဆို စလို့ကို မပြီးနိုင်ဘူး ဓါတ်ပုံတခါရိုက်ရင် ပုံကောင်းတစ်ပုံ ရဖို့ အရမ်းပြောရသူ 😒😒😒ရိုက်ပေးတဲ့သူကတော့ အကြောင်းသိလို့ တောက်လျှောက်ကိုရိုက်ထားတာ 😃😃😃” လို့ ချစ်စဖွယ်လေးရေးသားထားပါတယ်။
“လာစနေတယ်လူက စိတ်ဆိုးနေပြီ” တဲ့ ပိုးအိခန့်လေး စိတ်ဆိုးတာ ချစ်စရာလေးနော်
“ရုပ်ကိုက လူကိုဘာစရင်ကောင်းမလဲကြည့်နေတဲ့ရုပ်”
“လာစပြီ လူကို” အောင်သူတစ်ယောက် အတော်လေးအစသန်တယ်ထင်တယ်နော်
“စိတ်တိုလို့ ကိုက်ဆွဲပြစ်ရော”
နောက်ဆုံးတော့ ကိုယ်ပဲ ခေါင်းအထုခံရတယ် တဲ့ ချစ်ဖို့ကောင်းလိုက်ကြတာနော်
ဓါတ်ပုံတစ်ခါရိုက်ရင် ပုံကောင်းရဖို့ အရမ်းပြောရသူ လေးပါလို့ ပိုးအိအိခန့်က ဆိုထားပါသေးတယ်
ထွက်လာပါပြီ ပုံကောင်းတစ်ပုံ တဲ့ နောက်ဆုံးတော့ အဆင်ပြေသွားခဲ့ပါပြီနော်
ဒီလောက်ဆိုရင်တော့ သူတို့ နှစ်ယောက်ရဲ့ကြည်နူးဖို့ကောင်းတဲ့အချိန်ကာလလေးတွေကို ဘယ်လိုဖြတ်သန်းလဲဆိုတာ ပရိသတ်ကြီးလည်း ခံစားမိမှာပါနော်။We Love Cele
Photos-Poe Ei Ei Khant