• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, April 12, 2021
No Result
View All Result

ကျောက်ကပ်အစားထိုးချင်လို့ ရသမျှ အလှူငွေတွေစုထားပေမယ့် အလိမ်ခံလိုက်ရတဲ့ ကစ်ကစ်

We Love Cele by We Love Cele
July 4, 2019
in အနုပညာ
0

ဟာသသရုပ်ဆောင် ကစ်ကစ်တစ်ယောက်ဟာ ယခုနှစ်ပိုင်းတွေမှာ ကျန်းမာရေးမကောင်းမွန်တာကြောင့် ဆေးကုသမှုတွေခံယူနေရတာဖြစ်ပါတယ်။ အမေတစ်ခု သမီးတစ်ခုသာရှိတဲ့ဘဝမှာ သရုပ်ဆောင် ကစ်ကစ်အတွက် ပရိသတ်တွေကလည်း စေတနာ၊ သဒ္ဒါတရားနဲ့အတူ ဆေးကုနိုင်ဖို့ လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

Image may contain: 3 people, people smiling, people standing

Image may contain: 1 person, sitting

ကစ်ကစ်ကတော့ သူမကို ဆေးကုဖို့အတွက် လှူဒါန်းထားတဲ့ ငွေတွေကို လိမ်သွားခဲ့လို့ စိတ်မကောင်းဖြစ်လျက်ရှိနေပါတယ်။ ဟာသသရုပ်ဆောင်ကစ်ကစ်ဟာ ကျန်းမာရေးချို့တဲ့လို့ ဆေးရုံတက် ကုသမှုတွေ ခံယူနေစဉ်တည်းက သရုပ်ဆောင် ခင်သဇင်က အနီးကပ်ပြုစုမှုတွေပေးခဲ့တာတွေ့ရပါတယ်။

Image may contain: 1 person, sitting

Image may contain: 1 person, sitting

သရုပ်ဆောင် ကစ်ကစ်ရဲ့ ဆေးဖိုးဝါးခ ငွေတွေကို လိမ်လည်သွားတဲ့သူတစ်ဦးကို ခင်သဇင်ကတော့ ယခုလိုပဲ တောင်းပန်ပြီးတော့ မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။

Image may contain: 1 person, sitting and closeup

Image may contain: 1 person, closeup

“လူတွေလည်း ကြောက်ဖို့ကောင်းလိုက်တာ လူမမာ ဆီက အလှူငွေတွေကို လိမ်ပြန်ပြီ မလုပ်သင့်တာကို လုပ်ကြတယ် လူမမာက သူတို့ အားကိုးပြီး ငွေလည်း သူတို့ဆီ အပ်ထားပါတယ် ကိုယ့်အလှူငွေလေးတွေကို ကိုယ်ပြန်တောင်းနေရတာ အကြွေးတောင်းသလို ပြန်တောင်းနေရတာ တစ်နှစ်ပြည့်တော့မယ်တဲ့ သူဒီိကိစ္စ ပြောပြောနေတာ ကြာပြီ ကိုယ်လည်း တနေ့ပြန်ရနိုးနဲ့ သူ့ကိုပဲ နှစ်သိမ့် လာခဲ့တာ အခုတော့ ကြားထဲက မြင်နေ ကြားနေရတာ မနေနိုင်လို့ ရေးလိုက်ပြီကွယ် သူ့ခမျာလည်း ကျောက်ကပ် လေး အစားထိုးချင်ရှာတော့ ရသမျှ အလှူငွေလေးတွေကို ပွားစေချင်လို့ ယုံကြည်အားကိုးပြီး ပုံမိကာမှ ဒီလိုအဖြစ်ဆိုးတွေ ကြုံရရှာတယ် ဘယ်ဘဝ ဝဠ်ကြွေးတွေလဲ အမရယ် တကယ် စိတ်မကောင်းပါဘူး အခု ဒီ post ကို ဖတ်ရတဲ့ ကာယကံရှင် ငွေယူသွားတဲ့ အမလည်း အကုသိုလ် မယူပါနဲ့လို့ သေသေချာချာလေး ပြန်ပေးပေးပါလို့ သဇင် ကြားထဲက တောင်းပန်ပါတယ် အမ တို့က ပိုက်ဆံ အသင့် အတင့်ရှိပြီး အဆင်ပြေနေသူတွေပဲ လူမမာရဲ့ မရှိမဲ့ ရှိမဲ့ငွေလေးတွေ ကိုတော့ပြန်ပေးလိုက်ကြပါကွယ် ဟိုမှာ မအိပ်နိုင် မစားနိုင်နဲ့ဒီကိစ္စ ကိုပဲ တကျီကျီ ဖြစ်ပြီး ရောဂါက ထပ်ဖောက်တော့မယ် မလုပ်ကြပါနဲ့ ကြားထဲက တောင်းပန်တာပါ  ပြန်ပေးပေးလိုက်ပါနော်” လို့ ခင်သဇင့်အကောင့်ကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Image may contain: 1 person, closeup

Image may contain: 2 people

ဒုက္ခတွေနဲ့ကြုံတွေ့နေရတဲ့သူဆီက လိမ်လည်သွားတာကြောင့်လည်း ခင်သဇင်တစ်ယောက် အတော်လေး စိတ်မကောင်း ဒေါသဖြစ်နေတာကိုတွေ့ရပါတယ်။ ယူသွားတဲ့သူအနေနဲ့လည်း ဒီပို့စ်လေးကိုဖတ်မိရင် ပြန်လာပြီးတော့ ပေးစေလိုပါတယ်နော်။We Love Cele

Photos-Facebook

Previous Post

အမည်မဖော်လိုရင် မဖော်ရဲရင် ' ရဲ ' မလုပ်နဲ့လို့ ဗစ်တိုးရီးယားလေးအမှုနဲ့ပတ်သက်ပြီး လင်းလင်းပြော

Next Post

တရားဥပဒေဘောင်အတွင်းမှ အတတ်နိုင်ဆုံး ရွက်လွှင့်သွားတော့မယ့် လင်းလင်း

Next Post

တရားဥပဒေဘောင်အတွင်းမှ အတတ်နိုင်ဆုံး ရွက်လွှင့်သွားတော့မယ့် လင်းလင်း

အနုပညာအလုပ်ပါးနေတဲ့အချိန် ဖြတ်သန်းနေရတဲ့ ဘဝအခြေအနေကိုပြောပြလာတဲ့ ယွန်းရွှေရည်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!