• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, August 12, 2022
No Result
View All Result

တရားဥပဒေဘောင်အတွင်းမှ အတတ်နိုင်ဆုံး ရွက်လွှင့်သွားတော့မယ့် လင်းလင်း

We Love Cele by We Love Cele
July 4, 2019
in အနုပညာ
0

ပြည်သူတစ်ရပ်လုံးရဲ့ခံပြင်းဒေါသတွေထွက်ခဲ့ရတဲ့နေ့၊ တရားဥပဒေဟာ မမျှတဘူးလို့ ပြည်သူတွေ တွေးမိတဲ့နေ့ ဟာ ဒီနေ့အပါအဝင်ပါပဲ။ သက်ငယ်မုဒိန်းမှုတွေ များစွာဖြစ်ပွားလာခဲ့တဲ့နောက် မဖြစ်ချင်တာတွေရဲ့ နောက်ကွယ်မှာ တရားဥပဒေကိုသာ အားကိုးအားထားပြုပြီး အမှန်တရားကို စောင့်မျှော်နေကြသူတွေဟာ ပြည်သူတွေပါ။ နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိန်းမှုဟာလည်း မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေခဲ့ပြီး တရားဥပဒေမှန်ကန်ဖို့ကို စိုးထိတ်စွာနဲ့ မျှော်လင့်ခဲ့ကြရတဲ့ အမှုလည်းဖြစ်ပါတယ်။

Image may contain: 2 people, closeup

Image may contain: 1 person, sitting, shoes and beard

အမှုဖြစ်ပွားပြီး (၂) လနီးပါးကြာမြင့်တဲ့အချိန်မှာတော့ တရားခံဟာ ကျောင်းကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်းဖြစ်တယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ သံသယနဲ့စွပ်စွဲခံနေရသူများစွာရှိတဲ့အထဲမှာမှ ယာဉ်မောင်းကို သက်သေမခိုင်လုံတာကြောင့် ပြန်လည်လွှတ်ပေးခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာပဲ တရားခံဖြစ်တယ်လို့ တရားရုံးသို့စွဲချက်တင်လိုက်တာဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people standing

Image may contain: 4 people, people smiling, people sitting, tree, child, outdoor and nature

ဒီအမှုကို ကူညီရပ်တည်နေကြသူတွေထဲမှာ အဆိုတော်လင်းလင်းတို့ ဇနီးမောင်နှံလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ တရားခံဟာ ယာဉ်မောင်းဖြစ်တယ်လို့ အတည်ပြုပြီးနောက်မှာတော့ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို လူမှုကွန်ယက်ပေါ်မှာ အများအပြားတွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်။

Image may contain: 3 people, people smiling, people sitting, closeup and outdoor

အဆိုတော်လင်းလင်းကလည်း ဗစ်တိုးရီးယားအမှုလေးနဲ့ပတ်သက်ပြီး နိုင်တဲ့ဝန်နဲ့ ပြီးဆုံးတဲ့အထိ ရွက်လွှင့်သွားမယ့်အကြောင်းကို သူ့ရဲ့အကောင့်ကနေ အခုလိုပြောလာပါတယ်။

Image may contain: 2 people, people smiling, closeup

Image may contain: 4 people, people smiling, people standing, outdoor and nature

“နေ့လည်ကတည်းက နေပြည်တော်ကိုရောက်ပါတယ်။ သေချာတာကိုပြောရမယ်ဆိုရင်,,ဗစ်တိုးရီးယားလေးရဲ့အမှုကို ကိုသက္က၊ သမီးလေးရဲ့ မေမေဖေဖေ၊ ကိုယ့်တာဝန်ကိုထမ်း တာဝန်သိမိတ်ဆွေအချို့ နှင့် ကျွန်တော်အပြင် မွန်မြတ်တဲ့နှလုံးသားတစ်စုံ အရင်းခံပြီးပါဝင်ကြမယ့် ရှေ့နေ ကိုမျိုးဇော်ဦး၊ မရွက်နုတို့နဲ့အတူ တက်နိုင်တဲ့အား, နိုင်တဲ့ဝန် နဲ့ ပြီးဆုံးတဲ့အထိ လုပ်စရာရှိတာများကို တရားနည်းလမ်း ဥပဒေဘောင်အတွင်းမှ အတက်နိုင်ဆုံး ရွက်လွှင့်ကြပါမယ်။

ဗစ်တိုးရီးယားလေးရဲ့ သက်ငယ်မုဒိန်းမှု တကယ်ဖြစ်ခဲ့တယ်။ တရားခံအစစ် တကယ်ရှိရမယ်။ တစ်ဦးထဲလား ?။ တစ်ဦးထက်ပိုလား ? လက်ရှိစွဲချက်တင်ခံထားရတဲ့သူဟာ အစစ်လား? ဒီအမှုတွင်ဖုံးကွယ်မှုများရှိလား? ရှိရင် ဘယ်လိုလူများနဲ့ ဘယ်လိုအသိုင်းအဝိုင်းလဲ? အဲဒီမေးခွန်းတွေအတွက် ဒီနေ့ နေပြည်တော်ကိုရောက်ပါတယ်။ ဗစ်တိုးရီးယားလေးရဲ့အမှု မပြီးမချင်း ကျွန်တော့် wall မှာ ဘာမှတင်ဖို့မရှိပါဘူး။ ဆိုလိုတာက ကျွန်တော်ဘာတင်တင် ဗစ်တိုးရီးယားလေးရဲ့အမှုနဲ့ ပတ်သတ်တယ်လို့ ဆိုလိုတာပါ။

ဒီအတွက်လဲ ကျွန်တော့်ကို မချီးကျူးပါနဲ့။ကျွန်တော့်ကိုချီးကျူးထောပနာပြုတာထပ် ဒီအမှု အစ,ကနေ ယခုထိ နည်းမျိုးစုံနဲ့ စေတနာသန့်သန့်ပါဝင်ရပ်တည်ကြတဲ့ မိတ်ဆွေမိသားစုများကိုသာ ချီးကျူးစေချင်ပါတယ်။ဒီအမှုကို ကိုယ်ထူကိုယ်ထ ဒီလိုပါဝင်ရတာဟာ ဘယ်သူ့ကိုမှ အမုန်းတရားနဲ့ကြောင့်မဟုတ်ပါဘူး။ဘယ်သူ့ကိုမှ ငြိုးတေးမှုမရှိပါဘူး။ ဘယ်သူ့ကိုမှ အရှက်ခွဲလိုခြင်းမဟုတ်ပါဘူး။ ပါဝင်ရတဲ့အကြောင်းရင်ကတော့ တရားခံအစစ်မတွေ့ဘူး (သို့) တရားခံအစစ်မဟုတ်ဘူး (သို့) တရားခံအစစ်မပေါ်ဘူး ဆိုရင်,,
ပြည်သူတရပ်လုံးကို တရားဥပဒေက မုဒိန်းကျင့်တယ် ထင်လို့ပါ။

ယခုမှစပြီး အများသိသင့်တယ်ဟု ထင်သောအရာများကိုသာ တင်ပါမည်။ အစွန်းများကိုဆင်ခြင်ရေးပါမည်။အတက်နိုင်ဆုံးဒေါသကို ဖယ်ရေးပါမည်။”

Image may contain: one or more people and people sitting

Image may contain: 3 people, people smiling

လင်းလင်းရဲ့ရေးသားဖော်ပြချက်များအရ လင်းလင်းဟာ ဒီအမှုပြီးဆုံးသည်အထိ ဗစ်တိုးရီးယားလေးနဲ့ပတ်သက်ပြီးပဲ ဖော်ပြသွားတော့မယ်လို့ ရေးသားထားတာပါ။ လင်းလင်းနဲ့အတူ အမှန်တရားကိုမြတ်နိုးတဲ့ပြည်သူတွေလည်း တစ်သားတည်း တည်ရှိနေကြမယ်လို့ မျှော်လင့်ပါတယ်။We Love Cele

Image may contain: 3 people, people smiling, people sitting and child

Photos-Htwe Lynn Ko

 

 

Previous Post

ကျောက်ကပ်အစားထိုးချင်လို့ ရသမျှ အလှူငွေတွေစုထားပေမယ့် အလိမ်ခံလိုက်ရတဲ့ ကစ်ကစ်

Next Post

အနုပညာအလုပ်ပါးနေတဲ့အချိန် ဖြတ်သန်းနေရတဲ့ ဘဝအခြေအနေကိုပြောပြလာတဲ့ ယွန်းရွှေရည်

Next Post

အနုပညာအလုပ်ပါးနေတဲ့အချိန် ဖြတ်သန်းနေရတဲ့ ဘဝအခြေအနေကိုပြောပြလာတဲ့ ယွန်းရွှေရည်

သက်ငယ်မုဒိန်းကို သေဒဏ်ပေးလိုက်ရင် မလိုလားအပ်တဲ့ဆိုးကျိုးတွေပိုများလာမယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!