• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

လူတိုင်းလူတိုင်း နီလန်းလိုဖြစ်ရပ်မျိုးလေးမကြုံရပါစေနဲ့လို့ ဝမ်းနည်းစရာသီချင်းလေးနဲ့ ဆုတောင်းပေးလိုက်တဲ့ နီလန်း

We Love Cele by We Love Cele
July 16, 2019
in အနုပညာ
0

အချစ်က ဘဝတစ်ခုလို့ပြောရမယ်ဆိုရင်လည်း မမှားပါဘူး။ အချစ်ရှိလို့ ဘဝမှာ နေရတာပျော်ရွှင်ပြီး အဓိပ္ပါယ်ရှိလာခဲ့သူတွေလည်း အများကြီးပါ။ အချစ်ကြောင့် ဘဝကြီးကို စတေးပစ်ရလောက်အောင်အထိ အချစ်ကြီးတတ်သူတွေလည်း ဒီလောကကြီးမှာ တွေ့မြင်ကြားသိနေကြရတာမို့ အချစ်ရဲ့ အခန်းကဏ္ဍက ဘဝမှာ ဘယ်လောက်အရေးပါလဲဆိုတာ တွေးမိကြမှာပါ။

Image may contain: 1 person, ocean, sky, sunglasses, outdoor and water

Image may contain: 1 person, smiling, standing and outdoor

Image may contain: 1 person, smiling, standing and outdoor

မြန်မာအိုင်ဒေါ Season-3 ကတဆင့် လူသိများထင်ရှားလာတဲ့ နီလန်းဟာလည်း အချစ်ရဲ့ ထိုးနှက်မှုဒဏ်တချို့ကို ခံစားခဲ့ရပါတယ်။ ပြိုင်ပွဲဝင်နေစဉ်ကာလအတွင်းမှာ ချစ်သူရဲ့ ကွယ်လွန်သွားမှုသတင်းဟာ နီလန်းလို လူငယ်အရွယ်လေးအတွက်တော့ ဖြတ်ကျော်ဖို့ ခက်ခဲတဲ့ တောင်တစ်ခုဖြစ်နေခဲ့ပါတယ်။ သို့ပေမယ့် သူမကိုချစ်တဲ့ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် မြန်မာအိုင်ဒေါရဲ့ 2nd Runner Up အထိ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

Image may contain: 6 people, people smiling, sunglasses and outdoor

Image may contain: one or more people, people sitting, living room and indoor

နီလန်းဟာ နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ ချစ်ရသူလေးကို ချင်းပြည်ပြန်တိုင်း သတိတရနဲ့ သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ ချစ်သူနဲ့အတူ ရှိခဲ့တဲ့အချိန်တွေကိုလည်း အမြဲတမ်း သတိတရရှိနေတဲ့ သူမရဲ့ လွမ်းဆွတ်မှုအတိုင်းအတာတွေကိုလည်း မကြာခဏ တွေ့မြန်ရပြန်ပါသေးတယ်။

Image may contain: 2 people, people smiling, people sitting, selfie and closeup

Image may contain: 8 people, people smiling, selfie and closeup

Image may contain: 6 people, people smiling, outdoor

နီလန်းကတော့ ဒီနေ့လေးမှာ သူမချစ်သူကိုရည်ရွယ်ပြီးတော့ ရေးသားထားတဲ့ ဝမ်းနည်းဖွယ်သီချင်းလေးကို ပရိသတ်တွေဆီအရောက်ပေးပို့ခဲ့ပါတယ်။ ပြီးတော့ သူမလိုအဖြစ်မျိုး လူတိုင်းမကြုံတွေ့ရပါစေနဲ့လို့လည်း ဆုတောင်းပေးထားပြန်ပါသေးတယ်။ ဒီသီချင်းလေးထဲမှာတော့ နီလန်းက သူမချစ်သူနဲ့ဖြတ်သန်းခဲ့တဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ထည့်သွင်းထားတာ တွေ့ရပါတယ်။

Image may contain: 3 people, people smiling, outdoor and closeup

Image may contain: 1 person, closeup

Image may contain: 2 people, people smiling, closeup and outdoor

“-ပထမဦးဆုံးအနေနဲ့ ဒီသီချင်းလေးကို Nilen နေရာကနေ အငှားခံစားပြီး နားဆင်ပေးပါ။(တစ်ခုခုတော့ ကျန်ခဲ့မှာပါ) -ကိုယ့်ချစ်သူ အသက်ရှင်နေတုန်း।ကိုယ့်ဘေးမှာရှိနေတုန်း တန်ဖိုးထားပေးပါ။သစ္စာရှိရှိချစ်ပေးပါ။ -ကိုယ့်မှာရှိတဲ့အချစ်တွေ အကုန်လုံးပေးပြီး အပြည့်အဝချစ်ပေးလိုက်ပါ။ချစ်သူကို ပျော်အောင်ထားပါ။(ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး)-သူ့ကို တကယ်ချစ်ရင် သွားခွင့်မပြုပါနဲ့။လက်လွှတ်ဆုံးရှုံးမခံပါနဲ့။သူ့လက်ကိုမြဲအောင်ဆွဲထားပါ။-Nilen ကတော့ သူ့လက်ကိုဆွဲထားချင်ခဲ့ပေမယ့် သူ့ဘေးနားမှာမရှိနိုင်ခဲ့လို့ သူ့ရဲ့နောက်ဆုံးခရီးတောင်တွေ့ခွင့်မရခဲ့ဘူး။-လူတိုင်းလူတိုင်း Nilen လို ဖြစ်ရပ်မျိုးနဲ့ မကြုံရပါစေနဲ့ လို့ Nilen ဆုတောင်းပေးပါတယ်။ -ချစ်တတ်သူတိုင်း ကိုယ်တကယ် ချစ်မြတ်နိုးတဲ့သူတွေနဲ့ ညားနိုင်ကြပါစေ။” တဲ့ နီလန်းတင်ထားတာ စာလေးဖတ်ပြီး ပရိသတ်ကြီးလည်း စိတ်မကောင်းဖြစ်မိမယ်လို့ ထင်ပါတယ်။

Image may contain: 1 person, mountain, sky, outdoor and nature

Image may contain: 1 person, smiling, horse, outdoor and nature

လူတိုင်း လူတိုင်း တနေ့တော့ခွဲခွာကြရမှာမှန်ပေမယ့် ဘဝခရီးလမ်းကို အချိန်တွေအကြာကြီး အတူတကွဖြတ်သန်းနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်။We Love Cele

Video-Nilen Parmawi

Previous Post

သက်ငယ်မုဒိန်းကို သေဒဏ်ပေးလိုက်ရင် မလိုလားအပ်တဲ့ဆိုးကျိုးတွေပိုများလာမယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

Next Post

စိတ်ဓာတ်တွေအောက်ဆုံးထိကျနေရတဲ့ အခက်အခဲတွေအကြောင်းပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

Next Post

စိတ်ဓာတ်တွေအောက်ဆုံးထိကျနေရတဲ့ အခက်အခဲတွေအကြောင်းပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

အရုပ်ပေါင်း (၁၅၀၀) နီးပါးကို ချို့တဲ့ကလေးငယ်များအတွက် သွားရောက်လှူဒါန်းမယ့် အိမ့်ချစ်ချော

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!