• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, August 7, 2022
No Result
View All Result

ယုံကြည်မှုနဲ့ မတည်ပေးလိုက်တဲ့ ကျောက် သိန်းထောင်ချီတန်သွားခဲ့လို့ ပိုလှူဒါန်းနိုင်တော့မယ့် လင်းလင်း

We Love Cele by We Love Cele
August 4, 2019
in အနုပညာ
0

အလှူအတန်းမှာ ဇနီးမောင်နှံနှစ်ဦး စိတ်ရောကိုယ်ပါ ရက်ရက်ရောရော လှူဒါန်းနိုင်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ဦးဟာ အမြွှာ သမီးလေး အမည်တွေနဲ့ ခေတ်သစ်ဖောင်ဒေးရှင်းဆိုပြီး ထူထောင်ထားပါသေးတယ်။ ထိုဖောင်ဒေးရှင်းတွေကနေပြီးတော့ အသက် (၅) နှစ်အောက်ကလေးငယ်တွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလျက်ရှိနေတာဖြစ်ပါတယ်။

Image may contain: 5 people, people smiling, people standing and wedding

Image may contain: 3 people, people smiling, people sitting

Image may contain: 3 people, people smiling, people sitting and closeup

ခေတ်နဲ့သစ်လို့ ချစ်စနိုးခေါ်နေကြတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်နှစ်ယောက်ကလည်း TV Program တစ်ခုကိုရိုက်ကူးပြီး ထိုအစီအစဉ်ကနေရရှိလာတဲ့ အနုပညာကြေးတွေကိုပါ ဖောင်ဒေးရှင်းအတွက် လှူဒါန်းထားတာဖြစ်ပါတယ်။ အဆိုတော်လင်းလင်းဟာ အလှူအတန်းတွေကို ရက်ရက်ရောရော လှူဒါန်းတဲ့အပြင် သမီးလေး ဗစ်တိုးရီးယားရဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် ရပ်တည်ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

Image may contain: 1 person, standing

Image may contain: 1 person, on stage and night

Image may contain: 2 people

ဒီနေ့လေးမှာတော့ လင်းလင်းက အားလုံးအတွက် ဝမ်းသာစရာသတင်းစကားတစ်ခုကိုသယ်ဆောင်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူကိုယ်တိုင် ငွေကြေးမတည်ပေးလိုက်တဲ့ ကျောက်ဟာ သိန်းထောင်ချီတန်သွားခဲ့တာကြောင့် ဒီထက်ပိုပြီး အလှူအတန်းတွေ လုပ်နိုင်တော့မယ်လို့ သူ့ရဲ့ သက်ဆိုင်ရာအကောင့်ကနေ ရေးသားဖော်ပြလာခဲ့တာပါ။

Image may contain: 4 people, people smiling, people sitting, tree, child, outdoor and nature

Image may contain: 4 people, people smiling, people standing

Image may contain: 2 people, people sitting

“အပေါင်းအသင်းဆိုရင် မိသားစုလိုပေါင်းတက်တဲ့ ကိုယ့်အတွက် မိသားစုဆန်တဲ့ အပေါင်းအသင်းတွေဟာ နှစ်ကာလများစွာ တွဲပါလာကြတာပေါ့ တရားဝင်အခွန်ဆောင်ပြီး ကျောက်လော့ဒ်နှစ်လောဒ်ကို သူတို့က ပြိုင်ယူချင်တယ် ကိုယ်ကလဲ ဘာမှနားမလည်သော်လဲ ယုံကြည်မှုနဲ့ မ,တည် ပေးတယ် ဟော အခု အက်ဒစ်မလုပ်ထားတဲ့ ပုံတွေသာရှုစားကြည့်ပါတော့ ကျွန်တော်အတွက်တော့ လိုတာထပ်ပိုရှိလာတဲ့ အသပြာတွေကို နဂိုအလှူအတန်းတွေထပ် ပိုပြီးလှူနိုင်တာပါဘဲ။ အဲဒီထပ်ပိုပြီးမဆန်းကြယ် :))))ဘာဘဲပြောပြော ချစ်ဇနီးလေးကိုလဲ အရမ်းချစ်တယ်(ဟင် ဘာမှလဲမဆိုင်ဘူး ဟိဟိ) သိန်းထောင်ပိုင်းတွေလို့တော့ ပြောတာဘဲ :))))) ဘာမှမလုပ်ရသေးတဲ့ အတုံးတွေလဲ အများကြီးကျန်သေး ပျော်စရာမင်္ဂလာပါဘဲ :)))))” လို့ ဖော်ပြထားတာကြောင့် တကယ့်ကို မင်္ဂလာရှိတဲ့ သတင်းစကားလေးတစ်ခုပဲဖြစ်ပါတယ်။

အများပြည်သူတွေရဲ့အကျိုးတွေကိုပါ တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနေကြသူတွေဖြစ်တဲ့အတွက်ကြောင့် လင်းလင်းတို့မိသားစု ဒီထက်ပိုပြီး လှူဒါန်းနိုင်ဦးမယ်ဆိုတာတော့ အသေအချာပါပဲ။ ဒီသတင်းလေးကိုကြားလိုက်ရလို့ ပရိသတ်ကြီးကလည်း လင်းလင်းတို့မိသားစုနဲ့အတူထပ်တူထပ်မျှ ဝမ်းသာမိမယ်လို့ ထင်ပါတယ်နော်။We Love Cele

Photos-Htwe Lynn Ko

Previous Post

အင်းလေးမှာ မြင့်မြတ်နဲ့အတူ လိုက်ဖက်ညီစွာသရုပ်ဆောင်နေတဲ့ ထိုင်းမင်းသမီးလေး ဆွန်ဆွန်

Next Post

အမေရိကန်ရှိ ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုတွင် ပညာသင်ခွင့်နှင့် ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ ၈ သောင်း ရရှိသွားတဲ့ နော်ဖော်အယ်ထားရဲ့ ညီမ

Next Post

အမေရိကန်ရှိ ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုတွင် ပညာသင်ခွင့်နှင့် ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ ၈ သောင်း ရရှိသွားတဲ့ နော်ဖော်အယ်ထားရဲ့ ညီမ

မဟာဂန္ဓာရုံကျောင်းတိုက်မှာ မြေးလေးအတွက် (၁) နှစ်ပြည့်မွေးနေ့အလှူပြုလုပ်ပေးခဲ့တဲ့ ဘိုးဘိုးလွင်မိုးတို့ မိသားစု

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!