ပရိသတ်တွေရဲ့ အသည်းကျော်လေး လီယျံ (ခေါ်) လွင်ထက်လေးကတော့ ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့မှာ အသက် (၁) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီး ဦးလွင်မိုးရဲ့ မြေးဦးလေး၊ သရုပ်ဆောင် ယွန်းဝတီလွင်မိုးရဲ့ သားဦးလေး လီယျံဟာ အနုပညာသွေးတွေ စီးဆင်းပြီးတော့ မွေးဖွားလာခွင့်ရရှိခဲ့သူလည်းဖြစ်ပါတယ်။ လီယျံကိုတော့ ၂၀၁၈ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ သြစတြေးလျနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့ ဖေဖေ ၊ မေမေတို့ရဲ့ အလှတွေ ပေါင်းစပ်ထားတာကြောင့် လီယျံလေးကို ပရိသတ်တွေကလည်း မွေးစတည်းက ချစ်ခင်အားပေးနေခဲ့ကြတာ တွေ့ရပါတယ်။ သူ့ရဲ့အပြုံး၊ အပြုအမူလေးတွေကြားမှာ လီယျံတစ်ယောက် ပရိသတ်တွေ ရရှိနေခဲ့တာဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကတော့ သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားဖို့ ပြန်သွားခဲ့ရတာကြောင့် သားလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးမှာတော့ သားလေးနဲ့အတူ ရှိမနေနိုင်ခဲ့ပါဘူး။
လီယျံ (ခေါ်) လွင်ထက်ရဲ့ တစ်နှစ်ပြည့်မွေးနေ့အလှူလေးကို ကမ္ဘာအေးမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအလှူလေးမှာ လီယျံတစ်ယောက် လူကြီးလေးလို ပုဆိုးနဲ့ တိုက်ပုံ ဝတ်ဆင်ထားတာကြောင့်လည်း ပရိသတ်တွေရဲ့ အသည်းကို ခြွေချနိုင်ခဲ့ပြန်ပါသေးတယ်။
ဘိုးဘိုးလွင်မိုး၊ ဘွားဘွားမေသူတို့အပြင် အဒေါ်ဖြစ်တဲ့ ယွန်းနဒီလွင်မိုးတို့နဲ့အတူ ပြုလုပ်ခဲ့တဲ့ လီယျံလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ အလှူပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။
ဒီပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်ကြီးက လီယျံ (ခေါ်) လွင်ထက်လေးကို ပိုပိုပြီး အချစ်တွေတိုးသွားမယ်ဆိုတာ အာမ ခံလိုက်ပါတယ်နော်။We Love Cele
Photos-Aye Zaw Moe’s Facebook