• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Wednesday, March 3, 2021
No Result
View All Result

Friend Zone ထဲက မင်းသမီး BaiFern နဲ့သာအပြင်မှာတွေ့ခွင့်ရခဲ့ရင် သူမကို ကြည့်ရဲပါ့မလားတောင်မသိဘူးဆိုတဲ့ ပိုင်တံခွန်

We Love Cele by We Love Cele
August 7, 2019
in အနုပညာ
0

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်လက်လို့ ဆိုရမယ့် ပိုင်တံခွန်ဟာ မြန်မာနိုင်ငံက မိန်းကလေးတွေရဲ့သည်းသည်းလှုပ်အားပေးခြင်းခံနေရာကနေပြီး ထိုင်းနိုင်ငံမှာပါ Fan တွေ ထပ်တိုးရရှိလာတာကို ပရိသတ်တွေမြင်တွေ့ကြရမှာပါနော်။ သူ့ရဲ့ အမိုက်စားခန္ဓာကိုယ်နဲ့ ကိုယ်ပေါ်က တက်တူးတွေကလည်း သူ့ကိုနာမည်ကြီးစေတဲ့အချက်တစ်ချက်ထဲမှာပါဝင်ခဲ့ပါတယ်။ ပိုင်တံခွန်ဟာ လက်ရှိမှာ ထိုင်းနိုင်ငံကိုရောက်ရှိနေပြီးတော့ ထိုင်းနိုင်ငံက ပရိသတ်တွေနဲ့အတူ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person

Image may contain: one or more people and shoes

Image may contain: 1 person, closeup

August လ ၃ ရက်နေ့မှာ ဘန်ကောက်က သူ့ရဲ့ပရိသတ်တွေနဲ့ Fan Meeting တစ်ခုပြုလုပ်ခဲ့ပါတယ်။ ထိုင်းမှာ ပရိသတ်တွေရရှိထားတဲ့ ပိုင်တံခွန်ဟာ ထိုင်းမီဒီယာအချို့ရဲ့ စိတ်ဝင်စားမှုကိုပါ ခံနေရတာဖြစ်ပြီး ထိုင်း ပရိုဂရမ်အချို့မှာလည်း မေး/ဖြေ အင်တာဗျူးတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုင်းပရိသတ်တွေရဲ့ အားပေးမှုကို ခံထားရတာကြောင့် ပိုင်တံခွန်ဟာ ထိုင်းမှာ ဇာတ်လမ်းရိုက်ကူးဖို့ အစီအစဉ်တစ်ခုရှိနေခဲ့တာဖြစ်ပါတယ်။ ထိုင်းမင်းသမီး ဘယ်သူနဲ့ ရိုက်ကူးမယ်ဆိုတာကိုတော့ သိရှိထားခြင်းမရှိပါဘူး။

Image may contain: 4 people, wedding, text and indoor

Image may contain: 2 people, people smiling, people standing and indoor

Image may contain: 6 people, people smiling

ထိုင်းမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာတော့ ထိုင်းစူပါစတားတွေထဲမှာ ပိုင်တံခွန်ဟာ ထိုင်းမင်းသမီးလေး Bai Fern ကိုသဘောကျကြောင်း ဖော်ပြလာခဲ့ပါတယ်။ Bai Fern ဟာ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူး။ သူမရိုက်ကူးထားပြီး အောင်မြင်မှုရရှိထားတဲ့ Friend Zone ရုပ်ရှင်ကားဟာလည်း မြန်မာပရိသတ်တွေရဲ့ အားပေးမှုကိုပါ လက်ခံရရှိထားတာဖြစ်ပါတယ်။ ထိုဇာတ်ကားထဲမှာပဲ Bai Fern ရဲ့ချစ်စရာကောင်းတဲ့ အပြုအမူတွေနဲ့ အလှအပတွေကို ပရိသတ်တွေက အသိအမှတ်ပြုခဲ့ကြရပါတယ်။

Image result for Bai fern

Image result for Bai fern

Image result for Bai fern

Bai Fern ဟာ သူနဲ့တူတဲ့ Type ဖြစ်တာကြောင့် ပိုင်တံခွန်က သဘောကျတယ်လို့ ဆိုပါတယ်။ ပိုင်တံခွန်ဟာ လက်ရှိမှာ သူ့ရဲ့ Girlfriend နဲ့ လမ်းခွဲခဲ့တာ တစ်နှစ်ရှိနေပြီဖြစ်လို့ Single ဘဝနဲ့ပဲ ဖြတ်သန်းနေတာဖြစ်ပါတယ် ။ သရုပ်ဆောင်ပိုင်းမှာ အင်မတန်တော်တဲ့ မင်းသမီးလေး Bai Fern နဲ့သာ အပြင်မှာတွေ့ဆုံဖို့ အခွင့်အရေးရှိခဲ့မယ်ဆိုရင် ပိုင်တံခွန်တစ်ယောက် သူမကို ကြည့်ရဲပါ့မလားတောင် မသိဘူးလို့ အင်တာဗျူးမှာ ဖြေဆိုထားခဲ့တာ တွေ့ရပါတယ်။

Image may contain: 1 person, smiling, flower and plant

Image may contain: 1 person, standing

Image may contain: 1 person, smiling, drink and indoor

ပိုင်တံခွန်တစ်ယောက် အခုလို တိုင်းတစ်ပါးမှာအောင်မြင်မှုရရှိနေတာကြောင့်လည်း မြန်မာပရိသတ်တွေက ဝမ်းသာဂုဏ်ယူနေကြပါတယ်။ ထိုင်းကိုရောက်ရှိနေတဲ့ ပိုင်တံခွန် သူ့ရဲ့ စူပါစတား ထိုင်းမင်းသမီးလေး Bai Fern နဲ့ ဇာတ်လမ်းတွေ ရိုက်ကူးခွင့်ရပါစေလို့ မြန်မာပြည်က ပရိသတ်တွေကလည်း ဆုတောင်းပေးနေမှာပါနော်။ ပရိသတ်ကြီးသဘောကိုရော ပြောပြသွားပေးကြပါဦး။We Love Cele

Photos-Facebook & Google

Previous Post

မဟာဂန္ဓာရုံကျောင်းတိုက်မှာ မြေးလေးအတွက် (၁) နှစ်ပြည့်မွေးနေ့အလှူပြုလုပ်ပေးခဲ့တဲ့ ဘိုးဘိုးလွင်မိုးတို့ မိသားစု

Next Post

အကြီးအကျယ်နမ်းခန်းတွေပါဝင်တဲ့ ပထမဆုံးဇာတ်လမ်းတိုကို ရိုက်ကူးခဲ့တဲ့ ဥက္ကာမင်းမောင်

Next Post

အကြီးအကျယ်နမ်းခန်းတွေပါဝင်တဲ့ ပထမဆုံးဇာတ်လမ်းတိုကို ရိုက်ကူးခဲ့တဲ့ ဥက္ကာမင်းမောင်

သားချောလေး KoeKoe ရဲ့ လှုပ်ရှားမှုတွေကိုကြည့်ပြီး အသည်းတွေယားနေတဲ့ ဖေဖေအောင်သူ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!