• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

သားချောလေး KoeKoe ရဲ့ လှုပ်ရှားမှုတွေကိုကြည့်ပြီး အသည်းတွေယားနေတဲ့ ဖေဖေအောင်သူ

We Love Cele by We Love Cele
August 9, 2019
in အနုပညာ
0

မြန်မာ့လက်ရွေးစင်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူဟာ လက်ရှိ ထိုင်းနိုင်ငံက လိဂ်တစ်ခုမှာ ဝင်ရောက်ကစားနေတာဖြစ်ပါတယ်။ မတ်လ (၂၃) ရက်နေ့က လက်ထပ်ထိမ်းမြားပွဲကို ကျင်းပပြုလုပ်ခဲ့တဲ့ အောင်သူဟာ ဇနီးသည်နဲ့အတူ ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်နေခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သွားပြီဆိုတဲ့ အောင်သူရဲ့ သတင်းဟာလည်း ပရိသတ်တွေကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။

Image may contain: 2 people, people sitting

Image may contain: 2 people, wedding

အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ အချစ်ရေးဟာ LDRS အဖြစ်နဲ့ပဲ လက်တွဲယုံကြည်ပြီး ချစ်ခဲ့ကြတာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အသက်မွေးဝမ်းကြောင်းရာပတ်ဝန်းကျင်ချင်း မတူညီကြပေမယ့် နားလည်မှုတွေနဲ့ ရှေ့ဆက်ချစ်ခဲ့ကြတာ အခုဆိုရင်တော့ သားဦးလေး ဂျူနီယာအောင်သူကိုတောင် ပိုင်ဆိုင်ရရှိနေပြီဖြစ်ပါတယ်။

Image may contain: 1 person, wedding and indoor

Image may contain: 2 people, people smiling

ဇူလိုင်လ (၂၀) ရက်နေ့က သားလေးကို ထိုင်းနိုင်ငံမှာ အောင်မြင်စွာမွေးဖွားခဲ့တဲ့ ဇနီးသည်ကိုလည်း အောင်သူက ကျေးဇူးတင်စကားဆိုထားပါသေးတယ်။ အဲ့ဒီနေ့ကတော့ သူ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ခဲ့ရတဲ့နေ့ဆိုလည်း မမှားပါဘူး။ အောင်သူကတော့ သူနဲ့တူတဲ့ သားလေးတစ်ယောက်ကို အခုချိန်မှာ ပိုင်ဆိုင်ထားရပြီဖြစ်ပါတယ်။

Image may contain: 1 person

Image may contain: 1 person, smiling, sleeping

Image may contain: 1 person

တနေ့ထက်တနေ့ ကြီးပြင်းလာတဲ့ သားလေးရဲ့ လှုပ်ရှားမှုလေးတွေဟာလည်း ဖခင်တစ်ယောက်အတွက် ချစ်မဝတဲ့အပြုအမူတွေပါပဲ။ ဖေဖေအောင်သူတစ်ယောက်ကတော့ ဂျူနီယာအောင်သူရဲ့ လှုပ်ရှားမှုလေးတွေကိုကြည့်ပြီး ပီတိတွေဖြစ်နေသလားဆိုတာကိုမေးစရာတောင်မလိုပါဘူး။ ဒီနေ့မှာပဲ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်ကနေ ဇနီးသည်နဲ့သားလေးရဲ့ လှုပ်ရှားမှု ဗီဒီယိုအတိုလေးကို မျှဝေလာခဲ့တာဖြစ်ပါတယ်။

Image may contain: one or more people, people sleeping and baby

Image may contain: one or more people, people sleeping, baby and closeup

ဒီဗီဒီယိုလေးကိုလည်း ပရိသတ်ကြီးပါ ကြည့်ရှုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele

Photos-Aung Thu

Previous Post

အကြီးအကျယ်နမ်းခန်းတွေပါဝင်တဲ့ ပထမဆုံးဇာတ်လမ်းတိုကို ရိုက်ကူးခဲ့တဲ့ ဥက္ကာမင်းမောင်

Next Post

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ထူးဆန်းလွန်းတဲ့ဓာတ်ပုံတစ်ပုံနဲ့အတူတွဲမြင်တွေ့ရတဲ့ လွင်မိုးနဲ့ ထွန်းအိန္ဒြာဗိုလ်

Next Post

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ထူးဆန်းလွန်းတဲ့ဓာတ်ပုံတစ်ပုံနဲ့အတူတွဲမြင်တွေ့ရတဲ့ လွင်မိုးနဲ့ ထွန်းအိန္ဒြာဗိုလ်

အမေ့အိမ်ကအပြန် အတုယူဖို့ကောင်းတဲ့ ခံယူချက် တစ်ခုကို မျှဝေပေးလိုက်တဲ့ လင်းလင်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!