• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, March 1, 2021
No Result
View All Result

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ထူးဆန်းလွန်းတဲ့ဓာတ်ပုံတစ်ပုံနဲ့အတူတွဲမြင်တွေ့ရတဲ့ လွင်မိုးနဲ့ ထွန်းအိန္ဒြာဗိုလ်

We Love Cele by We Love Cele
August 10, 2019
in အနုပညာ
0

ဒီဓာတ်ပုံလေးကိုကြည့်ပြီး ပရိသတ်တွေ အံ့သြသွားကြမယ်ထင်တယ်နော်။ ဒီဓာတ်ပုံလေးရဲ့ ထူးခြားချက်ကိုတော့ ခုလက်တလော ရုံတင်ပြီးလူကြိုက်တအားများနေတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ သူစိမ်းအိမ်  ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုဖူးသူမှသာ သိနိုင်မယ်လို့ ထင်ရပါတယ်။ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကို ဖန်တီးပုံဖော်သူဟာ ဒါရိုက်တာ ထူးပိုင်ဇော်ဦးဖြစ်ပြီးတော့ ဝါရင့် သရုပ်ဆောင် လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်နဲ့ ဖွေးဖွေးတို့အပြင် အခြားသော အနုပညာရှင်အသစ်လေးတွေ ပါဝင်ထားတာ တွေ့ရမှာပါ။

Image result for လွင်မိုး ထွန်းအိန္ဒြာဗိုလ်

Image result for လွင်မိုး ထွန်းအိန္ဒြာဗိုလ်

Image result for လွင်မိုး ထွန်းအိန္ဒြာဗိုလ်

စိတ္တဇ ပုံစံဖန်တီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေခဲ့တာ တွေ့ရပါတယ်။ ရိုက်ချက်အသစ်အဆန်းတွေနဲ့ လူငယ်ဒါရိုက်တာရဲ့ ဖန်တီးမှုတွေကို ထူးခြားစွာ မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဇာတ်ကားထဲမှာ အားလုံးခေါ်ဝေါ်နေကြတဲ့ မြ ဆိုတဲ့ မိန်းကလေးဟာ လွင်မိုးနဲ့ ထွန်းအိန္ဒြာဗိုလ်တို့ရဲ့ သမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Image may contain: 1 person, text

Image may contain: 6 people, people smiling, people standing and outdoor

Image may contain: 1 person, closeup

မိသားစုလေးတစ်စုရဲ့ သံယောဇဉ်ကြီးမားမှု၊ အဖြစ်အပျက်အမှန်ကို လက်မခံနိုင်မှုတွေကို အကောင်းဆုံးပုံဖော်ထားတဲ့နေရာမှာလည်း လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်နဲ့ မြတို့ မိသားစု (၃) ယောက်ဟာ အသက်ဝင်စွာ ပုံဖော်နိုင်ခဲ့ပါတယ်။ ဝါရင့် သရုပ်ဆောင် နှစ်ဦးရဲ့ အပြောင်မြောက်ဆုံး သရုပ်ဆောင်မှုတွေနဲ့အတူ မြဆိုတဲ့ ကောင်မလေးရဲ့ အပီပြင်ဆုံး သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်ကြီးမြင်တွေ့ကြရမှာပါ။

Image may contain: 11 people, people smiling, phone, selfie and indoor

Image may contain: 1 person, sitting, standing and indoor

ဒီနေ့မှာတော့ သူစိမ်းအိမ်ပရိသတ်ကြီးအတွက် ထူးဆန်းတဲ့ ဓာတ်ပုံလေးတစ်ပုံ ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါကတော့ လွင်မိုးနဲ့ ထွန်းအိန္ဒြာဗိုလ်နဲ့အတူ မြဟာ ငယ်စဉ်ဘဝတည်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတစ်ပုံပဲဖြစ်ပါတယ်။ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ဖူးတဲ့ ကလေးဘဝတုန်းက မြဟာ ဒီဇာတ်ကားထဲမှာလည်း လွင်မိုးနဲ့ ထွန်းအိန္ဒြာဗိုလ်တို့ရဲ့ သမီးအဖြစ် သရုပ်ဆောင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူစိမ်းအိမ်ကြည့်ဖူးတဲ့ ပရိသတ်တွေအတွက်တော့ တအံ့တသြနဲ့ ထူးဆန်းစေမယ့် ဓာတ်ပုံလေးတစ်ပုံဖြစ်မယ်လို့ ထင်မြင်မိလို့ ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele

Image may contain: 3 people, people sitting and people standing

Image may contain: 1 person, smiling, indoor

Photos-သူစိမ်းအိမ်

 

Previous Post

သားချောလေး KoeKoe ရဲ့ လှုပ်ရှားမှုတွေကိုကြည့်ပြီး အသည်းတွေယားနေတဲ့ ဖေဖေအောင်သူ

Next Post

အမေ့အိမ်ကအပြန် အတုယူဖို့ကောင်းတဲ့ ခံယူချက် တစ်ခုကို မျှဝေပေးလိုက်တဲ့ လင်းလင်း

Next Post

အမေ့အိမ်ကအပြန် အတုယူဖို့ကောင်းတဲ့ ခံယူချက် တစ်ခုကို မျှဝေပေးလိုက်တဲ့ လင်းလင်း

မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နေသူ မြန်မာနိုင်ငံသား (၂) ဦးနဲ့ နော်ဝေနိုင်ငံမှာ တွေ့ဆုံခွင့်ရခဲ့တဲ့ နီလန်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!