• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Wednesday, January 20, 2021
No Result
View All Result

အမေ့အိမ်ကအပြန် အတုယူဖို့ကောင်းတဲ့ ခံယူချက် တစ်ခုကို မျှဝေပေးလိုက်တဲ့ လင်းလင်း

We Love Cele by We Love Cele
August 12, 2019
in အနုပညာ
0

အဆိုတော် လင်းလင်းဟာ အတွေးအမြင်တွေပါဝင်တဲ့ စာတစ်ချို့ကိုရေးသားတတ်သူပါ။ သူ့ရဲ့ခံယူချက်၊ အတွေးအမြင်တွေကို ဖေ့ဘုတ်အသုံးပြုသူတွေအပေါ် မျှဝေလေ့ရှိတတ်တာကိုလည်း တွေ့ရပါတယ်။ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီးတော့ လောလောလတ်လတ်အနေအထားမှာပဲ သိန်းထောင်ချီတန်တဲ့ ကျောက်အောင်ထားသူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူချစ်တဲ့ အလှူအတန်းတွေကိုဒီထက်ပိုလုပ်ကိုင်နိုင်တော့မှာပါ။

Image may contain: 1 person, sky, cloud, outdoor, water and nature

Image may contain: 4 people, people smiling, child and outdoor

လင်းလင်းက ဒီနေ့ အမေ့အိမ်ကနေအပြန် သူ့ရဲ့စိတ်ထဲ ဆားခတ်ကြည့်ခဲ့တဲ့ အတွေးအမြင်တစ်ချို့ကိုပြောပြလာပါတယ်။ ဒါဟာ သူ့ရဲ့ခံယူချက်လို့ ဆိုရမယ်ဆိုလည်း မမှားပါဘူး။ သူခံယူထားတဲ့ အကြောင်းအရာဟာ လောကမှာ ယှဉ်ထိုးဖို့ သီလ၊ သမာဓိ စည်းလုံရတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

Image may contain: 3 people, people smiling, sunglasses and outdoor

Image may contain: 2 people, people smiling

“လင်းလင်းဖြစ်တည်ဖို့ ‘လင်းလင်း’ ဘဲလိုတယ် ဆိုတဲ့ အသိတရားတွေနဲ့ သဘာဝလောကကြီးထဲရွက်လွှင့်ဖို့ လင်းလင်း စတင်ရာ ကျွန်တော့် အဖေ၊အမေ နဲ့။ ဟုတ်တာပေါ့,,, ကျွန်တော်တို့အားလုံးဟာ ကိုယ်ဖြစ်တည်ဖို့ ကိုယ် ဘယ်သူလဲဆိုတာ ကိုယ်တိုင်မြင်ဖို့ ကိုယ့်ကိုကိုယ် ရှာဖွေနေကြရတာမဟုတ်လား။ ကိုယ်ဘယ်သူလဲဆိုတာ ကိုယ်တိုင်ရှာဖွေတဲ့အချိန် ကိုယ့်ကိုကိုယ်မမြင်ဘဲ တပါးသူတစ်ယောက်ကို မြင်နေလို့ မဖြစ်ဘူးလေ။ ကိုယ့်ကိုကိုယ်ပြန်ကြည့်တဲ့အခါမှာ တစ်ခြားလူကိုမြင်နေရတယ်ဆိုရင် ကိုယ် ဟာ ကိုယ်မဟုတ်တော့ဘူးပေါ့။ ဒီဟာရဲ့ သဘောတရားအတိမ်အနက်ကို ဆစ်ဂ်မန်ဖရွိုက် ရဲ့ စာတွေထဲမှာ ထင်သာမြင်သာတွေ့ရပါတယ်။ ကိုယ် ဟာ ကိုယ် ဖြစ်တည်ဖို့ ကိုယ် ဘဲလိုပါတယ်။”

Image may contain: 4 people, people smiling, people sitting and child

Image may contain: 3 people, people smiling, people sitting

“ဒီသဘောတရားကို ကျွန်တော် ထပ်ဖြည့်တယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ညီအကိုလေးယောက်ဟာ တစ်ခြားလူတွေနဲ့ ရန်ခဏခဏဖြစ်ကြတယ်။ အဲဒီမှာ ဉာဏ်ရည်ဖွင့်ဖြိုးတဲ့ အကိုဆရာတစ်ယောက်က ‘ဟဲ့ရောင် မောင်လင်း မင်းကွာ လက်တွေဒုတ်တွေ နဲ့ ရိုက်ကြ နှက်ကြ ယှဉ်ထိုးကြတာ ရှက်စရာကြီး။ မှတ်ထား ဘဝမှာသတ္တိရှိရင် သီလ ခြင်းယှဉ်ထိုး၊ သမာဓိ ခြင်းယှဉ်ထိုး၊ ရပ်တည်ချက်ခြင်း ယှဉ်ထိုး ရတယ်ကွ မှတ်ထား’ တဲ့။ ဟုတ်ပ မှန်လိုက်တာ။ လောကမှာ ကိုယ် ဟာ ကိုယ် ဖြစ်တည်ဖို့ ကိုယ့်ကိုကိုယ် ရှာဖွေတဲ့အခါမှာ စိန်ခေါ်မှုတွေကို သီလ ခြင်းယှဉ်ထိုး၊ သမာဓိ ခြင်းယှဉ်ထိုး ၊ ရပ်တည်ချက်ခြင်း ယှဉ်ထိုး။ အဲဒါအပြင်ကျွန်တော်က ထပ်ဖြည့်ပြီး ကြိုးစားမှုခြင်းပါ ယှဉ်ထိုး၊ ယုံကြည်မှုခြင်းပါ ယှဉ်ထိုး ပါတယ်။”

Image may contain: 1 person, smiling, sitting and sunglasses

Image may contain: 3 people, people smiling, people sitting, closeup and outdoor

“သဘောတရားကဒီလိုပါ။ မိသားစုပေါ် တန်ဖိုးထားတာခြင်း ယှဉ်မယ်ဆိုရင် လူရှေ့သူရှေ့နဲ့ လူမြင်ကွင်းမှာ ကိုယ့်မိသားစုကို ချစ်ပြတာက အဓိကမဟုတ်ပါဘူး။ ကိုယ့်မှာ မိသားစုရယ်လို့ ရှိပြီဆိုရင် လူမသိသူမသိ နောက်ကွယ်မှာ နောက်မီးလင်းတာမျိုး၊ ခွက်ပုန်းကုတ်ကမျင်း လုပ်တာမျိုးက အဓိကရှောက်ကျဉ်ရမယ့် မိသားစုစည်းပေါ့။ အဲဒီ သီလ၊သမာဓိ စည်း လုံရင် ရပြီဗျာ ယှဉ်ထိုးလို့။ အဲဒီ စည်း မလုံဘဲနဲ့ စိန်ခေါ်မှုအလံကိုင် တက်လာတဲ့လူတွေကို ဘာမှစောက်ဖတ်လုပ်စရာမလိုဘူး။ ခုနက အရာတွေနဲ့သာ ယှဉ်ထိုး။ သူ့ဟာသူပြိုလဲသွားလိမ့်မယ်။”

Image may contain: 3 people, people smiling, people sitting and closeup

Image may contain: 1 person, standing

“အနုပညာမှာလဲ ဒီသဘောဘဲ။ သီလခြင်း ယှဉ်ထိုး၊ သမာဓိခြင်းယှဉ်ထိုး၊ ရပ်တည်မှုခြင်း ယှဉ်ထိုး၊ ကြိုးစားမှုခြင်း ယှဉ်ထိုး။နိုင်ငံရေးမှာလဲ ဒီသဘောဘဲ။ သီလခြင်း ယှဉ်ထိုး၊ သမာဓိခြင်းယှဉ်ထိုး၊ ရပ်တည်မှုခြင်း ယှဉ်ထိုး၊ ကြိုးစားမှုခြင်း ယှဉ်ထိုး။ စီးပွားရေးလဲ ဒီသဘောဘဲ၊ တရားရေးလဲ ဒီသဘောဘဲ၊ လူမှုရေးလဲ ဒီသဘောဘဲ။ ရှိသမျှခေါင်းစဉ်အမျိုးမျိုးနဲ့ အရေး တွေမှာ သီလခြင်း ယှဉ်ထိုး၊ သမာဓိခြင်းယှဉ်ထိုး၊ ရပ်တည်မှုခြင်း ယှဉ်ထိုး၊ ကြိုးစားမှုခြင်း ယှဉ်ထိုး။”

Image may contain: 1 person, on stage and night

“ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ ကိုယ့်ကိုကိုယ် ရှာဖွေမတွေ့ရှိဘဲ ကိုယ် ဘယ်သူလဲ(ငါဘာကွ) လုပ်နေတဲ့သူတွေ။ အများမှ အများကြီးပါဘဲ။ အဲဒီလို လူတွေဟာ တစ်ပါးသူတစ်ယောက်နဲ့ သီလခြင်း ယှဉ်ထိုး၊ သမာဓိခြင်းယှဉ်ထိုး၊ ရပ်တည်မှုခြင်း ယှဉ်ထိုး၊ ကြိုးစားမှုခြင်း ယှဉ်ထိုး တော့မယ်ဆိုရင် ဒီလိုပြောတက်ကြတယ်။ ” ဟေ့ရောင် မင်း ဇ ရှိလား? သတ္တိရှိလား? မိုက်ရင် ငါ့ ဘုရား နဲ့ ချ မလား “( ဘာမှဟုတ်ဘူး။ အမေ့အိမ်က အပြန် စိတ်ထဲ ဆားခတ်ကြည့်တာ )”

ဒါတွေကတော့ လင်းလင်းရဲ့ ခံယူချက်တစွန်းတစတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကရော သူ့ရဲ့ခံယူချက်တွေအပေါ်မှာ ဘယ်လိုမျိုး အမြင်ရှိလဲဆိုတာကို မျှဝေပြီးဆွေးနွေးခဲ့ပေးကြပါဦး။We Love Cele

Photos-Htwe Lynn Ko

 

Previous Post

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ထူးဆန်းလွန်းတဲ့ဓာတ်ပုံတစ်ပုံနဲ့အတူတွဲမြင်တွေ့ရတဲ့ လွင်မိုးနဲ့ ထွန်းအိန္ဒြာဗိုလ်

Next Post

မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နေသူ မြန်မာနိုင်ငံသား (၂) ဦးနဲ့ နော်ဝေနိုင်ငံမှာ တွေ့ဆုံခွင့်ရခဲ့တဲ့ နီလန်း

Next Post

မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နေသူ မြန်မာနိုင်ငံသား (၂) ဦးနဲ့ နော်ဝေနိုင်ငံမှာ တွေ့ဆုံခွင့်ရခဲ့တဲ့ နီလန်း

ရတနာသုံးပါးဂုဏ်ကျေးဇူးကြောင့် ယာဉ်မတော်တဆမှုဖြစ်ခဲ့ပေမယ့် အန္တရာယ်ကင်းခဲ့တယ်ဆိုတဲ့ မိုးပြည့်ပြည့်မောင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!