မြန်မာအိုင်ဒေါ Season-3 ကနေ ပရိသတ်အားပေးမှုကို လက်ခံရရှိလာတဲ့ နီလန်းတစ်ယောက် အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ အရွယ်ငယ်ပေမယ့် အသံအားပြင်းပြင်းနဲ့ ပရိသတ်တွေ အသိအမှတ်ပြုခဲ့ရတဲ့ နီလန်းဟာ လက်ရှိမှာ နော်ဝေနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီးတော့ သူမဘဝရဲ့ အမှတ်ရစရာနေ့လေးတစ်နေ့ကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။
အဲ့ဒါကတော့ မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နေကြတဲ့ မြန်မာနိုင်ငံသား (၂) ဦးနဲ့ ဆုံတွေ့ခွင့်ရခဲ့ခြင်းပဲဖြစ်ပါတယ်။ စိုင်းဇွန်ဖ နဲ့ ကိုအောင်ကျော်ဝင်းတို့ဟာ မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ကြမှာဖြစ်ပြီးတော့ နိုင်ငံပေါင်း (၃၀) ကျော်ကို ဖြတ်သန်းကြမှာဖြစ်ပါတယ်။ ကီလိုပေါင်း (၃) သောင်းကျော် ခရီးကိုသွားနေကြတာဖြစ်ပြီး မေလ (၂၆) ရက်နေ့တည်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။
နီလန်းဟာ နော်ဝေနိုင်ငံကိုရောက်ရှိနေတဲ့အချိန်မှာ ကိုစိုင်းဇွန်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့နဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် ပန်းခြံကိုပါ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ (၁၀.၈.၂၀၁၉) အဲ့ဒီနေ့လေးကတော့ နီလန်းအတွက် ဂုဏ်ယူစရာကောင်းတဲ့ နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။
“မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ Myanmar 🇲🇲 နိုင်ငံသားနှစ်ဦးနဲ့ Nilen နဲ့ Norway 🇳🇴 နိုင်ငံမှာ တွေ့ဖြစ်ကြ..☺️#motourlogue ဒီနေ့တော့ တကယ့်ကို မေ့မရတဲ့ အမှတ်တရနေ့လေးတစ်နေ့ပါပဲ…🏍 🇳🇴♥️🇲🇲 🏍Arendal မှာ Breakfast စားရင်း ဖုန်းလာတယ်… Nilen ကို မြန်မာပြည်က တွေ့ချင်တဲ့သူရောက်လာတယ်ဆိုပြီး အန်တီတစ်ယောက်က ဖုန်းဆက်တော့ အရမ်းလန့်သွားတယ်… ဘယ်သူလဲပေါ့”
“နာမည်က Sai Zom Pha တဲ့… ရုတ်တရက်ဆိုတော့ မသိဘူးအော်လို့ပြောလိုက်တာ… ခဏပြန်စဉ်းစားပြီး Ohhh 😲 Myanmar Idol က Nilen တို့ရဲ့ Producer ကြီးဆိုတာသိလိုက်တဲ့အချိန်မှာ တော်တော်လန့်သွားတယ်…. Ko Sai ကလည်း Surprise တိုက်တာကိုး”
“အဲဒါနဲ့ မမှီမှာစိုးလို့ အပြေးသွားတွေ့တာ… မြန်မာပြည်ကနေ မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ Ko Sai နဲ့ Ko Aung ကိုတွေ့လိုက်ရတော့ အရမ်းကို ပျော်သွားတယ်… သူတို့ မြန်မာပြည် ကနေ စထွက်ကတည်းက အရမ်း အားကျခဲ့တာကိုး….မထင်မှတ်ပဲ Norway 🇳🇴 နိုင်ငံမှာ တွေ့ဖြစ်ကြတယ်။”
“အချိန်သိပ်မရပေမယ့်….အမေစု ပန်းခြံကိုလည်း သွားလည်ဖြစ်ကြတယ်။သစ်ပင်လည်း စိုက်ဖြစ်ကြတယ်။ သေနတ်လည်း ပစ်ခဲ့တယ်။အရမ်းကို ပီတိဖြစ်မိပါတယ်။ အခုတော့ မိုးထဲမှာ ခရီးဆက်နေကြပါပြီ။ လမ်းခရီးဖြောင့်ဖြူးကြပါစေ။Nilen ကို သတိတရ ရှိပေးတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ အခုလို မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နေကြတဲ့ မြန်မာနိုင်ငံသား နှစ်ယောက် Ko Sai နဲ့ Ko Aung ကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူပါတယ်။ 🎉 မြန်မာပြည်မှာ ပြန်တွေ့ကြမယ်။” လို့ သူမရဲ့ လူမှုကွန်ယက်အကောင့်ပေါ်ကနေ ရေးသားလာခဲ့တာပါ။
ချစ်သော နီလန်းလေးရဲ့ မမေ့နိုင်တဲ့ နေ့တစ်နေ့ က ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele
Photos-Nilen Parmawi