ပန်ပန်လို့ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ ဆုပန်ထွာဟာ ချစ်ဖို့ကောင်းပြီး၊ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေး Roar Roar ကလည်း သူမဘဝအတွက်တော့ ဘုရားပေးတဲ့ ဆုလာဘ်လေးတစ်ခုပါ။ အနုပညာအလုပ်တွေကိုလည်း ပရိသတ်တွေ လက်ခံအားပေးမှုဒီနေ့ ဒီအချိန်ထိ ရရှိအောင် စွမ်းဆောင်ထားနိုင်သူလည်းဖြစ်ပါတယ်။
ယနေ့ (၁၅.၈.၂၀၁၉) ဝါခေါင်လပြည့်နေ့လေးဟာ အေးချမ်းသာယာလှပတဲ့ ပြင်ဦးလွင်မြို့နဲ့ နောင်ချိုမြို့အတွက်တော့ ကံဆိုးမှုတွေ ကျခဲ့တဲ့ နေ့လေးတစ်နေ့ဖြစ်ပါတယ်။ မနက် (၅) နာရီကျော်လောက်မှာ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် မြို့ခံပြည်သူလူထုတွေ စိုးရိမ်ကြောက်လန့်ခဲ့ရပြီး မြို့တွင်းထဲမှာလည်း အသွားအလာတွေ နည်းပါးသလောက် ခြောက်ကပ်နေခဲ့တာဖြစ်ပါတယ်။
ဒီလိုပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ ပြင်ဦးလွင်မြို့လေးကို ဆုပန်ထွာတစ်ယောက်လည်း ရောက်ရှိနေတာဖြစ်ပြီးတော့ သူမဟာ သာယာလှပလွန်းလှတဲ့ ခြံလေးတစ်ခြံကိုဝယ်ယူဖို့အတွက်ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ သူမအတွက် စိတ်ပူပြီးဖုန်းဆက် ရန်ကုန်ဆင်းလာဖို့ ပြောခဲ့ပေမယ့် သူမကတော့ ဒီတစ်ရက်လေးအတွင်းမှာ သူမလုပ်ဆောင်စရာရှိတဲ့ ကိစ္စရပ်တွေကို မကြောက်မလန့် လုပ်ဆောင်ခဲ့တယ်လို့ ဆိုလာပါတယ်။
“15.8.2019 ကိုယ်မိသားစုလေး ဒီခြံလေးဝယ်ဖို့တော်တော်ကြိုးစားရပါတယ်။ အသက်ကြီးလာတဲ့အခါ သားတော်မောင်နဲ့ အဖိုးကြီး၊အဖွားကြီးနှစ်ယောက် အေးအေးလူလူပြင်ဦးလွင်မှာနေချင်တာရယ် တစ်ထပ်အိမ်လှလှလေးဆောက်ဖို့ရယ်ကကိုယ့်စိတ်ကူး။ 🏡🏡🏡 ကိုယ်ချစ်ရသောသူများကိုလည်း အသက်ကြီးလာတဲ့အခါအတူတူနေချင်လို့ လိုက်လိုက်ဝယ်ပေးရတာအမော၊ လုပ်ပေးရင်းစိတ်ကူးနဲ့ကိုယ်ကပျော်နေမိတာလေ။❤️❤️❤️”
“ဒီနေ့ပြင်ဦးလွင်မှာ ဘယ်သူမှမသွားရဲမလာရဲကြ။ပြဿနာပေါင်းစုံဖြစ်နေလည်း ကိုယ်ကတော့အသွားမပျက် ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေ မကြောက်မလန့်လျောက်သွားပစ်လုပ်ပစ်ရတာပဲ။ တချို့သူငယ်ချင်းတွေစိတ်ပူပြီး အခုချက်ချင်းရန်ကုန်ပြန်ဆင်းတော့ဆိုတာချည်းပဲ။ စိတ်ပူပေးတဲ့သူတစ်ယောက်ချင်းဆီတိုင်းကျေးဇူးပါ။နောက်တစ်ရက်ပြင်ဦးလွင်ထပ်လာဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ ဒီတော့ဒီနေ့ပီးအောင်လုပ်မှဖြစ်မှာလေ။ Roar Roar လေးကျောင်းတက်နေရတာမို့ သူ့နားလည်းနေပေးရဦးမှာမို့။၂ရက်လောက်ထားခဲ့ရတာ၊ မနက်ကအိပ်မက်ထဲကိုယ့်မှာငိုလိုက်ရတာလေ။”
“အခုလည်း ခမည်းခမက်အတွက်သူတို့ခြံကြီးငွေချေစာချုပ်ချုပ်တာ ကိုယ်ကိုယ်တိုင်လုပ်ပေးရမှ။ ကိုယ်လည်းနေဖို့ဝယ်တာမို့ မြေခိုင်ခိုင်မာမာရှိဖို့ရယ်၊အိမ်ဆောက်ဖို့ဖြစ်ရယ်အဓိကပါ။ အခုတော့အားလုံးကိစ္စတွေပြီးပြီမို့စိတ်အေးရပါပြီ။” လို့ ဇနီးမောင်နှံ (၂) ဦး ယနေ့ ပြင်ဦးလွင်က အတွေ့အကြုံလေးတွေကို မျှဝေပြောပြလာခဲ့တာပါ။

ပန်ပန်တစ်ယောက် သားလေးကို ချစ်တဲ့ စိတ်တွေကြောင့် သားလေးရဲ့အနားမှာနေပေးရမယ့် စိတ်တွေကြောင့် အန္တရာယ်များနေတဲ့ကြားထဲက သူမရဲ့ လုပ်ငန်းတွေကို ပြီးပြတ်အောင်ဆောင်ရွက်ခဲ့တာပါ။ သူမ ရည်မှန်းထားတဲ့ အိပ်မက်လေးလည်း အမြန်ဆုံးပြည့်စုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။We Love Cele
Photos-Supan Htwar