ပန်ပန်လို့ ချစ်စနိုးလေးနဲ့ ခေါ်ဝေါ်ကြတဲ့ ဆုပန်ထွာတစ်ယောက် မိခင်ဘဝကို လက်တွေ့မှာ ရင်ဆိုင်ဖြတ်သန်းနေရပါပြီ။ ချစ်စရာသားလေး Roar Roar ကြောင့် ပန်ပန်တစ်ယောက် မျက်ရည်ကျနေရတဲ့ နေ့ရက်တွေဟာလည်း မိခင်ဘဝရောက်မှသာ ခံစားခွင့်ရတဲ့ ခံစားချက်လေးပါ။ ဒီခံစားချက်လေးကိုတော့ မိခင်ဖြစ်ဖူးသူတိုင်း နားလည်ကြမယ်လို့ ထင်ပါတယ်။ မွေးစတည်းကနေ မိခင်ရင်ခွင်ထဲမှာ နေ့စဉ်နဲ့အမျှ ရှင်သန်ကြီးပြင်းလာခဲ့ပြီး ကျောင်းတက်ရတော့မယ်ဆိုတဲ့အချိန်တွေဟာ သားသမီးရော၊ မိဘပါ ရင်ကွဲနာကျလုမတတ် ခံစားဖြတ်သန်းနေကြရတာပါ။
ဒီလိုအခြေအနေကို ပန်ပန်တစ်ယောက်လည်း အားတင်းပြီး ရင်ဆိုင်ဖြတ်သန်းနေရပါပြီ။ ပန်ပန်ကတော့ သူမရဲ့ သားငိုလိုက် အမေငိုလိုက်နဲ့ ဖြစ်နေတဲ့ နေ့ရက်တွေအကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးသားထားတာကြောင့် မိခင်တစ်ယောက်ရဲ့ မေတ္တာတွေ ဘယ်လောက်တောင်ကြီးမားတယ်ဆိုတာကို ဖတ်မိသူတိုင်း ခံစားမိကြမှာပါ။ ပန်ပန်ရဲ့ ရင်တွင်းခံစားချက်လေးကို ပရိသတ်ကြီးကလည်း မျှဝေပြီး ဖတ်ရှုပေးကြပါဦးနော်။
“သားငိုလိုက်အမေငိုလိုက်ဖြစ်နေသောနေ့ရက်များ😥😥😥😭😭😭သားလေးကျောင်းပျော်လေးဖြစ်ဖို့ ❤️❤️❤️ပထမဆုံးတက်တဲ့ရက်တော့ပြုံးလို့ရွင်လို့၊ အိမ်ကနေသွားကတည်းက School သွားချင်လွန်းလို့သူ့ခင်ဗျာ တက်တက်ကြွကြွ၊ သူ့ဒယ်ဒယ်ကိုတောင် School လိုက်ပို့ဖို့အိပ်ယာနှိုးတဲ့ကလေး။ကျောင်းရောက်လို့ဘေဘီတွေတစ်ခန်းလုံးငိုကြတော့ နောက်နေ့သူပါဝမ်းနည်းပက်လက်ဖြစ်ဖြစ်လာပြီး နေ့တိုင်းငိုတော့တာ သူလည်းမျက်ရည်နဲ့မျက်ခွက်၊ ဒီအမေလည်းမျက်ရည်နဲ့မျက်ခွက်။ အရင်က တစ်ပတ်တစ်ရက် ၁ နာရီပဲ Heguru တက်ရတော့ ဒယ်ဒယ် ဒါမှမဟုတ် မာမားအမြဲပါတော့ သူ့အတွက်မသိသာလှပေမယ့် အခုကမနက်၈နာရီကနေ နေ့လည် ၂:၃၀ထိဆိုတော့ သူစိမ်းတွေကြားထဲ မျက်စိသူငယ်နားသူငယ်နဲ့ ငိုပဲနေတော့တာ။”
“သူကငိုတာတောင်အပြောလေးနဲ့ငိုတာဆိုတော့ ပိုဆိုးတာပေါ့လေ။ မအေကသားပညာတတ်ကြီးဖြစ်ဖို့ ကျောင်းသွားရမှာပဲလို့ပြောတော့ !အဲ့ဒိနေ့ကစပြီး “Roar Roar မနေ့ကကျောင်းတက်တယ် ပညာတတ်ကြီးဖြစ်ပြီကျောင်းသွားဖို့မလိုတော့ဘူးနော် မာမား” တဲ့🥺Roar Roar ကျောင်းမတက်တော့ဘူးပညာတတ်ကြီးဖြစ်သွားပီ” ဒါပဲတတွတ်တွတ်။ 🥺”
တစ်နေ့တစ်မျိုးမရိုးရတဲ့စကားလုံးတွေ 🥺🥺🥺”Roar Roar လည်းအိမ်မှာနေချင်တာပေါ့”🥺”Roar Roar မနေခဲ့ချင်လို့လေ၊အိမ်မှာလုပ်စရာလေးရှိလို့ပါ၊ပြန်လိုက်ပါရစေ”🥺”Roar Roar အိမ်မှာမဆိုးတော့ပါဘူး။လိမ်လိမ်မာမာနေမှာပါနော်။Roar Roar ကိုမထားခဲ့ပါနဲ့”🥺”မားမားကို Roar Roar ကချစ်လို့အသားလေးအမြဲထိထားချင်ရို့ပါ၊အိမ်ပြန်လိုက်မယ်နော် မာမား”🥺”Roar Roar အပြင်မသွားချင်တော့ဘူး၊အိမ်မှာပဲနေပါရစေ” “ဒယ်ဒယ်နဲ့မာမားကို Roar Roar က Pizza ဝယ်ကျွေးမှာ။ပြန်လိုက်မှဖြစ်မှာပါဆို။” Roar Roar ကမားမားကိုချစ်တာ တုန်နေတာပါ။ မနေခဲ့ချင်ဘူးနော်” ကိုယ်မှတ်မိသလာက်သူ့အပြောလေးတွေ 😭😭😭 ကျောင်းတက်တာ ၂ပတ်ရှိပီ။ မျက်နှာကလည်းအမြဲမျက်နှာငယ်လေးနဲ့ အရင်ကသူ့မျက်နှာအရိပ်တကြည့်ကြည့် တချက်မညိုညင်စေရထားခဲ့တဲ့ ဒီအမေအတွက်တော့ “ပွဲ” ပဲ။
နို့ဖြတ်တုန်းကခံစားခဲ့ရသလိုမျိုး မားမားနို့မစို့ရလို့အာပြဲနဲ့နေ့နေ့ညညငိုတာကို ဒီတိုင်းမျက်ရည်တေကျပီးထိုင်ကြည့်ခဲ့ရသလိုမျိုးပဲခံစားရတယ်။ ဒီပိစိကွေး ၆လကျော်လေးက နို့ဗူးဖျော်တိုက်တာကို လုံးဝမစို့ပဲ ခေါင်းမာစွာနဲ့ ၃ ၄ ရက်လောက်မစို့ပဲနေခဲ့ဖူးတယ်။ အဲ့ဒိကတည်းက သားလေးက ဇွဲကြီးတယ်၊ခေါင်းမာတယ် ဆိုတာတော့သိလိုက်ပီလေ။ ကျောင်းပို့ပြီးရင်သူ့ထားခဲ့ပြီးတာနဲ့ ကားပေါ်ရောက်တာနဲ့ကိုယ်လည်းချုံးပွဲချငို…😭😭😭…ဪ ဆုပန်ထွာ စိတ်ဓါတ်တွေမာကျောလှပြီလို့ကိုယ်ကိုယ်ကိုယ်ထင်ထာ။ ဂွမ်းပီပေါ့ 😥
သားတစ်ယောက်ဘဝမှာ ပညာတတ်ဖို့၊ကိုယ့်ဘဝကိုယ်လျောက်နိုင်ဖို့၊အမှားအမှန်တွေခွဲခြားတတ်ဖို့၊ကိုယ့်လမ်းကိုယ်အရည်အချင်းအပြည့်နဲ့လျောက်နိုင်ဖို့အတွက် 💪🏻 ဒီကျောင်းစထားတဲ့ကာလကို မားမား ကြိုးစားပြီးကျော်ဖြတ်နေရပါပြီ။အမှန်တကယ်တော့ ကလေးကအိမ်နဲ့ခဏခွဲနေရတာလေးပါ။ ကလေးရော မအေရော Stress တွေများ၊ပင်ပန်းတာလည်း အမှန်ပါပဲ။ကိုယ်အရင်အိပ်ပုတ်တဲ့သူက မနက် ၅:၃၀ ရင်နိုးနေပီ။ သူ့ကိုနို့ဗူးအပြည့်ဗိုက်ထဲထည့်ပေးရတာလည်းအလုပ်တစ်လုပ်၊ ကျောင်းသွားရင်းကားပေါ်တခုခုကျွေး၊ပြီးရင် ကလေးတွေကျောင်းတက်ရင် Stress တွေများတာမို့ “Enervon-C Kidz တိုက်ပေးရတာတစ်လုပ်။ ကြော်ငြာတာ ဟုတ်ဘူးတကယ်တိုက်ပေးဖြစ်တာပါ။
ကျောင်းမှာ ထမင်းခွံမကျွေးတာစည်းကမ်းထားတာမို့ ငါ့သားလေးစားတတ်ပါ့မလားဆိုပြီး၊ Teacher ပြောကတည်းကအိမ်မှာသွသူစားတတ်အောင် ကြိုးစားရပြန်ရော၊စားခိုင်းရပြန်ရော။ ကိုယ်တွေကအိမ်မှာ ထမင်းကိုမဝင်ဝင်အောင်ခွံကျွေးခဲ့တာကိုး။ အိမ်မှာဆိုလည်းရေတောင်တောင်းသောက်စရာမလိုအောင်ရေအကြိမ်ကြိမ်တိုက်နေတာဆိုတော့။ စစချင်းကျောင်းသွားကြိုတဲ့ ၂ ရက်လောက် ကလေးကအာတွေခြောက်၊ဗိုက်တွေဆာနဲ့ Teacher တွေနဲ့လည်းမရင်းနှီးသေးတော့ သူ့ခင်ဗျာတော်တော်သနားစရာ ရေငတ်၊ဗိုက်ဆာနဲ့လေ။အဲ့ဒိကစဒီမအေအကုန်သင်ပြီလေ။ ရေဆာရင်သားရေဗူးလေးရှိတယ်၊ရေဆာတယ်လို့အခုမာမားကိုပြောသလို Teacher တွေကိုပြောလို့ရတယ်သူတို့သားကိုတိုက်မှာပေါ့။ ၊ထမင်းစားလည်းမာမားသင်ပေးထားတာ သားဝင်အောင်စားရမယ်။၃နှစ်မပြည့်သေးတဲ့ကလေးအမှန်တကယ်တော့ ငယ်လွန်းသေးတယ်လေ။ ရေးရင်းနဲ့တောင်ငိုချင်လာတယ် တကယ်။
အခု၃ပတ်မြောက်အစမို့ကလေးရောအမေရောတည်ငြိမ်လာပါပြီ။သားလေးကျောင်းတက်တာ ၂ ပတ်ရှိပြီမို့ Roar Roar လည်းမငိုတော့သလို၊ မာမားလည်းသားကိုတတွတ်တွတ်သင်ရတာ အသားကျလာပါပြီ။ ဒီစာလည်းရေးလိုက်၊မအားလိုက်၊ပြန်ရေးလိုက်နဲ့ ဒီညမှ အဆုံးသတ်ဖြစ်ပါတယ်။အခုသူဒီကျောင်းတက်ဖို့ လင်မယားနှစ်ယောက်အလုပ်တွေကြိုးစားပြီးရှာထားတဲ့ပိုက်ဆံ၊ချွေးနဲစာနဲ့ထားရတာမို့ ပန်ပန့်အတွက်တော့တော်တော်လေးတန်ဖိုးကြီးပါတယ်။ လင်မယားနှစ်ယောက်လုံးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကြတဲ့သူတွေဖြစ်တဲ့အတွက် ဂုဏ်ယူစွာနဲ့ ကြိုးစားရင်းသားလေး Roar Roar ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးကြပါမယ်။
ဒါကလည်းမိဘတိုင်းကြိုးစားကြရတာပါပဲ။ ပန်ပန်အခုခံစားရတာမျိုးလည်း ဖခင်တိုင်းမိခင်တိုင်းခံစားရမှာမလွဲမသွေပါပဲလေ။ မထူးဆန်းလောက်ပါဘူး။ဒီရက်ပိုင်းတွေကိုယ်ကိုတိုင်လည်း အိပ်ပျက်တာရောပင်ပန်းတာရော၊Roar Roar ကိုသနားတာရော Stress တွေများနေတာမို့ လူမှူရေးတွေလစ်ဟင်းတာတွေလည်းခွင့်လွှတ်ပေးကြဖို့ တောင်းပန်ရင်း………🙏🙏🙏😥😥😥ကျောင်းမှာ ကလေးတွေ Privatize အရသူတို့အခန်းနားဓါတ်ပုံမရိုက်ရတာမို့ ပုံတေသိပ်မရှိသလို မတင်ရတာမို့ ရှိတဲ့ပုံလေးနဲ့ ညီမလေးသိမ်မွေ့တို့ရဲ့Sunday Journal က ပုံလေးတွေရောတင်ပါတယ်။ သားကြီးလာတဲ့အခါ ဒီစာလေးတွေပုံလေးတွေက အမှတ်တရဖြစ်စေဖို့ပါ။
ဒီလိုအခြေအနေမျိုးမှာရော မေမေတွေ ပန်ပန့်လိုပဲ ခံစားနေကြရမယ်လို့ ထင်ပါတယ်။ သားသမီးပညာတတ်ကြီး၊ လူတော်ကြီးဖြစ်ဖို့အတွက် မိဘရင်ခွင်ကနေ ခဏတာ ဆွဲထုတ်ထားရတဲ့ အချိန်တွေဟာ ဘယ်လောက်တောင်ခံစားရမလဲဆိုတာ ပန်ပန်ရဲ့ ဒီစာလေးကို ဖတ်မိသူတိုင်း နားလည်နိုင်မယ်လို့ မျှော်လင့်မိပါတယ်နော်။We Love Cele
Photos-Su Pan Htwar