• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

ဘောလုံးကွင်းထဲကို ကွင်းဆင်းလေ့လာနေပြီဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ ချစ်စရာသားလေး ကိုကိုး

We Love Cele by We Love Cele
September 25, 2019
in အနုပညာ
0

နိုင်ငံ့လက်ရွေးစင်ဘောလုံးသမား အောင်သူဟာ လက်ရှိ ထိုင်းကလပ်တစ်ခုမှာ သွားရောက်ကစားနေတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လပိုင်းတုန်းက မင်္ဂလာပွဲကျင်းပခဲ့ပြီးဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့က လက်ရှိမှာ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ရရှိထားနေပြီဖြစ်ပါတယ်။ ကိုကိုးလို့ ချစ်စရာနာမည်ပေးထားတဲ့ သားလေးဟာ ဖခင်လိုပဲ နိုင်ငံကျော် ဘောလုံးသမားဖြစ်မလား၊ မိခင်လိုပဲ အနုပညာသွေးတွေစီးဆင်းပြီး အနုပညာရှင်ဖြစ်လာမလားဆိုတာတော့ စိတ်ဝင်စားစရာတစ်ခုပါပဲနော်။

Image may contain: 2 people, baby and closeup

Image may contain: 2 people, baby

Image may contain: one or more people, people standing and outdoor

Image may contain: one or more people, people standing and shoes

သားလေးကိုကိုးကို ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ သားယောက်ကျားလေးဖြစ်နေလို့ အောင်သူတစ်ယောက် ပျော်ရွှင်မှုတွေ အတိုင်းအဆမရှိဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ လက်ရှိမှာလည်း မိသားစု (၃) ယောက်လုံးဟာ ထိုင်းနိုင်ငံမှာပဲ နေထိုင်နေကြတာပါ။ ဇနီးမောင်နှံ (၂) ယောက်လုံးဟာ အားပေးသူ ပရိသတ်တွေ အများကြီးရရှိထားတာဖြစ်တာကြောင့် သားလေးကိုကိုးကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတာဖြစ်ပါတယ်။

Image may contain: 1 person, sleeping and indoor

Image may contain: one or more people, people sleeping, baby and closeup

Image may contain: 1 person, sleeping and closeup

ကိုကိုးလေးကတော့ (၂) လကျော်လာပြီ ဖြစ်ပြီးတော့ ဘောလုံးကွင်းထဲကို သွားရောက်လေ့လာကွင်းဆင်းနေပြီလို့ မိခင်ဖြစ်သူက ချစ်စဖွယ်လေးနဲ့ စနောက်ပြောဆိုထားတာကို တွေ့ရပါတယ်။ ဖခင်ဖြစ်သူရဲ့ လေ့ကျင့်ရေးဆင်းရာ ဘောလုံးကွင်းကို အသက် (၂) လတည်းက ရောက်ရှိနေတဲ့ ကိုကိုးလေးဟာ တကယ်ပဲ ဖခင်လို နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားဖြစ်လာမလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

Image may contain: 2 people, people smiling, outdoor

Image may contain: 2 people, people smiling, grass and outdoor

Image may contain: 2 people, people smiling, outdoor

ဘောလုံးကွင်းထဲကို အသက် (၂) လတည်းက ရောက်ရှိနေတဲ့ ကိုကိုးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အောင်သူနဲ့ ပိုးအိအိခန့်ကို အားပေးကြသလို သားလေးကိုကိုးကိုလည်း ချစ်ပေးကြမယ် မဟုတ်လား။We Love Cele

Image may contain: 1 person, baby

Image may contain: 1 person, shorts and baby

Image may contain: 2 people, outdoor

Image may contain: 3 people, outdoor

Photos-Poe Ei Ei Khant

Previous Post

သိန်း (၁၅၀၀) ကျော်သုံးထားတဲ့ မွေးနေ့လက်ဆောင်နဲ့ ရွှေထူးကို Surprise လုပ်လိုက်တဲ့ ရွှေမှုံရတီ

Next Post

လန့်တတ်တဲ့ ဖခင်ဖြစ်သူ ချစ်စမ်းမောင်ကို အစကြမ်းခဲ့တဲ့ ငဲငယ်လေး

Next Post

လန့်တတ်တဲ့ ဖခင်ဖြစ်သူ ချစ်စမ်းမောင်ကို အစကြမ်းခဲ့တဲ့ ငဲငယ်လေး

သွေးကင်ဆာခံစားနေရတဲ့ အမာခံ ပရိသတ်တစ်ဦးရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!