• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, March 1, 2021
No Result
View All Result

သွေးကင်ဆာခံစားနေရတဲ့ အမာခံ ပရိသတ်တစ်ဦးရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

We Love Cele by We Love Cele
October 10, 2019
in အနုပညာ
0

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တစ်လက်လို့ ဆိုရမယ့် စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ အောင်မြင်မှုကို ယနေ့အချိန်ထိ ရယူထားနိုင်သူပါ။ ငယ်စဉ်ဘဝတည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့ ပရိသတ်တွေဟာ အိမ်ထောင်ကျပြီး သားသမီးတွေ မွေးသည့်တိုင်အောင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များမှုတွေက သစ်လွင်လတ်ဆတ်နေဆဲဖြစ်ပါတယ်။ အောင်မြင်ဖို့ ကြိုးစားရတာ ခက်သလောက် ရရှိလာတဲ့ အောင်မြင်မှုကို နှစ်တွေအကြာကြီး တည်မြဲနေအောင် ထိန်းထားနိုင်ဖို့ဆိုတာလည်း ပိုလို့ မလွယ်ကူနိုင်ပါဘူး။

Image may contain: 2 people, people standing, plant and outdoor

Image may contain: 1 person, outdoor and closeup

သို့ပေမယ့် ဒီလို ရှားမှရှားဆိုတဲ့ လူတွေထဲမှာ စိုင်းစိုင်းတစ်ယောက် အပါအဝင်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အောင်မြင်ရခြင်း အဓိက သော့ချက်တွေဟာ သူ့ရဲ့ ခံယူချက်တွေနဲ့ ပရိသတ်တွေအပေါ်ထားတဲ့ စေတနာ၊ မေတ္တာတွေကြောင့်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ယနေ့တိုင် လူပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေကို အဖော်ပြုနေခြင်းတွေကပဲ သူ့ရဲ့အောင်မြင်မှုတွေကို တရိပ်ရိပ် ထိုးတက်စေခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, smiling, sitting

Image may contain: 1 person

စိုင်းစိုင်းခမ်းလှိုင်လို့ နာမည်ကြားလိုက်တာနဲ့ မြန်မာနိုင်ငံမှာ ကျင်လည်နေကြတဲ့ ကလေးအရွယ်မှစတင်ပြီး လူကြီးအရွယ်ထိ ကြိုက်နှစ်သက်ကြတာလည်း သူ့ရဲ့ စန်းတစ်ခုပဲဖြစ်ခဲ့ပါတယ်။ သူ့ကို အားပေးတဲ့ အမာခံ ပရိသတ်တွေလည်း မရေမတွက်နိုင်လောက်အောင် များပြားလွန်းပါတယ်။ စိုင်းစိုင်းတစ်ယောက် ဒီနေ့လေးမှာ ဝမ်းနည်းစရာ အဖြစ်အပျက်လေးတစ်ခုကြောင့် စိတ်မကောင်းဖြစ်နေရပါတယ်။

Image may contain: 1 person, sitting and indoor

Image may contain: 1 person, standing

သူ့ကို အားပေးပြီး ချစ်ခင်တဲ့ အမာခံပရိသတ်တစ်ယောက် သွေးကင်ဆာနဲ့ ဆုံးပါးသွားခဲ့တာကြောင့် စိတ်ထိခိုက်ကြေကွဲနေတာဖြစ်ပါတယ်။ ဒါ့အပြင် စိုင်းစိုင်းခမ်းလှိုင်ဟာ သူမရဲ့ အသက် (၁၈) နှစ်ပြည့်မွေးနေ့ပွဲလေးကိုလည်း ကျင်းပပေးနိုင်ခဲ့ပါသေးတယ်။ အဲ့ဒါဟာ သူမရဲ့ ဆန္ဒလေးတစ်ခုဖြစ်ခဲ့ပြီးတော့ ဒီလို အမာခံ ချစ်ခင်တဲ့ ပရိသတ်ရဲ့ဆန္ဒလေးကို စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် အလေးအနက်ထားပြီး ဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။

Image may contain: 2 people, people standing

Image may contain: 1 person

ဒါပေမယ့်လည်း စိုင်းစိုင်းခမ်းလှိုင်ကို ချစ်ခင်အားပေးခဲ့တဲ့ သူမဟာ မနေ့ကပဲ သွေးကင်ဆာ ဝေဒနာကြောင့် ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။ စိုင်းစိုင်းတစ်ယောက် သူ့ကိုချစ်ခင်အားပေးခဲ့တဲ့ ပရိသတ်တစ်ဦး ဆုံးပါးသွားမှုကြောင့် ဝမ်းနည်းကြေကွဲနေခဲ့တာဖြစ်ပါတယ်။ သူသုံးစွဲနေတဲ့ ဖေ့ဘုတ်အကောင့်ကိုလည်း Black Profile ပြောင်းပြီး ဝမ်းနည်းခြင်းစာသားလေးတွေကို ရေးတင်ခဲ့ပါသေးတယ်။ စိုင်းစိုင်းရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ခဲ့တဲ့ ဆုံးပါးသွားတဲ့ ညီမလေး ကောင်းရာသုဂတိသို့ ရောက်ရှိပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။We Love Cele

Image may contain: 1 person, smiling

Photos-Kaythi Win & Sai Sai Kham Hleng

Previous Post

လန့်တတ်တဲ့ ဖခင်ဖြစ်သူ ချစ်စမ်းမောင်ကို အစကြမ်းခဲ့တဲ့ ငဲငယ်လေး

Next Post

သီတင်းကျွတ်အခါသမယမှာ ဦးဦးခန့်စည်သူနဲ့ နီနီခင်ဇော်ရဲ့ အမေကိုသွားရောက်ကန်တော့ခဲ့တဲ့ ထိပ်ထားသခင်

Next Post

သီတင်းကျွတ်အခါသမယမှာ ဦးဦးခန့်စည်သူနဲ့ နီနီခင်ဇော်ရဲ့ အမေကိုသွားရောက်ကန်တော့ခဲ့တဲ့ ထိပ်ထားသခင်

Suilli ရဲ့ သေဆုံးမှုကို မှတ်ချက်ပေးမိလို့ ပရိသတ်တွေဝေဖန်တာခံနေရတဲ့ ဇေရဲထက်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!