မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့လေးတွေဖြစ်တဲ့ သီတင်းကျွတ်နေ့တွေမှာ လူကြီးမိဘဆရာသမားတွေကို သွားရောက်ကန်တော့ကြတာလည်း ချစ်စရာဓလေ့ရိုးရာလေးပါ။ လူကြီးမိဘတွေရဲ့ကျေးဇူးတရားတွေကို ဂါရဝတရားထားပြီး ကန်တော့ကြတဲ့ အချိန်အခါသမယမှာ လူကြီးတွေက မုန့်ဖိုးပြန်ပေးကြတာလည်း ကန်တော့ကြတဲ့ ကလေး၊ လူငယ်တွေကို ပျော်ရွှင်မှုတွေတစ်ဖန်ပြန်တိုးပွားစေပြန်ပါတယ်။
ပရိသတ်တွေရဲ့ အချစ်တော် ဖေ့ဘုတ်ဆယ်လီမလေး ထိပ်ထားသခင်ကလည်း ဆရာသမားတွေဖြစ်တဲ့ ခန့်စည်သူနဲ့ နီနီခင်ဇော်တို့ရဲ့ အမေကို သွားရောက်ကန်တော့ခဲ့တယ်လို့ သူမရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်စာမျက်နှာထက်မှာ တင်ထားတာဖြစ်ပါတယ်။ ထိပ်ထားလေးကတော့ ဒီနေ့ ဦးဦးခန့် ကိုသွားကန်တော့ခဲ့ပါတယ် 🙏🙏🙏ဖွားဖွား(မမနီနီရဲ့မေမေ)ကိုလည်း မမနီနီနဲ့အတူကန်တော့ခဲ့ပါတယ် 🙏🙏🙏မုန့်ဖိုးတွေလည်းအများကြီးရလိုက်လို့အရမ်းကိုပျော်နေပါတယ်😄😄😄 နောက်နေ့တွေမှာလည်း ထိပ်ထားရဲ့ လေးစားချစ်ခင်ရသူတွေကိုထပ်ပြီးသွားကန်တော့ပါဦးမယ်😘😘😘 လို့ မုန့်ဖိုးတွေ ရလာတဲ့အကြောင်းကိုပါ ဖောက်သည်ချထားတာဖြစ်ပါတယ်။
ဦးဦးခန့်စည်သူနဲ့ မမနီနီခင်ဇော်တို့ဟာ ထိပ်ထားလေးရဲ့ လက်ဦးဆရာလို့ဆိုရမှာပဲဖြစ်ပါတယ်။ ပထမဆုံးအနုပညာလှုပ်ရှားမှုဖြစ်တဲ့ ကြော်ငြာတစ်ပုဒ်ကို နီနီခင်ဇော်နဲ့ ထိပ်ထားသခင်ဟာ တွဲရိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကြေငြာကတော့ နီနီခင်ဇော်ရဲ့ အလှကုန်ပစ္စည်းကြေငြာတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ခန့်စည်သူ၊ နေခြည်ဦးနဲ့ ခိုင်သင်းကြည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားမှာလည်း ထိပ်ထားသခင်က ပထမဆုံးပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း ထိပ်ထားလေးဟာ သူမရဲ့လက်ဦးဆရာလို့ ဆိုရမယ့် ခန့်စည်သူနဲ့ နီနီခင်ဇော်နဲ့အတူ နီနီရဲ့ အမေကို သွားရောက်ကန်တော့ခဲ့တာဖြစ်ပါတယ်။ ထိပ်ထားလေးရဲ့ ဆရာသမားတွေအပေါ် ဂါဝရတရားထားပုံလေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။We Love Cele
Photos-ထိပ်ထားသခင်