• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းတဲ့ သမီးလေး ဘာဘီကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မီးမီးခဲ

We Love Cele by We Love Cele
October 22, 2019
in အနုပညာ
0

နိုင်ငံကျော် တေးသံရှင် မီးမီးခဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိပြီး ပရိသတ်တွေကို သူမရဲ့ ထူးခြားတဲ့ အသံလေးနဲ့ ဆွဲဆောင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် ကင်ဆာရောဂါဝေဒနာ ကို ခံစားနေရတဲ့ မီးမီးခဲ က သမီးလေး ဘာဘီကို မွေးနေ့ဆုတောင်းပေးထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Image result for မီးမီးခဲ

မီးမီးခဲက သူမရဲ့ နှစ်အတော်ကြာမှ ထွက်ရှိလာတဲ့ သီချင်းအသစ်ကလေး ဖြစ်တဲ့ ငါ့ရဲ့ မျက်ဝန်းညို သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားတာပဲ ဖြစ်ပါတယ်။

Related image

မီးမီးခဲက လက်ရှိမှာ ရင်သားကင်ဆာ အဆင့်၎ ကို ခံစားနေရတဲ့ အပြင် နောက်ထပ် အသစ်ပေါ်လာတဲ့ ဘက်ဦးခွံ မှကင်ဆာကို ဓာတ်ရောင်ခြည်နဲ့ ကုနေရပြီး သက်သာသွားပြီလို့ လည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။

Image result for မီးမီးခဲ

ဒီနေ့မှာတော့ မီးမီးခဲ က သမီးလေး ဘာဘီ ရဲ့ မွေးနေ့မှာ ခုလို ဆုတောင်းပေးထားပါတယ်။ ” Happy Birthday သမီးကြီး Barbie အရွယ်နဲ့ မမျှအောင်ရင့်ကျက်ပြီး မိခင်နဲ့ မောင်လေး ညီမလေးအပေါ် ချစ်တတ်ဂရုစိုက်စိတ်ပူတတ်တဲ့သမီးလေး ကို ဘုရားရှင်ကောင်းကြီးများစွာချပေးပါစေကွယ်…အမိုး နဲ့ သမီး ကြားက ချည်နှောင်ထားတဲ့ ယုံကြည်မှု မေတ္တာတရား ဟာ သေသိတိုင်မပြောင်းလဲပါဘူး နော်…သမီးလေးကို လာမဲ့အနာဂါတ်တွေမှာ ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့နေရက်ကို ပိုင်ဆိုင် စေရမယ်နော်…ကျွန်မအမေရဲ့အရိပ်အောက်မှာ နေခဲ့တဲ့ သမီးလေးဟာ အလွန်မှ လိမ်မာရေးခြားရှိပြီး ကရင်ဘာသားစကားကို လဲအရေးကော အပြောပဲ ကျွမ်းကျင်နေ ခဲ့တာဖြစ်ပါတယ် ..ဂုဏ်ယူတယ်နော် သမီး သမီးလေးရေ ….မွေးနေ့ မှာ ပျော်ရွှင်ပါစေကွယ် 😍😍ယအယ်နား …မော်ယွားဆိုဂေး❤️❤️❤️” ဆိုပြီး ဆုတောင်းပေးထားပါတယ်။

Image may contain: 1 person, smiling, standing

အဆိုတော် မီးမီးခဲ က သမီးလေးဘာဘီကို မွေးနေ့ဆုတောင်းပေးထားတဲ့ အကြောင်း ကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Image may contain: 6 people, people smiling, people standing

Credit-မိုမိုလေးမီဒီယာ

Previous Post

ဒိုင် ၂ ယောက်ဖြစ်တဲ့ ဇင်အောင်နဲ့သန္တာလှိုင်တို့ အချေအတင်ဖြစ်ရလောက်တဲ့အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတဲ့ The Model Academy

Next Post

ဂယက်ထနေတဲ့ The Model Academy ရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇင်အောင်နဲ့ ဆက်ဆံရေးကို ပြောလာတဲ့ သန္တာလှိုင်

Next Post

ဂယက်ထနေတဲ့ The Model Academy ရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇင်အောင်နဲ့ ဆက်ဆံရေးကို ပြောလာတဲ့ သန္တာလှိုင်

"ရွှေမှုံရတီလို Body မျိုးမှ ဒို့ကလုံးဝကြိုက်" ဆိုပြီး သီချင်းသစ်ထဲထည့်ဆိုလိုက်တဲ့ ရွှေထူး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!