ရွှေထူးနဲ့ ရွှေမှုံရတီက အရမ်းကိုချစ်ကြတဲ့ လင်မယားဆိုပြီး နာမည်ကြီးကြပါတယ်နော်။ အခုလည်း ရွှေထူးက သူ့ရဲ့ သီချင်းသစ်လေးထဲမှာ ဇနီးဖြစ်သူ ရွှေမှုံကိုထည့်သွင်းပြီး ဂုဏ်ပြုစပ်ဆိုထားတာ တွေ့ရပါတယ်။
သီချင်းသစ်ရဲ့ နာမည်က Rich Kid လို့အမည်ရပြီး ” ရွှေမှုံရတီလို Body မျိုးမှ ဒို့ကလုံးဝကြိုက် ” ဆိုပြီး သီချင်းထဲ ထည့်ဆိုလိုက်တာပါ။
ရွှေထူးနဲ့ ရွှေမှုံတို့ဟာ လူတကာအားကျလောက်အောင် အချင်းချင်း ချစ်ခင်ကြတဲ့ Idol စုံတွဲလေးဖြစ်ပြီး အိမ်ထောင်ကျပြီး ပိုချစ်လာကြတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။
ရွှေထူးနဲ့ အိမ်ထောင်ပြုပြီးနောက်မှာ ရွှေမှုံရတီကလည်း သီချင်းတွေ ဆိုလာတာတွေ့ရပြီး ရွှေမှုံနဲ့ ရွှေထူးတွဲဆိုထားတဲ့ သီချင်းတွေကို လူတွေကပိုကြိုက်ကြတာကိုလည်း တွေ့ရပါတယ်။
ကဲ ရွှေထူးမိတ်ဆက်ပေးလိုက်တဲ့ သီချင်းသစ်လေးရဲ့ Video လေးကို ကြည့်ကြည့်လိုက်ကြပါဦး။
Credit-Cele Star