ချိုသာတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးချောလေး သက်မွန်မြင့်က ပရိသတ်တိုင်း ကြိုက်နှစ်သက်အားပေးခြင်းခံရသူလေး ဖြစ်ပါတယ်။ သက်မွန်မြင့်က သူမရဲ့ အနုပညာသက်တမ်း နှစ်(၂၀) အတွင်းမှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “ချစ်လှစွာသောအမုန်း” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီး (၂) ဆုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။
သက်မွန်မြင့်က လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေသလို ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ဂုဏ်ပြုပေးနေတာပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးရဲ့ World Premier အခမ်းအနားကို တက်ရောက်ပေးခဲ့ပါတယ်။
သက်မွန်မြင့်က “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ပြီး “ဘယ်လိုကောင်းကြောင်းတွေ မပြောတော့ဘူးနော်.. Spoil ဖြစ်သွားမှာစိုးလို့! အခန်းတိုင်း သဘောကျနေတာဆိုတော့လေ! သုသုရယ် လက်ဖျားခါပါတယ်။ ဆရာမကြီးပါ ယူ👍🏻😘 ကိုဇာဏ်ရဲ့ ရုပ်ချတာကြီးက ကျွတ်ဆင်ကြီး.. Motivation တွေ ရလို့ ဟီးးးး😂 ဇာတ်လမ်း ဇာတ်ညွှန်း တေးရေး ကိုဇာဏ် လေးစားတယ်ရှင့်😉👍🏻” ဆိုပြီး သူမရဲ့ အတွေ့အကြုံလေးကို မျှဝေထားပါတယ်။
သက်မွန်မြင့်က သူမရဲ့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်ကိုလည်း ” “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီး ကြည့်ပြီး သူတောင် Ro တတ်သွားတယ်” ဆိုပြီး အရွှန်းဖောက်ထားပါသေးတယ်။
သက်မွန်မြင့်ကတော့ “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးကို အရမ်းကောင်းတယ်လို့ ညွှန်းထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောက်တိုဘာလ(၃၁)ရက်နေ့မှာ “ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင် သွားရောက် အားပေးကြဖို့ မမေ့ပါနဲ့နော်။
Credit-မိုမိုလေးမီဒီယာ