• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

ဖြူစင်သန့်ရှင်းတဲ့ အနုပညာငွေလေးတွေစုပြီး မိခင်ကြီးကို စိန်နားကပ်နဲ့ ကန်တော့ခဲ့တဲ့ ခင်ပိုးပန်းချီ

We Love Cele by We Love Cele
October 25, 2019
in အနုပညာ
0

ချိုသာတဲ့ အသံအေးအေးလေးကြောင့် ပရိသတ်တွေအားလုံးက ချစ်ကြရတဲ့ တေးသံရှင်လေး ခင်ပိုးပန်းချီက တရားပွဲတွေမှာ တရားတောင်းတဲ့ အစီအစဉ်တွေကတဆင့် လူသိများလာတာ ဖြစ်ပါတယ်။ ခင်ပိုးပန်းချီက အရွယ်နဲ့မလိုက်အောင်ကို တည်ငြိမ်အေးချမ်းပြီး မြန်မာဆန်လွန်းတာကြောင့် ပရိသတ်တွေက ချစ်နေရတာ ဖြစ်ပါတယ်။ ခင်ပိုးပန်းချီက (၁၀) တန်း ကျောင်းသူလေးဖြစ်တာမို့ ကျောင်းစာတွေနဲ့အတူတူ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

Image may contain: 1 person

ဒီနေ့မှာတော့ အဆိုရှင်လေး ခင်ပိုးပန်းချီက သူမ ပြုခဲ့တဲ့ ကုသိုလ်လေးကို အခုလိုပဲ မျှဝေထားပါတယ်။ ခင်ပိုးပန်းချီက သူမရဲ့ အနုပညာကြေးလေးတွေစုပြီး မိခင်အတွက် စိန်နားကပ်လေး ဝယ်ပြီး လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Image may contain: 1 person, smiling

ခင်ပိုးပန်းချီက “ပိုက်ဆံတွေ ဘယ်လောက်ဘဲရရ သူအတွက်ကို ဘယ်တော့မှ မစဉ်းစားတဲ့မေကြီး… သမီးရဲ့ ဖြူစင်သန့်ရှင်းတဲ့ အနုပညာလုပ်အားခလေးနဲ့ မေကြီးကို နားကပ်လေးတစ်ရံ နဲ့ ကန်တော့ဖြစ်ပါတယ်။”

Image may contain: 2 people, people smiling, people standing and indoor

Image may contain: 2 people, people standing, people sitting and indoor

“မေကြီး စိတ်ပျော်ရွှင် အေးချမ်းပါစေ။ သမီးတို့ညီအစ်မနဲ့ သေတစ်ပန်သက်တစ်ဆုံး နေသွားနိုင်ပါစေလို့ သမီးဆုတောင်းပေးပါတယ် မေကြီး။ အမိုးကြီး ပျော်နေသည်။” ဆိုပြီး မျှဝေထားတာ ဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people standing and indoor

Image may contain: 1 person, standing and indoor

ခင်ပိုးပန်းချီကတော့ ဆယ်ကျော်သက်အရွယ်မှာကတည်းက မိဘကို သိတတ်ပြီး ရှာကျွေးလိုက်တဲ့ သမီးအလိမ္မာလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ယဉ်ကျေးလိမ္မာလွန်းတဲ့ ခင်ပိုးပန်းချီတစ်ယောက် ဒီထက်မက အောင်မြင်တဲ့ အနုပညာရှင်ကြီးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Image may contain: food

Credit-မိုမိုလေး

Previous Post

ဘိုးဘိုးဘွားဘွားတွေနဲ့အတူ ညောင်ရွှေမှာ ကထိန်သွားလှူခဲ့တဲ့ လီယျံလေး

Next Post

ဟိန်းမင်းသူရဲ့ မွေးနေ့မှာ ရွှေတိဂုံဘုရားအတူသွားပြီး ကုသိုလ်အတူပြုပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

Next Post

ဟိန်းမင်းသူရဲ့ မွေးနေ့မှာ ရွှေတိဂုံဘုရားအတူသွားပြီး ကုသိုလ်အတူပြုပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

ဘဝရဲ့ ဂုဏ်ယူစရာနေ့လေးတစ်နေ့ကို ချစ်သူရဲရင့်အောင်နဲ့အတူ ဖြတ်သန်းခွင့်ရခဲ့တဲ့ ဧငြိမ်းဖြူ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!