သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ မောင်လေး ဟိန်းမင်းသူရဲ့ မွေးနေ့မှာ အတူတကွ ဘုရားအတူတက် ကုသိုလ်ကောင်းမှုတွေ အတူပြုလုပ်ပေးခဲ့ပါတယ်။ ဟိန်းမင်းသူရဲ့ မွေးနံဒေါင့်မှာ အတူ ဘုရားဝတ်ပြုခဲ့ကြသလို သင်ဇာရဲ့ မွေးနံဒေါင့်ဖြစ်တဲ့ သောကြာဒေါင့်မှာလည်း အတူတကွ ဘုရားဖူးကုသိုလ်ယူခဲ့ကြသေးတာပါ။
သင်ဇာဝင့်ကျော်ရဲ့ Story မှာ video လေး တင်ခဲ့တာဖြစ်ပြီး သင်ဇာက ဟယ်လို Birthday boy လေးပါလို့ဆိုပြီး ဟိန်းမင်းသူနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်၊ ပြီးတော့ သူမကိုယ်တိုင် မောင်လေးအတွက် ဟက်ပီးဘတ်ဒေးပါလို့လည်း ဆုတောင်းပေးခဲ့သေးတာပါ။
သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူတို့ဟာ မကြာခဏ ပုံတွေတွဲရိုက်လေ့ရှိပြီး MTV လေးတစ်ခုကိုလည်း အတူတကွ တွဲဖက်သရုပ်ဆောင်ခဲ့ကြပါသေးတယ်။ သင်ဇာက မြန်မာဆန်ဆန် အနီပွင့် ဝမ်းဆက်လေးနဲ့ လှနေခဲ့တာဖြစ်ပြီး မောင်လေးဟိန်းမင်းသူကလည်း စတစ်ကော်လံ ပုဆိုးတိုတိုနဲ့ ဘုရားမှာ အတူတွေ့မြင်ကြရတာပဲ ဖြစ်ပါတယ်။
ကဲ မတ်မတ်သင်ဇာနဲ့ မောင်လေး ဟိန်းမင်းသူတို့က ပရိသတ်ကို ဘယ်လို Surprise တွေ ထပ်လုပ်ဦးမလဲ၊ သူတို့နှစ်ဦးတကယ်ပဲ လက်တွဲနေကြပြီလားဆိုတာ ပရိသတ်ကြီးကလည်း ခန့်မှန်းပေးသွားပါဦး။
သင်ဇာဝင့်ကျော်ဟာဆိုရင် မကြာခင်လေးကမှ ဖေ့ဘုတ်အကောင့်ပိတ်ခံခဲ့ရသူဖြစ်ပြီး လက်ရှိမှာတော့ အကောင့်ပြန်ရပြီး မောင်လေးနဲ့ ဘုရားအတူတက်တဲ့ Video ကိုတောင် တင်လိုက်သေးတာပါနော်။
Credit-Cele Star