သရုပ်ဆောင် ချစ်စနိုးဦးနဲ့ အဆိုတော်ဖိုးသားတို့ကတော့ ဒီနေ့မှာ မင်္ဂလာပွဲလေး ကျင်းပလိုက်ကြပါပြီ။ သူတို့ရဲ့ စုလျားရစ်ပတ်အခမ်းအနားလေးမှာ မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်း၊ စံရတီမိုးမြင့်၊ နန်းခင်ဇေယျာနဲ့ ရွှေသမီး တို့က သတို့သမီးအရန်တွေအနေနဲ့ ပြုလုပ်ပေးခဲ့ကြတာပါ။
မအေးသောင်းက သူမရဲ့ ဖေ့ဘုတ်မှာ အဆိုပါ ပုံလေးတွေကို တင်လိုက်တာဖြစ်ပြီး ချစ်ရတဲ့ မောင်လေး ဖိုးသားနဲ့ ညီမလေး ချစ်စနိုးဦးတို့ရဲ့ စုလျားရစ်ပတ်အခမ်းအနားလေးမှာ သတိုးသမီး အရန်ပေါ့ရှင်၊ အားကျတယ်လို့တော့ မပြောတော့ဘူးနော် ၊ လုပ်ချင်ထလုပ်လို့ရနေပြီဆိုတော့လေ ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ မအေးသောင်းအလှည့်လည်း မကြာမှီလာမည်ဆိုတဲ့ သဘောပဲနော်။
သရုပ်ဆောင်ချစ်စနိုးဦးနဲ့ အဆိုတော်ဖိုးသားတို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ဒီနေ့မှာတော့ စုလျားရစ်ပတ် မင်္ဂလာပွဲလေး ကျင်းပလိုက်တာပဲ ဖြစ်ပါတယ်။
ချစ်စနိုးဦးနဲ့ ဖိုးသားတို့ရဲ့ မင်္ဂလာနေ့မြတ်လေးမှသည် သက်ဆုံးတိုင် သာယာပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit-Cele Star