သရုပ်ဆောင်ချစ်သုဝေတစ်ယောက် ခင်ပွန်းဖြစ်သူလင်းလင်းရဲ့ သမိုင်းတွင်မယ့်ပုံလေးတစ်ပုံကြောင့် ကြည်နူးနေတယ်လို့ သိရပါတယ်။ အမြွှာသမီးလေးတွေကို မွေးဖွားထားတာကြောင့် မိခင်တစ်ယောက်ရဲ့ တာဝန်ကို အခြားသော မိခင်တွေထက် ပိုပြီး လုပ်ဆောင်နေရတာလည်းဖြစ်ပါတယ်။
သားသမီးတစ်ယောက် မွေးဖွားလာချိန်မှစတင်ပြီး ကြီးပြင်းလာတဲ့အထိ ထိန်းကျောင်းပြုပြင်စောင့်ရှောက်ပေးရတာ လွယ်ကူတဲ့ အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ချစ်သုဝေကတော့ သမီးလေး (၂) ယောက်အတွက် သူမရဲ့ ပိုင်ဆိုင်ထားသမျှ အချိန်တွေကို ပုံပေးပြီး ပြုစုပျိုးထောင်နေတာလည်းဖြစ်ပါတယ်။ သမီးလေးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ချစ်ဇနီးလေး ချစ်သုဝေတစ်ယောက် ပင်ပန်းနေတာကို ခင်ပွန်းဖြစ်သူ လင်းလင်းက နှစ်ဦးတည်း ခရီးထွက်နိုင်တဲ့ သီးသန့် Trip လေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်။
လင်းလင်းက သူမကို ကလေးတွေမပါဘဲ သူတို့နှစ်ဦးထဲ သီးသန့် trip လေး ဖန်တီးပေးခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှာ လင်းလင်းက ချစ်သုရဲ့ နဖူးကိုအနမ်းလေးပေးရင်း ဆယ်လ်ဖီဆွဲခဲ့တာဖြစ်လို့ ဒါဟာ ရှားပါးပြီးသမိုင်းဝင်တဲ့ပုံရယ်လို့ ချစ်သုဝေက တင်စားလိုက်တာပါ။
လင်းလင်းက သူမကို ခရီးသွားရအောင်လို့ စပြောလာစဉ်က ကလေးတွေပါမယ့်ခရီးစဉ်လို့ ချစ်သုဝေက ထင်မှတ်ခဲ့သေးတာပါ။ ဘာလို့လဲဆိုတော့ သူမတို့ ခေတ်နဲ့သစ်ကို မွေးပြီးတည်းက ကလေးတွေမပါပဲ သီးသန့်ခရီးသွားတာ မရှိခဲ့လို့ပါပဲ။ အလုပ်ကိစ္စ ခရီးကတော့ ရှိတာပေါ့လေတဲ့။
ဒီခရီးစဉ်လေးမှာ ချစ်သုဝေတစ်ယောက် အရေးကြီးဆုံးအရာဖြစ်တဲ့ Me Time ကိုလည်း သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ခရီးတစ်လျှောက်ရုပ်ရှင်ကြည့်၊ စားချင်တာစားပြီး အိပ်ရေးဝဝအိပ်ခဲ့ရတာကြောင့် သူမအတွက်တော့ အမှတ်တရတွေပြည့်နေမှာပါ။
ခရီးစဉ်အတွင်းမြန်မာပရိသတ်တစ်ဦးက သူတို့နှစ်ဦးကို ထိုင်းစာလေးတွေ ကျွေးသွားတဲ့အတွက်လည်း ချစ်သုဝေက အရမ်းတွေပျော်နေခဲ့တာပါ။ ခရီးထွက်နေစဉ်အတွင်း ချစ်သုဝေက သမီးလေးတွေကိုလွမ်းလို့ video call ခေါ်ခဲ့ပေမယ့် သမီးလေးတွေက ဆော့ဖို့ပဲအားသန်နေလို့ မနည်းပဲ ပြောယူရတယ်လို့ သိရပါတယ်။ လင်းလင်းနဲ့ချစ်သုဝေရဲ့ ro ဆန်ဆန် ဘန်ကောက်ခရီးစဉ်ပုံလေးတွေကို ကြည့်ပြီး အပျော်တွေ ကူးစက်စေနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ် ။
အခုဘန်ကောက်ခရီးစဉ်လေးမှာ လင်းလင်းက သူမကို အရမ်းလဲ ဂရုစိုက် အသေးစိတ်ကအစ လိုက်စီစဉ်ပေးခဲ့လို့ ချစ်သုဝေအနေနဲ့ ထင်မှတ်မထားတဲ့ ကြည်နူးဝမ်းသာမှုတွေဖြစ်ခဲ့ရတာလို့ သိရပါတယ်။
Credit-Cele Star