မိုးပြည့်ပြည့်မောင်အပြင် ပြည်သူတွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ခုကတော့ အောက်တိုဘာလ ၂၆ ရက်နေ့မှာဖြစ်ပွားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြားမှာ အောက်တိုဘာလ ၂၆ ရက်နေ့က ဘူးသီးတောင်နှင့် စစ်တွေကို ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်အား အေအေတပ်ဖွဲ့မှ တားမြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေနှင့် မိသားစုဝင်များ၊ ဝန်ထမ်းအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားမှုတွေရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးခေါ်ဆောင်သွားမှုတွေကြားမှာ ရဲတပ်ဖွဲ့ဝင်တွေနှင့် မိသားစုဝင်များ အသက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရကြောင်း ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ သိရှိခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲမှာမှ ထက်ဝက်ခန့်အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ပြည်သူတွေကလည်း မိသားစုဝင်တွေနဲ့ထပ်တူ စိတ်မကောင်းဖြစ်လျက်ရှိပါတယ်။ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ဟာ ဒီသတင်းကြောင့် ဝမ်းနည်းပြီး ငိုကြွေးမိလို့ ရင်ဘက်တွေတောင် အောင့်နေပြီဖြစ်တဲ့အကြောင်း သူမသုံးစွဲတဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှတဆင့် ရေးသားဖော်ပြလာပါတယ်။
“ငိုရလွန်းလို့ရင်ဘက်တွေအောင့်နေပါပြီ……သေဆုံးသွားကြတဲ့”ရဲ”မိသားစုဝင်များကောင်းရာသုဂတိလားကြပါစေ…ဝဠ်ကြွေးများရှိကြရင်လဲဒီဘဝနဲ့တင်ကျေကြပါစေလို့” စိတ်မကောင်းစွာရေးသားထားတာပါ။
တာဝန်ထမ်းဆောင်ဖို့သွားရင်း ကျဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်သားများနှင့် မိသားစုဝင်အချို့အတွက် အလွန်ပဲစိတ်မကောင်းဖြစ်ရပါတယ်။ မိုးပြည့်ပြည့်မောင် ဆုတောင်းပေးသကဲ့သို့ ကောင်းရာသုဂတိရောက်ကြပါစေလို့ ထပ်တူတောင်းဆုပြုလိုက်ပါတယ်။We Love Cele