• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, March 5, 2021
No Result
View All Result

ပြိုင်ပွဲဝင်များကို Facebook သုံးရင် Comment တွေ မဖတ်ဖို့ အကြံပြုခဲ့တဲ့ ချမ်းမြေ့မောင်ချို

We Love Cele by We Love Cele
October 28, 2019
in အနုပညာ
0

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တယောက်ဖြစ်ခဲ့သူ ချမ်းမြေ့မောင်ချိုက ပြိုင်ပွဲဝင်ခဲ့တဲ့ အချိန်ကာလက ဝေဖန်တိုက်ခိုက်မှုများစွာ ခံခဲ့ရတဲ့အတွက် မကြာခင်မှာ လာတော့မယ့် Season 4 မှ ပြိုင်ပွဲဝင်အသစ်များကို ပြိုင်ပွဲပြိုင်နေစဉ်အတွင်း Facebook သုံးခဲ့ရင် Comment များကို မဖတ်ဖို့အတွက် အကြံပြုခဲ့ပါတယ်။“အဓိကကတော့ Facebook တွေ မသုံးဖို့ရယ်၊ ကောမန့်တွေ မဖတ်ဖို့ရယ်။ ပြီးတော့ ဘယ်သူဘာပြောပြော အဲ့အပေါ်မှာ မခံစားဖို့ရယ်၊ အဲဒါက အဓိကပဲ။ အထဲထဲမှာက ကိုယ်တွေကို Support ပေးမယ့်သူပဲ ရှိတယ်၊ နှိပ်ကွပ်မယ့်သူက နည်းတယ်”

Image may contain: 11 people, people smiling, people standing

“ပြီးတော့ ကိုယ်တွေအချင်းချင်းက ရှိနေတဲ့ အရည်အချင်းတွေကို ဝေမျှတဲ့သူတွေပဲဆိုတော့ အပြင်ကကျတော့ ဝေဖန်မှုတွေ၊ တိုက်ခိုက်တာတွေရှိတော့ အဲ့အပေါ်မှာ ကိုယ်တွေက လိုက်မခံစားဘဲနဲ့ ကိုယ့်ပြိုင်ပွဲရဲ့လှုပ်ရှားမှုလေးတွေ ကျေးဇူးတင်ပါတယ်ပြောတဲ့ အချိန်တွေပဲပေး။ သီချင်းကိုပဲ အာရုံစိုက်ရမှာ။ Fan တွေရယ်၊ ဆရာတွေရဲ့ သွန်သင်ဆုံးမမှုရယ် သေချာလိုက်နာရင်တော့ အေးဆေးဖြစ်သွားမှာပါ”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။

ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက်လည်း ပြောခဲ့ပြီး သူမတုန်းကဆိုရင် နောက်ဆုံး Final ပွဲမှာ ကျန်းမာရေးအခြေအနေကြောင့် ဝင်ရောက် မယှဉ်ပြိုင်နိုင်ခဲ့ဘဲ Winner ဆု လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

Image may contain: 11 people, people smiling, people sitting

“ခံစားခဲ့ရတာတွေ ရှိလို့လည်း ပြောနိုင်တာပေါ့နော်။ စစချင်းကတော့ မကြည့်ဘူး။ ကိုယ့်ဘာသာကိုယ် တိုင်ပတ်နေတာ။ Facebook သုံးဖို့ အချိန်မရှိဘူး။ လူနည်းလာတာနဲ့အမျှ တဆင့်ပြီးတဆင့် တက်သွားတဲ့အချိန်မှာ လုပ်စရာလည်း အများကြီး မဟုတ်တာတော့ မဟုတ်ဘူး။ အချိန်က နည်းနည်း ရလာတယ်။ လူနည်းလာတာနဲ့အမျှ ကိုယ့် Fan ဘယ်လောက်ရှိလဲဆိုပြီး ဝင်ကြည့်မိတယ်။ ကိုယ်မမျှော်လင့်ထားတဲ့အချိန် စိတ်ဓာတ်ပိုင်းဆိုင်ရာ လျော့နည်းနေတဲ့အချိန်ဆိုတော့ ဖြစ်သွားတာပေါ့။ မောင်ချို့လို မဖြစ်ဖို့ကို တိုက်တွန်းချင်တယ်။ နှမြောဖို့ ကောင်းတယ်”လို့ ချမ်းမြေ့မောင်ချိုကပြောပါတယ်။

Image may contain: 6 people, people smiling

အခုဆိုရင်လည်း Myanmar Idol Season 4 ရဲ့နောက်ဆုံးပြိုင်ပွဲဝင်မယ့် ဆန်ခါတင်များကို ရွေးချယ်ပြီးခဲ့ပြီဖြစ်တဲ့အတွက် မကြာခင် ရက်ပိုင်းအတွင်းမှာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

Image may contain: 2 people, people smiling

“အကုန်လုံးက ဆရာကြီးတွေပဲ။ ဒီ ၁၁ ယောက်က သူတို့အတွက်ကို အရမ်းလည်း မျှော်လင့်ထားတယ်။ ကိုယ်တွေထက်ကို အများကြီးကောင်းမယ်လို့ ထင်တယ်။ ဘယ်သူ့ကို ဝန်းရံသွားမလဲ ဆိုတာတော့ မရှိပါဘူး။ အကုန်လုံးကို အားပေးတယ်။ ကြိုးစားစေချင်တယ်။ အကုန်လုံးကို စိတ်ဓာတ်ပိုင်းဆိုင်ရာအများကြီး ကြံ့ခိုင်အောင် လုပ်ထားပါ။ ကျန်းမာရေးလည်း ဂရုစိုက်ကြပါ”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။ချမ်းမြေ့မောင်ချိုကတော့ ပြိုင်ပွဲပြီးသွားတဲ့အချိန်မှာလည်း သီချင်းများကို ဆက်လက် သီဆိုနေပြီး ယခုနှစ်အတွင်းမှာ သူမရဲ့ပထမဆုံး တကိုယ်တော်အခွေ ထွက်မှာဖြစ်တယ်လို့ သိရပါတယ်။

Image may contain: 2 people

“အခုဆိုရင် မောင်ချို့ အခွေလေးက ပြီးတော့မယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးသွားပြီ။ ၂၀ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။ ရင်ခုန်နေပါပြီ။ နောက်နှစ်တော့ မကူးတော့ဘူးပေါ့နော်။ နောက်လလောက်ဆိုရင် ထွက်ဖြစ်ပါပြီ”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။အခွေထဲမှာတော့ ပြိုင်ပွဲဝင်ခဲ့စဉ်က ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ အပတ်စဉ်များရဲ့ သီချင်းပုံစံများကို ထည့်သွင်းသွားမှာဖြစ်ပြီး အရွယ်သုံးပါးမရွေး နားထောင်လို့ရအောင် ဖန်တီးထားတယ်လို့ သိရပါတယ်။

Image may contain: 2 people, people smiling, eyeglasses

“အခွေနဲ့ ပတ်သက်ပြီးတော့က ပြိုင်ပွဲတုန်းက မောင်ချို့ကို အားပေးခဲ့တဲ့ Week လေးတွေနဲ့ ပတ်သက်တဲ့ သီချင်းလေးတွေ မျိုးစုံထည့်ထားတယ်။ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေလည်း မျိုးစုံထည့်ထားတော့ လူကြီးလူငယ် လူလတ် အရွယ်သုံးပါးလုံး နားထောင်လို့ရအောင် လုပ်ထားတယ်။ ပထမဆုံးအခွေ ဖြစ်တဲ့အတွက် သေချာလေး လုပ်ထားတာပေါ့။ ပထမဆုံးအခွေ ဖြစ်တဲ့အတွက် ကိုယ်ကြိုက်သလို ပရိသတ်လည်းကြိုက်မယ် မျှော်လင့်တယ်”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။

Image may contain: 2 people, people smiling, closeup

Credit-ဧရာဝတီ

Previous Post

ဆုံးပါးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနှင့် မိသားစုဝင်များ ဒီဘဝနဲ့တင် ဝဋ်ကြွေးတွေကျေဖို့ ဆုတောင်းပေးလိုက်တဲ့ မိုးပြည့်ပြည့်မောင်

Next Post

သူမသားသမီးတွေကို ချစ်ပေးကြတဲ့ အနုပညာမောင်နှမတွေကြောင့် စကားလုံးရှာမရအောင် ပီတိတွေဖြစ်နေတဲ့ မေမေခိုင်နှင်းဝေ

Next Post

သူမသားသမီးတွေကို ချစ်ပေးကြတဲ့ အနုပညာမောင်နှမတွေကြောင့် စကားလုံးရှာမရအောင် ပီတိတွေဖြစ်နေတဲ့ မေမေခိုင်နှင်းဝေ

မြန်မာအိုင်ဒေါ Season-4 မှာ သူမ ရပ်တည်အားပေးသွားမယ့်ပြိုင်ပွဲဝင်ကို ပြောပြလိုက်တဲ့ နီလန်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!