သရုပ်ဆောင် ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားအောင်သူ တို့ရဲ့ သားငယ်လေး ကိုကိုးကတော့ ဒီနေ့မှာ ရက် ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
သားလေး ကိုကိုးရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့အလှူပွဲလေးနဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲလေးကို မေမေပိုးအိအိခန့် ရဲ့ ရင်းနှီးတဲ့ အနုပညာရှင်မိတ်ဆွေတွေ ဖေဖေအောင်သူရဲ့ မိတ်ဆွေတွေနဲ့အတူ ၈ မိုင် ပေါက်စေတီကျောင်းတိုက်မှာ ကျင်းပပေးခဲ့တာပါ။ ကိုကိုးလေးရဲ့ မွေးနေ့ရက် ၁၀၀ ပြည့်ပွဲလေးကို မကြာသေးခင်ကမှ ချစ်သူဆုအိမ့်စံနဲ့ လမ်းခွဲခဲ့တဲ့ သရုပ်ဆောင် သူရိယလည်း တက်ရောက်ခဲ့တာ တွေ့ရပြီး အဆိုတော်ဝေလျံနဲ့ အခြားအနုပညာရှင်တွေကိုလည်း တွေ့မြင်ကြရပါတယ်။
အိမ်နာမည် ကိုကိုး လို့ ပေးထားတဲ့ သားသားလေးကို သွင်ဦးဟန် ဆိုတဲ့ နာမည်လှလှ ဆန်းဆန်းလေး မှည့်ခေါ်လိုက်တာဖြစ်ပြီး သားသားရဲ့ ရက် ၁၀၀ ပြည့်ပွဲလေးကို ပကာသနမရှိ ရိုးရှင်းစွာနဲ့ပဲ ပြုလုပ်သွားခဲ့တာကို တွေ့ရပြီး မေမေပိုးအိအိခန့်ရော ဖေဖေအောင်သူပါ ရိုးရှင်းတဲ့ အသွင်အပြင်လေးနဲ့ မျက်စိအေးစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဖေဖေအောင်သူနဲ့ မေမေပိုးအိအိခန့်တို့အနေနဲ့ သားသားလေး သွင်ဦးဟန်ရဲ့ ပျော်ရွှင်ဖွယ် ရက် ၁၀၀ ပြည့်လေးမှသည် သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော်။
Credit-Cele Star