• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, August 12, 2022
No Result
View All Result

သူမရဲ့ ကလေးတွေကို အချင်းချင်း သွေးခွဲ၊ စိတ်ဝမ်းကွဲစေမယ့် မှတ်ချက်မျိုး မပေးကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ ခိုင်နှင်းဝေ

We Love Cele by We Love Cele
October 30, 2019
in အနုပညာ
0

ခိုင်နှင်းဝေအနေနဲ့ သူမရဲ့ ပရဟိတဂေဟာက ကလေးတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာခံနေရတယ်လို့ သိရပါတယ်။ သူမက သူမပရဟိတလုပ်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်နေကြသူတွေကို ကျွန်မက ကလေးပြပြီး စားနေတဲ့သူမဟုတ်ဘူးလို့ ဒဲ့ပြောလိုက်ပါတယ်။ ဝေဖန်သူတွေက သူမဟာ အိမ်မှာ မွေးစားထားတဲ့ သူမသမီးလေး ရွှန်းရတီခိုင်ကိုပဲ အလေးပေးပြီး ကျန်ကလေးတွေကို နေရာမပေးဘူးလို့ ဆိုထားကြတာပါ။

Image may contain: 7 people, people smiling, people sitting and child

Image may contain: 10 people, people smiling, people standing

ခိုင်နှင်းဝေက “တစ်ချို့ကပြောကြတယ်၊ ကျွန်မက ကျွန်မသမီးလေး ရွှန်းရတီခိုင်ကိုတော့ အိမ်မှာ ခေါ်မွေးတယ်၊ ကျန်တဲ့ကလေးတွေကျတော့ ဂေဟာမှာထားတယ်ဆိုပြီးပြောကြတယ်၊ ကျွန်မအိမ်မှာ ကလေး ၂၆ ယောက်လုံးကိုမွေးဖို့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မအမေရှိတယ်၊ ကျွန်မအမေရဲ့ ကျန်းမာရေးရှိတယ်၊ ကျွန်မသမီးလေး ကျွန်မဆီရောက်လာတဲ့အချိန်တုန်းကလည်း အခုဂေဟာက ကလေးတွေ မရှိသေး၊ မရောက်သေးပါဘူး။ ကျွန်မအိမ်မှာမွေးထားတဲ့ သမီးလေးကိုကြည့်ပြီး စွန့်ပစ်ခံကလေးတွေကို သနားရင်းနဲ့မှ ကလေးလေးတွေထပ်ကယ်ဆယ်ရင်း အခုဆို ၂၆ ယောက်အထိ ဖြစ်လာတာ။ ဟိုနေ့က ကျွန်မပွဲတက်တယ်၊ ပွဲတက်တာမှာလည်း ရွှန်းရတီခိုင်နဲ့ ကျွန်မကလေး ၅ယောက်ကို ခေါ်သွားတယ်၊ ပွဲတက်တယ်ဆိုရင် ကလေးတစ်ယောက်ကို နပ်စ် တစ်ယောက်ထိန်းဖို့လိုတယ်၊ ဒါကြောင့်ဂေဟာက ကလေးအကုန်လုံးပွဲခေါ်သွားလို့ မဖြစ်နိုင်ဘူး” လို့ စိတ်မကောင်းစွာ ပြောပါတယ်။

Image may contain: 2 people, people smiling, baby

” ကျွန်မသမီးလေးလည်း ကြီးလာလို့ ဒီကွန်မန့်တွေမြင်ရင် မကောင်းဘူး၊ ကလေးကလေးချင်း တိုက်ပေးသလို ကွန်မန့်တွေကို မဖြစ်စေချင်ဘူး၊ ကျွန်မက ဒီကလေးကျတော့ ချီတယ် ဟိုကလေးကျတော့ မချီဘူး ပြောကြတယ်၊ ကျွန်မမှာ လက်နှစ်ဖက်ပဲ ပါတယ်လေ၊ ကျွန်မချီနိုင်ရင် တစ်ယောက်ပဲ ချီနိုင်မယ်။ တပြိုင်နက် မိခင်မေတ္တာကတော့ အကုန်လုံးကိုပေးနေပါတယ်။ အခုပြောနေတဲ့သူတွေက ဒီကလေး ၂၆ ယောက်ကို အိမ်ပေါ်တင်မွေးနိုင်လား ကျွန်မမေးချင်တယ်။ ဟိုတစ်နေ့က အင်တာဗျူးတစ်ခုတက်လာတဲ့အချိန်မှာ ဟိုဘက်ကလေးလေးကိုလည်း ကြည့်ပါဦး မျက်လုံးလေးက ဆိုတော့ ကလေးဆိုတာကတော့ ပွဲလမ်းသဘင်မှာ လူတွေများရင် ဟိုကြည့်ဒီကြည့် ကြည့်မှာပဲလေ၊ အခုဟာက ကျွန်မက ကျွန်မသမီးလေးကို ချီထားလို့ နောက်ကလေးတစ်ယောက်က အားကျတဲ့မျက်လုံးနဲ့ လှမ်းကြည့်နေပါတယ်ဆိုပြီး ပုံကိုမပေါ်ပေါ်အောင် ရေးထားတာကျတော့ မဖြစ်သင့်ဘူး၊ ဒါတွေက ကလေးကလေးချင်း တိုက်ပေးတဲ့သဘောဖြစ်နေတယ်။ ဒီလိုအလုပ်တွေက အပြောနဲ့မရပါဘူး၊ လက်တွေ့လုပ်ကြည့်မှသိမှာပါ။ ပြီးတော့ ကျွန်မကို ခွဲခြားဆက်ဆံတယ်လည်း မပြောပါနဲ့ ကျွန်မကလေးတွေကို ကျွန်မဘယ်လိုဆက်ဆံတယ်၊ ဘယ်လိုထားတယ်ဆိုတာကို ဂေဟာမှာ အချိန်မရွေးလာကြည့်လို့ရပါတယ်” လို့လည်း ခိုင်နှင်းဝေက ဆိုပါတယ်။

Image may contain: 6 people, people smiling, people standing

Image may contain: 2 people, people sitting and baby

ပုံတွေတင်လိုက်ရင် ဟိုကလေးလည်း ကြည့်ပါဦး၊ ဒီကလေးလည်း ကြည့်ပါဦး မန့်ကြတဲ့သူတွေကို ခိုင်နှင်းဝေက ကျွန်မက ကလေးတွေကို လိုင်းပေါ်မှာ Video လေးတွေတင်ပြတယ်ဆိုတာ ကျွန်မက ကလေးတွေကို ပြစားနေတာမျိုး မဟုတ်ဘူး၊ ကျွန်မကလေးတွေကို ကျွန်မထုတ်ပြနိုင်တဲ့အနေအထားမို့ ထုတ်ပြနေတာပါလို့လည်း တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ သူမက ဝေဖန်တာကို လက်ခံပါတယ်၊ ကျွန်မကို တိုက်ခိုက်တာတွေလည်း လက်ခံပါတယ်။ ဒါပေမယ့် ကလေးချင်းတော့ သွေးမခွဲပါနဲ့၊ ကလေးတွေ စိတ်ဝမ်းကွဲစေမယ့် မန့်မျိုး မပြောဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မကလေးတွေကို ကျွန်မမေတ္တာဘယ်လိုပေးလဲဆိုတာကို ဂေဟာမှာ အချိန်မရွေးလာကြည့်ပါလို့ ဖိတ်ခေါ်ပါတယ်ဆိုပြီးလည်း ခိုင်နှင်းဝေက ဆိုထားပါသေးတယ်။

Image may contain: 6 people, people sitting

Image may contain: 6 people, people smiling, people sitting

ခိုင်နှင်းဝေအနေနဲ့ သူမရဲ့ မိခင်ဖြစ်သူကိုယ်တိုင်က သူမကို ဖခင်မရှိပဲ ကျွေးမွေးလာခဲ့ရပြီး သူမကိုယ်တိုင်လည်း အခုဆိုရင် အိမ်ထောင်ဦးစီးမရှိပဲ ရပ်တည်လုပ်ကိုင်နေတာမို့ သူမဘဝကို စာနာပေးကြပြီးမှ မန့်ဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

Credit- Cele Star

Previous Post

ရက်(၁၀၀) ပြည့်မွေးနေ့ကို ကျင်းပရင်း သားလေးကို နာမည်လှလှလေး ပေးလိုက်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်

Next Post

သိန်းပေါင်း (၁၅၀၀၀) ကျော်တန်ဖိုးရှိ ဗိမာန်တော်ကြီးလှူဒါန်းတဲ့ပွဲမှာ ကျက်သရေအဖြာဖြာပြည့်စုံနေတဲ့ ရတနာခင်တို့မိသားစု

Next Post

သိန်းပေါင်း (၁၅၀၀၀) ကျော်တန်ဖိုးရှိ ဗိမာန်တော်ကြီးလှူဒါန်းတဲ့ပွဲမှာ ကျက်သရေအဖြာဖြာပြည့်စုံနေတဲ့ ရတနာခင်တို့မိသားစု

အောင်မြင်သလောက် ဘယ်တော့မှ ဂုဏ်မမောက်တတ်တဲ့ ကိုရန်လေးကို သွားရောက်ဂါရဝပြုကန်တော့ခဲ့တဲ့ ခိုင်နှင်းဝေ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!