နိုင်ငံကျော် ဝါရင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်သူ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရသူပါ၊၊ သူပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာ ကြောင့် သူ့ကို ခုချိန်ထိ ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ ။ ကျော်သူ က အနုပညာလောကတွင်သာမက သာရေးနာရေး ပရဟိတ အလုပ်တွေမှာလည်း ဦးဆောင်ပြီး အများအကျိုးအတွက် လုပ်ဆောင်နေသူပါ။
ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် ဦးကျော်သူ က သူ့အသက် ၂၅ ၊ ၃၀ လောက်တုန်းက ပုံစံ နဲ့ တူတဲ့ လူငယ်လေးတွေရှိရင် ဆက်သွယ်ပေးဖို့ ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဦးကျော်သူက ” “ကျော်သူ” ဒီအရွယ်( ၂၅/၃၀ ၀န်းကျင်)နဲ့တူတဲ့ လူငယ်များ ရှိပါသလားခင်ဗျ။ထီပေါက် သကဲ့သို့ ခံစားရပါမည်။FB ပေါ်က အမြန်ဆက်သွယ်ပါ ခင်ဗျ။လက်ဆင့်ကမ်းဖြန့်ဝေပေးကြပါ ခင်ဗျာ။” ဆိုပြီး ပြောထားပါတယ်။
ဦးကျော်သူက သူ့အသက် ၂၅ ၊ ၃၀ ဝန်းကျင်လောက်က ပုံလေးတွေကို ဖော်ပြပြီး သူ့စတိုင် ၊ သူ့ပုံစံနဲ့ တူတဲ့ လူငယ်တွေရှိရင် ဆက်သွယ်ပေးဖို့ ပြောထားတာပါ။
သရုပ်ဆောင် ကျော်သူ ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Credit-မိုမိုလေး