• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

ဘွဲ့ရသွားပြီဖြစ်တဲ့ တူချောလေးနဲ့ တူမချောလေးကို ပွဲထုတ်မိတ်ဆက်လိုက်တဲ့ ထက်ထက်မိုးဦး

We Love Cele by We Love Cele
November 3, 2019
in အနုပညာ
0

သရုပ်ဆောင်ထက်ထက်မိုးဦးက ဒီနေ့မှာ ဘွဲ့ရသွားပြီဖြစ်တဲ့ တူချောလေးနဲ့ တူမချောလေးကို ပွဲထုတ်မိတ်ဆက်ပြလိုက်ပါတယ်။ တူလေးက ဒီနေ့ဘွဲ့ယုတဲ့နေ့ဖြစ်ပြီး တူမလေးကတော့ အတူလိုက်ပါလာတာပဲ ဖြစ်ပါတယ်။

သူမအစ်ကိုရဲ့ ရင်သွေးလေးတွေဖြစ်ပြီး သူမရဲ့ တူနဲ့ တူမတော်တဲ့သူတွေကို ထက်ထက်က ဘွဲ့ယူရာမှာ အတူလိုက်ပါပေးခဲ့ရင်း ယောင်းမ၊ တူ၊ တူမတွေနဲ့အတူတူ ပျော်ရွှင်စွာ live လွှင့်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ဗီဒီယိုလေးထဲမှာ ထက်ထက်တစ်ယောက် အရမ်းပျော်နေတာကို တွေ့ရပြီး ထက်ထက်က သူမကိုယ်တိုင် ပညာရေးအားနည်းခဲ့လို့ တစ်ခြားသူတွေအတွက် ပညာရေးကိုအလေးပေး ကူညီလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ထက်ထက်မိုးဦးဟာ လက်ရှိအချိန်မှာ အိမ်ထောင်ရေးကံမကောင်းခဲ့သလို သမီးလေးဖြစ်သူနဲ့လည်း အဆက်အသွယ် မရဘူးလို့ အင်တာဗျူးတစ်ချို့မှာ ဖြေထားတာ တွေ့ရပါတယ်။ သူမကတော့ သူမရဲ့ သမီးလေးကို အသက်လောက်ချစ်တယ်လို့လည်း ထက်ထက်က ဆိုထားတာပါ။

Image may contain: 1 person, smiling, sitting

Image may contain: 2 people, people sitting

ထက်ထက်မိုးဦးအနေနဲ့ သာသနာ့ဘောင်ဝင်ရာကနေ ထွက်လာပြီးချိန်ကစပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လို လုပ်ကိုင်နေတာတွေ့ရပြီး ဆိုရှယ်မီဒီယာကိုရော Tik tok ကိုပါ အဆင်ပြေပြေ အသုံးပြုလာနိုင်တာကြောင့် သူမရဲ့ ပရိသတ်တွေက သူမအတွက် ဝမ်းသာနေကြတာဖြစ်ပါတယ်။ ထက်ထက်ရဲ့ တူလေး ဘွဲ့ယူပြီးချိန် သူမတို့ တူဝရီးတွေရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit- Cele Star

Previous Post

နိုဝင်ဘာမှာ ကံကောင်းခြင်းတွေနဲ့အတူ ထီပေါက်သွားခဲ့တဲ့ ရတနာမိုင်

Next Post

Now & Ever ရုပ်ရှင်ကားကို ကြည့်ပြီး ခံစားလိုက်ရတဲ့ အရာတွေကို ပြောပြလာတဲ့ ဝတ်မှုံရွှေရည်

Next Post

Now & Ever ရုပ်ရှင်ကားကို ကြည့်ပြီး ခံစားလိုက်ရတဲ့ အရာတွေကို ပြောပြလာတဲ့ ဝတ်မှုံရွှေရည်

တမလွန်ရောက်သွားပြီဖြစ်တဲ့ ရှဲဒိုးကိုယ်စား ရှဲဒိုးရဲ့သားလေးအတွက် စေ့စပ်တောင်းရမ်းပေးခဲ့တဲ့ ကောင်းကျော်၊ ထက်ထက် နဲ့ ဝိုင်းချစ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!