• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, March 1, 2021
No Result
View All Result

တမလွန်ရောက်သွားပြီဖြစ်တဲ့ ရှဲဒိုးကိုယ်စား ရှဲဒိုးရဲ့သားလေးအတွက် စေ့စပ်တောင်းရမ်းပေးခဲ့တဲ့ ကောင်းကျော်၊ ထက်ထက် နဲ့ ဝိုင်းချစ်

We Love Cele by We Love Cele
November 4, 2019
in အနုပညာ
0

တချိန်တုန်းက နာမည်ကြီးခဲ့တဲ့ ရွှေညီအစ်ကို လူရွှင်တော် အဖွဲ့ဟာ ပရိသတ်တွေကို ပျင်းရိစိတ်ညစ်စရာတွေကနေ ကင်းဝေးအောင် ဟာသပြက်လုံးကောင်းကောင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြတာပါ။ ကောင်းကျော်၊ ငြိမ်းချမ်း၊ ရှဲဒိုး၊ ဝိုင်းချစ်၊ ထက်ထက် တို့ (၅) ဦးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ရွှေညီအစ်ကို အဖွဲ့ဟာ အောင်မြင်မှုအထွဋ်အထိပ်ထိရောက်အောင် ပိုင်ဆိုင်ခဲ့ကြပါတယ်။ စိတ်မကောင်းစရာကတော့ သူတို့အဖွဲ့လေးဟာ သက်တမ်းနုနုလေးမှာပဲ ကွဲသွားခဲ့ကြတာဖြစ်ပါတယ်။

Image may contain: 3 people, people smiling

လူရွှင်တော် ရှဲဒိုးကတော့ အဖွဲ့ကြီးကွဲသွားပြီးနောက် ကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။ လူရွှင်တော်ကြီး ရှဲဒိုးရဲ့သား ကောင်းဇင်ဟိန်းဟာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မင်္ဂလာဆောင်တော့မှာဖြစ်တယ်လို့သိရပါတယ်။ ဖခင်မရှိတော့တဲ့ ရှဲဒိုးရဲ့ သားလေးအတွက် စေ့စပ်တောင်းရမ်းတဲ့ပွဲလေးကို သိပ်ချစ်ကြတဲ့ သူငယ်ချင်းရဲဘော်ရဲဘက် ကောင်းကျော်နဲ့အတူ ဝိုင်းချစ်၊ထက်ထက် တို့က ရှဲဒိုးကိုယ်စား သွားရောက် တောင်းရမ်းပေးခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, smiling, hat and closeup

တစ်ဆက်တည်းမှာပဲ သိပ်ချစ်ရတဲ့ တမလွန်က သူငယ်ချင်းရှဲဒိုးအတွက် စာလေးတစ်စောင်ပါ ရေးသားခဲ့တာဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people standing, tree, outdoor and nature

Image may contain: 7 people, people smiling, people sitting, people eating and food

သို့ တမလွန်က သူငယ်ချင်း ရှဲဒိုး ???ဒီနေ့ မင်းရဲ့တစ်ဦးတည်းသောသားလေးကောင်းဇင်ဟိန်းရဲ့ အချိန်တန်အရွယ်ရောက်လို့ သူချစ်တဲ့ ချစ်သူလေးကို စေ့စပ် တောင်းရမ်းတဲ့ ပွဲလေးကို မင်းကိုသိပ်ချစ်ခဲ့ကြတဲ့ သူငယ်ချင်း ရဲဘော်ရဲဘက်တွေ မင်းကိုယ်စား မင်းသားလေးမျက်နှာမငယ်ရအောင် သွားပြီး စေ့စပ် တောင်းရမ်းပေးခဲ့တယ်နော် သူငယ်ချင်း ????

Image may contain: 3 people, people smiling, people standing, outdoor and nature

Image may contain: 5 people, people sitting, table and indoor

တို့အထဲက အကိုအကြီးဆုံးဖြစ်တဲ့ ကိုငြိမ်းချမ်းကတော့ ရုတ်တစ်ရက် ဖျော်ဖြေရေးပေါ်လာလို့ မလိုက်ပါနိုင်ခဲ့ဘူးပေါ့ကွာ မင်းရဲ့ကိုယ်စား မင်းရဲ့ သား ငါတို့ရဲ့ သား ကောင်းဇင်းဟိန်းအတွက် ငါတို့ တတ်နိုင်တာလေးတွေ လုပ်ပေးတယ်နော်သူငယ်ချင်း ?????

Image may contain: 6 people, people smiling, people standing, outdoor and nature

Image may contain: 7 people, people sitting, people eating, table, indoor and food

Image may contain: 3 people, people sitting, people eating and food

ဒီပွဲမှာ ငါတို့ မင်္ဂလာစကားပြောနေတော့ မင်းသိပ်ချစ်တဲ့ မင်းမိန်းမ သက်မွန်ညွန့် ခေါ် မလှလှညွှန့် မင်းကိုသတိရပြီး မျက်ရည်တွေ ကျနေတာမြင်ရတော့ ငါတို့ပါမျက်ရည်မကျမိအောင် ထိန်းခဲ့ရတယ်သူငယ်ချင်းရယ် ???? 10-11-2019 နေ့မှာ မင်းရဲ့သား မင်္ဂလာဆောင်မှာနော် သူငယ်ချင်း အဲ့ဒီရက်မှာ ပွဲတွေ အသီးသီးရှိနေကြလို့ ငါတို့ လာနိုင်ချင်မှ လာနိုင်မယ်သူငယ်ချင်းရေ မင်းကို ကြိုပြီးတောင်းပန်ပါတယ် သူငယ်ချင်းရယ် ?????

Image may contain: 7 people, people smiling, people sitting and indoor

Image may contain: 6 people, people smiling, people standing and outdoor

Image may contain: 3 people, people smiling, people standing, tree and outdoor

အခုလဲ ငါတို့လုပ်ပေးနိုင်တာလေးကို မရှိတော့တဲ့သူငယ်ချင်းအတွက် လုပ်ပေးလိုက်တယ်နော်သူငယ်ချင်း ရွှေညီကိုအဖွဲ့ရဲ့ ရွှေညီအမ တွေပါ ပါဝင်ပေးခဲ့တယ်နော် သူငယ်ချင်း တမလွန်က အချစ်ဆုံး သူငယ်ချင်း ရှဲဒို (ခ)လှမြင့် (ခ)သာကျော်(ခ)ကျော်ဆန်း ကျေနပ် ဝမ်းမြောက်ပါသူငယ်ချင်းရေ

Image may contain: 2 people, people smiling, people standing and outdoor

Image may contain: 10 people, people smiling, people standing and outdoor

Image may contain: 3 people, people standing and outdoor

လူတွေ၊ ပရိသတ်တွေကို စိတ်ညစ်စရာ အခြေအနေတွေကနေ သူတတ်မြောက်ထားတဲ့ ဟာသပညာရပ်နဲ့ ပျော်ရွှင်စေခဲ့သူ၊ စိတ်အပန်းပြေစေခဲ့သူ ကောင်းရာဘုံဘဝကိုရောက်မယ်ဆိုတာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။We Love Cele

Image may contain: 3 people, people smiling, people standing, tree, outdoor and nature

Image may contain: 6 people, people smiling, people standing and outdoor

Image may contain: 6 people, people smiling, people standing, outdoor and nature

Photos-Kaung Kyaw

Previous Post

Now & Ever ရုပ်ရှင်ကားကို ကြည့်ပြီး ခံစားလိုက်ရတဲ့ အရာတွေကို ပြောပြလာတဲ့ ဝတ်မှုံရွှေရည်

Next Post

ချစ်စနိုးဦးရဲ့ မင်္ဂလာပွဲကို ညီမဖြစ်သူစွဲညို့ရှင်နဲ့အတူ တွဲတက်ရောက်ခဲ့တဲ့ ဟိန်းဝေယံ

Next Post

ချစ်စနိုးဦးရဲ့ မင်္ဂလာပွဲကို ညီမဖြစ်သူစွဲညို့ရှင်နဲ့အတူ တွဲတက်ရောက်ခဲ့တဲ့ ဟိန်းဝေယံ

ဘယ်ဘက်လည်ပင်းမှာ အကြိတ်တစ်လုံးထပ်တွေ့လို့ ဆေးစစ်မှုခံယူနေရတဲ့ ထက်ထက်မိုးဦး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!