သရုပ်ဆောင်ခိုင်နှင်းဝေဟာဆိုရင် ပရဟိတတွေအမြဲလို ပြုလုပ်လေ့ရှိတဲ့ မင်းသမီး တစ်ဦးဖြစ်ပြီး ပရဟိတနဲ့ ပတ်သက်တဲ့ ဆုတွေလည်း ရရှိထားသူတစ်ဦးပါ။ ခိုင်နှ်င်းဝေပရဟိတလူငယ်များအသင်းတည်ထောင်သူတစ်ဦးလည်းဖြစ်ပြီး အခုဆိုရင် အဖေမပေါ်တဲ့ကလေးလေးတွေ မိဘမဲ့ရင်သွေးလေးတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုလည်း တည်ထောင်ထားပါသေးတယ်။
သူမက ခိုင်နှင်းဝေရင်သွေးလေးများဂေဟာလေးကိုလည်း တည်ထောင်ထားပြီး အဖေမပေါ်တဲ့ ကလေးတွေ၊ မိဘမဲ့ရင်သွေးလေးတွေအတွက် နားခိုစရာနေရာလေးအဖြစ် ဖန်တီးပေးထားသေးတာပါ။ ခိုင်နှင်းဝေ ပရဟိတဂေဟာလေးဖြစ်တည်လာမှုကတော့ သူမလက်ရှိမွေးစားထားတဲ့ သမီးလေးရွှန်းရတီခိုင်ကနေစတယ်လို့ ပြောရမှာပါ။ ဒီသမီးလေးအဖေမရှိပဲ မိခင်ဖြစ်သူက ကျွေးမွေးနိုင်ခြင်းမရှိတော့တဲ့အတွက် သူမက မွေးစားလိုက်ရတာပါ။ ဒီသမီးလေး သူမဆီစရောက်လာတဲ့အချိန်ကစပြီး တစ်ခြားသူမသမီးလေးနဲ့ ပုံစံတူ ဘဝတူ အခြေအနေကလေးငယ်တွေတွေ့ရင် ခိုင်နှင်းဝေတစ်ယောက် မကယ်ပဲ မနေနိုင်တော့တာပါ။ ဒါနဲ့ပဲ အခု ကယ်တင်ထားတဲ့ကလေး စုစုပေါင်း ၂၆ ယောက်ရှိနေပြီလို့ သိရပါတယ်။
တစ်ချို့တွေက ရွှန်းရွှန်းလေးကိုပဲ ခိုင်နှင်းဝေက ပွဲတက်ခေါ်တယ်၊ ကျန်တဲ့ကလေးတွေကို ပွဲမထုတ်ဘူးလို့ ပြောဆိုဝေဖန်မှုတွေ ရှိလာကြတဲ့အပေါ် ခိုင်နှင်းဝေက သူမ သမီးလေး ရွှန်းရွှန်းနဲ့ ကျန်တဲ့ကလေးတွေကို စိတ်ဝမ်းမခွဲကြပါနဲ့လို့ တောင်းဆိုလာတာ တွေ့ရပါတယ်။ အခုလည်း သူမရဲ့ သမီးလေး ရွှန်းရတီခိုင်ကို ဂေဟာက ကလေးတွေနဲ့ အမြဲလို တွေ့ဆုံမှုလေးတွေ ပေးထားပြီး ရွန်းရတီခိုင်လေးကလည်း ဂေဟာက ကလေးတွေကို သူမရဲ့ တကယ့်မောင်လေး ၊ ညီမလေး အရင်းတွေလို ချစ်ချစ်ခင်ခင်ရှိနေကြတာကို ပုံလေးတွေမှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
ခိုင်နှင်းဝေကိုယ်တိုင်ကလည်း သူမကလေးတွေအားလုံးကို သာတူညီမျှ ချစ်လို့ ကလေးတွေကို ဘယ်လိုထားတယ်ဆိုတာ ဂေဟာမှာ အချိန်မရွေးလာကြည့်လို့ရပါတယ်လို့ ပြောထားပါတယ်။ အခုလည်း ခိုင်နှင်းဝေက သူမရဲ့ ဖေ့ဘုတ်မှာ ” အစ်မကြီးတော့ အမိရာ တဲ့ ဆိုရိုးစကားအတိုင်းပဲ၊ ကျမ သမီးလေးသည် ကျမရဲ့ သားတွေသမီးတွေ အားလုံးအပေါ် အစ်မကြီးတစ်ယောက်ပီသစွာချစ်ခင်စေမယ်❤ ညှာတာစိတ်ရှိစေမယ် ၊ ဖေးကူလိုစိတ်ရှိစေမယ် ၊ မောင်လေး ညီမလေးတွေရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်စေမယ် ၊ အဲ့လိုအရာတွေဖြစ်လာဖို့ အခုအရွယ်ထဲက ပြုစုပျိုးထောင်ပေးမယ် ၊ ကျမ အသက်သေဆုံးသွားသည့်တိုင် သူတို့လေးတွေ သွေးဝမ်းမကွဲတစိတ်တဝမ်းတည်းဖြစ်နေဖို့ရော, နောက်ထပ် နောက်ထပ်ရောက်လာမယ့် မောင်လေး ညီမလေးတွေကိုရော, ဒါဟာ မိသားစုဆိုတဲ့အသိစိတ်ထည့်ပေးထားမယ်၊ သား၊သမီးတွေ အားလုံးကို မေတ္တာတရားနဲ့ နေထိုင်တတ်ဖို့သင်ကြားရင်း လောကကြီးနဲ့လူသားတွေအတွက် တထောင့်တနေရာကနေ အကျိုးပြုလာနိုင်မယ့် လူသားတွေအဖြစ် မြင်ရမယ့်တနေ့ကိုမျှော်လင့်ပါတယ်” လို့ ရေးသားထားပါတယ်။
ကဲ ပရဟိတမိခင်ကြီး ခိုင်နှင်းဝေဖြစ်ချင်သလို သူမရဲ့ မွန်မြတ်တဲ့ ဆန္ဒလေးတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။
Credit-Cele Star