• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, January 17, 2021
No Result
View All Result

မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင် ကွယ်လွန်ခြင်းအတွက် ပူဆွေးနေတဲ့ ဦးကျော်သူ

We Love Cele by We Love Cele
November 4, 2019
in အနုပညာ
0

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်ကြီး ဦးထွန်းလွင်ကတော့ ဒီကနေ့ နိုဝင်ဘာလ (၄) ရက်နေ့ ညပိုင်း ၆ နာရီ ၅၇ မိနစ်မှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးအတွက် မိုးလေဝသ သတင်းတွေကို ခန့်မှန်းသတိပေးတဲ့ ပညာရှင်ကြီးတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက် တစ်နိုင်ငံလုံးက ပူဆွေးသောက ရောက်နေကြတာ ဖြစ်ပါတယ်။

Image may contain: 2 people, people sitting

ဦးထွန်းလွင်ရဲ့ မိသားစုနဲ့ ထပ်တူ တစ်နိုင်ငံလုံးက ပြည်သူတွေက ဝမ်းနည်းကြေကွဲနေရသလို နာရေးကူညီမှုအသင်း ဥက္ကဌဖြစ်သူ ဦးကျော်သူမှလည်း စိတ်မကောင်း ဖြစ်နေတာကို တွေ့ရပါတယ်။

ကျော်သူက မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင် ကွယ်လွန်ခြင်းအတွက် “ဒီညတော့ ကြေကွဲဝမ်းနည်း ရပြန်ပြီ။” ဆိုပြီး စိတ်မကောင်းကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ဦးထွန်းလွင်ရဲ့ မိသားစုမှ “Dr. ထွန်းလွင် ညနေ ၆နာရီ ၅၇မိနစ်တွင် ကွယ်လွန်အနိစ္စရောက်ပါသည်။ မိသားစုဝင်များ လတ်တလော လက်ခံစကားမပြောနိုင်သေးသည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အသေးစိတ်အစီအစဉ်များကို ထပ်မံကြေညာပေးပါမည်။” ဆိုပြီး ကြေငြာထားတာ ဖြစ်ပါတယ်။

တိုင်းပြည်နဲ့ လူမျိုးကို များစွာအကျိုးပြု ဆောင်ရွက်ပေးခဲ့တဲ့ ပညာရှင်ကြီးတစ်ယောက် ဆုံးရှုံးလိုက်ရတာ တကယ်ကို စိတ်မကောင်းစရာပါပဲ။ ဦးထွန်းလွင်တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit-မိုမိုလေး

Previous Post

မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော ဆရာကြီးဦးထွန်းလွင် ယနေ့ညပိုင်းတွင် ကွယ်လွန်

Next Post

ဒေါက်တာဦးထွန်းလွင်အတွက် နောက်ဆုံးဆုတောင်းစကားလေးပြောခဲ့တဲ့ စံရတီမိုးမြင့်

Next Post

ဒေါက်တာဦးထွန်းလွင်အတွက် နောက်ဆုံးဆုတောင်းစကားလေးပြောခဲ့တဲ့ စံရတီမိုးမြင့်

အနုပညာလုပ်တယ်ဆိုတာ ငွေထက် ခံစားမှုကို ပိုပြချင်တာလို့ ဒါရိုက်တာ ခရစ္စတီးနားခီ ပြော

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!