• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, April 12, 2021
No Result
View All Result

တစ်ထွာလောက်ရှိတဲ့ ဒေါက်ဖိနပ်အမြင့်ကြီးစီးပြီး Sinon နဲ့အပြိုင် လန်းနေတဲ့ ဖြူဖြူထွေး

We Love Cele by We Love Cele
November 5, 2019
in အနုပညာ
0

ပရိသတ်တွေချစ်ကြတဲ့ ဖြူဖြူထွေးက အွန်လိုင်းဆယ်လီတစ်ယောက်အဖြစ် နာမည်ကြီးလာရာမှ အခုဆိုရင် ကြော်ငြာတွေ၊ ရုပ်ရှင်တွေကိုပါ ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လို့နေပါပြီ။ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းတဲ့ ဖြူဖြူထွေးကို အမြို့မြို့အနယ်နယ်မှ ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဖြူဖြူထွေးက အခုဆိုရင် ဖျော်ဖြေရေးပွဲတွေကို လက်မလည်အောင် ဖျော်ဖြေတင်ဆက်ပေးနေရင်း မိသားစုကို စောင့်ရှောက်ပြုစုပေးနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ သွက်လက်ပြီး ချစ်စရာကောင်းတဲ့ ဖြူဖြူထွေးကို ဖိလစ်ပိုင်မော်ဒယ် Sinon Loresca နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တာကို တွေ့ရှိရပါတယ်။

ဖြူဖြူထွေးနဲ့ Sinon Loresca က တစ်ထွာလောက်ရှိတဲ့ ဒေါက်ဖိနပ်အမြင့်ကြီးတွေစီးပြီး “မင်္ဂလာပါမြန်မာ” ဆိုပြီး ဗီဒီယိုတစ်ခုကို အတူတူ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ နိုင်ငံခြားသား မော်ဒယ်၊ သရုပ်ဆောင် တစ်ယောက်နဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့ခွင့်ရခဲ့လို့ တော်တော်လေး ဝမ်းသာနေပုံပါပဲ။

ဖြူဖြူထွေးနဲ့ Sinon Loresca တို့ကတော့ လိုက်လည်း လိုက်ဖက်ပါပေတယ်နော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဖြူဖြူထွေးနဲ့ Sinon တို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-မိုမိုလေး

Previous Post

အနုပညာလုပ်တယ်ဆိုတာ ငွေထက် ခံစားမှုကို ပိုပြချင်တာလို့ ဒါရိုက်တာ ခရစ္စတီးနားခီ ပြော

Next Post

နာမည်ကြီးနေတဲ့ ထိုင်းမင်းသမီးလေး အိုးခိုင်မော့ မြန်မာပြည်ကိုရောက်ရှိနေ

Next Post

နာမည်ကြီးနေတဲ့ ထိုင်းမင်းသမီးလေး အိုးခိုင်မော့ မြန်မာပြည်ကိုရောက်ရှိနေ

မိဘတွေ ဂုဏ်ယူရတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်ရရှိသွားပြီဖြစ်တဲ့ စိုးပြည့်သဇင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!