• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Wednesday, January 20, 2021
No Result
View All Result

နာမည်ကြီးနေတဲ့ ထိုင်းမင်းသမီးလေး အိုးခိုင်မော့ မြန်မာပြည်ကိုရောက်ရှိနေ

We Love Cele by We Love Cele
November 5, 2019
in အနုပညာ
0

ပြည်တွင်းမှာ အိုးခိုင်မော့ မင်းသမီးလေးလို့ တင်စားခေါ်ဝေါ်နေကြတဲ့ ထိုင်းမင်းသမီးလေး Bow Maylada Susri တစ်ယောက် မြန်မာနိုင်ငံကိုရောက်ရှိနေတယ်လို့ သိရပါတယ်။ သူမကို ချစ်ခင်ကြတဲ့ ပရိသတ်တွေက Junction City မှာ တွေ့ရတဲ့ သူမနဲ့အတူ ဓါတ်ပုံတွဲရိုက်ပြီး တင်ခဲ့ကြတာကို တွေ့ရပါတယ်။

Image may contain: 2 people, people smiling

Image may contain: 2 people, people smiling, text

Bow Maylada Susri ဟာဆိုရင် မကြာသေးခင်ကမှ ဘွဲ့ရခဲ့တာဖြစ်ပြီး သူမကို Junction City မှာ ရိုးရိုးယဉ်ယဉ်လေး တွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံခဲ့တဲ့ ပရိသတ်တစ်ဦးက သူမနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို သူမရဲ့ စတိုရီကနေ ဝေမျှထားတာ တွေ့ရပါတယ်။

Image result for Bow maylada susri

Image result for Bow maylada susri

Related image

သူမပါဝင်တဲ့ London Sweeties ဆိုတဲ့ အချစ်ဟာသကားလေးကို Friend zone နဲ့အပြိုင်ရုံတင်ခဲ့တာဖြစ်ပေမယ့် သူမရဲ့ ဇာတ်ကားက Friend zone လောက်လူမသိခဲ့ပါဘူး။ ဒါပေမယ့်နောက်ပိုင်းမှာ သူမကို လူတိုင်းသိစေခဲ့တဲ့ အိုးခိုင်မော့ ဆိုတဲ့ အပြောလေးက London Sweeties ဇာတ်ကားကိုရော သူမကိုပါ မြန်မာပြည်သူတွေ ချစ်ခင်စေခဲ့တာဖြစ်ပါတယ်။

Image result for Bow maylada susri

Image result for Bow maylada susri

London Sweeties ဇာတ်ကားထဲမှာ သူမက ပွန်ဆိုတဲ့ ကောင်မလေးနေရာကပါဝင်ထားပြီး အစ်မဖြစ်သူရှိရာ လန်ဒန်ကို သွားလည်ဖို့အကြောင်းဖန်လာချိန်မှာ သူမရဲ့ယောင်တတ်တဲ့အကျင့်လေးတွေ၊ အူတူတူအတတ အပြုအမူလေးတွေနဲ့ ချစ်စဖွယ်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Image result for Bow maylada susri

ထိုင်းမင်းသား မင်းသမီးတော်တော်များများ အခုလိုပဲ မြန်မာနိုင်ငံကို မကြာခဏလာလည်ကြလေ့ရှိတယ်။

ကဲ အိုးခိုင်မော့လေး မြန်မာပြည်ရောက်နေပြီတဲ့ သူ့ကို ဘယ်သူတွေများ Junction City မှာ သတိထားမိ တွေ့လိုက်ကြသေးလဲဟင်။

Image result for Bow maylada susri

ဓာတ်ပုံ-Aye Nandar

Credit-Cele Star

Previous Post

တစ်ထွာလောက်ရှိတဲ့ ဒေါက်ဖိနပ်အမြင့်ကြီးစီးပြီး Sinon နဲ့အပြိုင် လန်းနေတဲ့ ဖြူဖြူထွေး

Next Post

မိဘတွေ ဂုဏ်ယူရတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်ရရှိသွားပြီဖြစ်တဲ့ စိုးပြည့်သဇင်

Next Post

မိဘတွေ ဂုဏ်ယူရတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်ရရှိသွားပြီဖြစ်တဲ့ စိုးပြည့်သဇင်

Now & Ever ရုပ်ရှင်ကားကိုကြည့်ပြီး ပြင်သစ်လုပ်ငန်းရှင်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံရရှိလိုက်တဲ့ ခရစ္စတီးနားခီ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!